သွားတိုက်ရင်း ဂိမ်းဆော့နိုင်သလို၊ သွားတိုက်နည်းလည်း သင်ပေးဦးမယ့် Colgate ရဲ့ Colgate E1 စမတ်သွားတိုက်တံ

date_range 18 January 2018

သွားတိုက်ရင်း ဂိမ်းဆော့နိုင်သလို၊ သွားတိုက်နည်းလည်း သင်ပေးဦးမယ့် Colgate ရဲ့ Colgate E1 စမတ်သွားတိုက်တံ

visibility 400 Views

                သွားတိုက်ဆေး၊ သွားတိုက်တံနဲ့ သွားကျန်းမာရေး ဆေးဝါးတွေ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Colgate အနေနဲ့ Colgate E1 စမတ်သွားတိုက်တံကို Apple နဲ့ ပူးပေါင်းပြီး Apple Retail Store တွေနဲ့ Apple Website မှာပဲ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Colgate E1 ဟာ စမတ်သွားတိုက်တံ ဖြစ်တဲ့အတွက် Colgate Connect ဆိုတဲ့ iOS App နဲ့ တွဲဖက်အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Apple နဲ့ ပူးပေါင်းပြီး Apple Store မှာပဲ ဝယ်ယူရရှိနိုင်မယ့် Product တစ်ခုဖြစ်တဲ့အတွက် Android နဲ့တော့ တွဲဖက်အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။


                စမတ်သွားတိုက်တံ ဖြစ်တဲ့အတွက် User ရဲ့ သွားတိုက်မှု အလေ့အထအတွေအပြင် Mouth-Mapping နည်းပညာကို အသုံးပြုပြီး User ရဲ့ ပါးစပ်ပုံစံကိုပါ မှတ်သားထားနိုင်မှာပါ။ ဒီလို မှတ်သားထားနိုင်တဲ့အတွက် User နဲ့ ကိုက်ညီမယ့် သွားတိုက်တဲ့ပုံစံ အနေအထားကို သင်ပြပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Mouth-Mapping နည်းပညာကြောင့် ဘယ်သွားကတော့ မတိုက်ရသေးဘူး၊ ဘယ်သွားကိုတော့ တိုက်ပြီးပြီး၊ စသည်ဖြင့်လည်း သိရှိနိုင်မှာပါ။

via GIPHY

                နောက်ပြီး သွားတိုက်နေရင်းနဲ့ ဆော့လို့ရမယ့် “Go Priate” ဆိုတဲ့ ဂိမ်းလေးလည်း Colgate Connect App ထဲမှာ ပါဝင်ဦးမှာပါ။ သွားတိုက်ပြီဆိုရင် Coin လေးတွေ လိုက်ကောက်မှာဖြစ်ပြီး သွားမတိုက်ချင်တဲ့ ကလေးငယ်တွေအတွက် သွားမှန်မှန်တိုက်ချင်လာအောင် Motivate လုပ်ပေးနိုင်မယ်လို့ Colgate က ဆိုပါတယ်။

via GIPHY

                ဆက်လက်ပြီး Colgate Connect App မှာ Family Mode လည်း ပါဝင်တဲ့အတွက် မိသားစုတစ်ခုလုံးရဲ့ သွားနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို တစ်နေရာထဲမှာပဲ ကြည့်ရှုနိုင်ဦးမယ်လို့ သိရပါတယ်။ သွားတိုက်နေရင်းနဲ့လည်း နည်းစနစ်မမှန်ဘူးဆိုရင် Real Time Coaching လုပ်သွားမှာ ဖြစ်တဲ့အတွက် User ရဲ့ သွားတိုက်တဲ့ အလေ့အထကို ပြောင်းလဲပေးနိုင်မယ်လို့ သိရပါတယ်။

                သွားတိုက်တံခေါင်းကိုလည်း လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။ Colgate ကတော့ သွားဆရာဝန်တွေက သွားတိုက်တံခေါင်းကို သုံးလတစ်ကြိမ် လဲလှယ်ပေးဖို့ အကြံပြုထားတာနဲ့အညီ Colgate E1 အတွက် သွားတိုက်တံခေါင်း ၃ ခေါင်း ပါဝင်တဲ့ E1 Refill Pack ကိုလည်း ကန်ဒေါ်လာ ၁၉ ဒေါ်လာနဲ့ ရောင်းချပေးမှာပါ။


                E1 ကိုတော့ ကန်ဒေါ်လာ ၉၉.၉၅ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဗူးထဲမှာတော့ User Manual, Adpater နဲ့ E1 စမတ်သွားတိုက်တံတို့ ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး တစ်ခါအားအပြည့်သွင်းထားမယ် ဆိုရင်လည်း ၁၀ ရက်ကြာ အသုံးခံမယ်လို့ သိရပါတယ်။


                စမတ်သွားတိုက်တံ ဆိုတာကို Colgate အနေနဲ့ အခုမှ စတင်ထုတ်လုပ် ရောင်းချတာ ဖြစ်ပါတယ်။ ဒါပေမယ့် E1 မှာ အသုံးပြုထားတဲ့ နည်းပညာတွေကိုတော့ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kolibree ရဲ့ Ara စမတ်သွားတိုက်တံကနေ ရယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် E1 က ကန်ဒေါ်လာ ၁၂၉ ဒေါ်လာရှိတဲ့ Ara ထက်တော့ ၂၉ ဒေါ်လာခန့် ဈေးနည်းတယ် ဆိုပေမယ့် Ara လိုတော့ Android နဲ့ ချိတ်ဆက် အသုံးမပြုနိုင်ပါဘူး။

References
The Verge
About Author
Assinged Tags
Apple Colgate Colgate E1 Smart Toothbrush
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed