Dual Selfie Cameras, 18:9 Display, 3930mAh Battery တို့နဲ့ ပွဲထွက်လာတဲ့ HTC U11 EYEs

date_range 16 January 2018

Dual Selfie Cameras, 18:9 Display, 3930mAh Battery တို့နဲ့ ပွဲထွက်လာတဲ့ HTC U11 EYEs

visibility 700 Views

                HTC အနေနဲ့ Mid-Range Smartphone မော်ဒယ်လ်သစ် HTC U11 EYEs ကို ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့မှာ တနင်္လာနေ့က တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ HTC U11 EYEs ရဲ့ ထူးခြားချက်ကတော့ HTC က ထုတ်လုပ်ရောင်းချခဲ့သမျှ Smartphone တွေထဲမှာ Battery Capacity အများဆုံး Battery ပါဝင်လာတာပါပဲ။

                HTC U11 EYEs ဟာ Dual-SIM Smartphone ဖြစ်ပြီး Android 7.1 Nougat နဲ့ ပွဲထွက်လာပါတယ်။ 18:9 Aspect Ratio ရှိ 6-in Full HD+ Super LCD3 Display ကို အသုံးပြုပေးထားပါတယ်။ Resolution အနေနဲ့ကတော့ 1080x2160 pixels ရှိမှာပါ။ နောက်ပြီး Display ကိုလည်း Gorilla Glass 3 နဲ့ ကာကွယ်ပေးထားပါတယ်။

                Qualcomm ရဲ့ 64-bit Octa-Core Snapdragon 652 Processor ကို အသုံးပြုပေးထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Storage ပိုင်းမှာလည်း 64GB ရရှိမှာဖြစ်ပြီး မလုံလောက်ဘူးဆိုရင်လည်း microSD Card ကို 2 TB ထိအောင် စိုက်နိုင်မယ်လို့ သိရပါတယ်။


                Camera ပိုင်းမှာတော့ Dual Selfie Cameras တွေ ခေတ်စားလာတာနဲ့အညီ HTC U11 EYEs မှာလည်း HDR Enhancement, f/2.2 Aperture တို့ပါဝင်မယ့် 5MP Camera နှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ HTC ကတော့ ဒီ Dual Selfie Cameras တွေဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ်လို့ ပြောသွားပါတယ်။ နောက်ပြီး Protrait Mode တွေလည်း ရိုက်ကူးနိုင်ဦးမှာပါ။


                Main Camera ကတော့ PDAF (Phase Detection Autofocus), OIS (Optical Image Stabilization), f/1.7 Aperture, Dual-Tone Dual-LED Flash စတာတွေ ပါဝင်တဲ့ 12-UltraPixel Camera ဖြစ်ပါတယ်။ Audio ပိုင်းအတွက် 3.5mm Headphone Jack တော့ မပါဝင်ပေမယ့် HTC ရဲ့ USonic Audio နည်းပညာ ပါဝင်မှာ ဖြစ်ပါတယ်။


                Security ပိုင်းအတွက် ကျောဘက်မှာ Fingerprint Sensor ပါဝင်ပြီး Face Unlock ကိုလည်း အသုံးပြုလို့ရမှာပါ။ HTC ကတော့ HTC U11 EYEs ရဲ့ Face Unlock Feature က မျက်မှန် ဒါမှမဟုတ် Mask တပ်ထားမယ် ဆိုရင်တောင်မှ အဆင်ပြေပြေ အသုံးပြုလို့ရမယ်လို့ ဆိုပါတယ်။


                HTC U11 EYEs ဟာ Water and Dust Resistance ဖြစ်ပြီး IP67 Rating ရှိပါတယ်။ Sensor တွေ အနေနဲ့ Digital Compass, Gyroscope, Ambient Light Sensor, Distance Sensor, Magnetic Sensor တွေ ပါဝင်မှာဖြစ်ပြီး App ဖွင့်ချင်တာတွေ၊ Maps ထဲမှာ Zoom ဆွဲချင်တာတွေနဲ့ အခြား Function တွေကို ဖုန်းနဲ့ဘေးဘက်နှစ်ဘက်ကို လက်နဲ့ညှစ်ပြီး ခိုင်းစေလို့ရမယ့် HTC ရဲ့ Edge Sense လည်း ပါဝင်ဦးမှာပါ။


                Connectivity ပိုင်းမှာတော့ 4G, GPS, GLONASS, Wi-Fi 802.11 ac, Bluetooth 4.2, USB Type-C Port နဲ့ NFC တို့ ပါဝင်မှာပါ။ Battery ကတော့ 3930mAh Battery ဖြစ်ပြီး Quick Charge 3.0 လည်း ပါဝင်မှာပါ။ Black, Silver, Red စတဲ့ အရောင်တွေနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Dual Selfie Cameras, 18:9 Display, 3930mAh Battery တို့နဲ့ ပွဲထွက်လာတဲ့ HTC U11 EYEs ကိုတော့ တရုတ်ယွမ်ငွေ ၃,၂၉၉ ယွမ်၊ ကန်ဒေါ်လာ ၅၀၉ ဒေါ်လာ နီးပါးနဲ့ တရုတ်နိုင်ငံမှာ ဒီလ ၂၅ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးကို ဖြန့်ချီမယ့်နေ့ကိုတော့ မသိရသေးပါဘူး။ 

References
Gadgets NDTV The Verge HTC
About Author
Assinged Tags
Smartphones Dual Camera Smartphone HTC Dual Front Camera Smartphone HTC U Dual Camera HTC U11 EYEs
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed