DxOMark မှာ ၆၈ မှတ်ပဲ ရရှိခဲ့ပြီး ရလာဒ်မကောင်းခဲ့တဲ့ Nokia 8

date_range 12 January 2018

DxOMark မှာ ၆၈ မှတ်ပဲ ရရှိခဲ့ပြီး ရလာဒ်မကောင်းခဲ့တဲ့ Nokia 8

visibility 1800 Views

                Smartphone Camera တွေရဲ့ Camera Performance နဲ့ Image Quality စစ်ဆေးတဲ့နေရာမှာ နာမည်ကြီးတဲ့ DxOMark အနေနဲ့ Nokia 8 ကို အမှတ် ၁၀၀ ထဲကမှ ၆၈ မှတ်ပဲ ပေးခဲ့တဲ့အတွက် ရလာဒ်ကတော့ မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။

                DxOMark က ကျွမ်းကျင်သူတွေရဲ့ စမ်းသပ်မှုအရ Nokia 8 ရဲ့ Primary Camera ဟာ Lighting ကောင်းတဲ့ အခြေအနေမျိုးမှာဆိုရင် Exposure ကောင်းမွန်ပြီး White Balance တိကျတဲ့ ဓာတ်ပုံတွေ ထုတ်ပေးနိုင်ပေမယ့် တစ်ခါတစ်လေကျတော့လည်း Saturation နိမ့်ပြီး Color Rendering မကောင်းတဲ့ ဓာတ်ပုံတွေ ထွက်လာတတ်တယ်လို့ သိရပါတယ်။ Dynamic Range ကောင်းမွန်ပေမယ့် Auto HDR Mode ကို ဖွင့်ထားမှ အဆင်ပြေတယ်လို့လည်း သိရပါတယ်။

                နောက်ထပ် အားနည်းချက်ရှိနေတာက Lighting ကောင်းတဲ့ အခြေအနေမျိုးမှာ ဓာတ်ပုံရိုက်တာတောင် Noise တွေထလာတာပါ။ ဒီတော့ ထွက်လာတဲ့ ပုံတွေကတော့ Sharpness ရှိမှာ မဟုတ်ပါဘူး။ Nokia 8 မှာ Contrast Detection, Phase Detection နဲ့ Laser နည်းပညာတွေ အသုံးပြုထားပါတယ်။​ အဲ့ဒီ နည်းပညာသုံးမျိုးကို ပေါင်းစပ်ထားတဲ့အတွက် Autofocus System ကတော့ အခြေအနေ တော်တော်များများမှာ တိကျမှန်ကန်မှု ရှိတယ်လို့ DxOMark က ပြောထားပါတယ်။

                Low-Light မှာ ဆိုရင်တော့ Performance က တော်တော်လေး ကျသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Low-Light မှာ Dual-LED Flash နဲ့ ရိုက်မယ်ဆိုရင်တော့ Exposure ကောင်းမွန်ပြီး Color မှန်ကန်တဲ့ ဓာတ်ပုံကို ရနိုင်မှာပါ။ ဒါပေမယ့် Portrait Mode ကို Flash ဖွင့်ပြီးရိုက်ရင်တော့ Red-Eye Effect ရှိမယ်လို့ သိရပါတယ်။


                Nokia 8 မှာ Dual Camera Setup ကို အသုံးပြုထားတဲ့အတွက် Optical Zoom ကို 2X အထိ ဆွဲလို့ရမှာပါ။ ဒါပေမယ့် DxOMark ကတော့ မသုံးမဖြစ် သုံးရမယ့် အခြေအနေမျိုးသာ သုံးကြဖို့ အကြံပေးထားပါတယ်။ ဘာလို့လဲဆိုတော့ Telephoto Lesn ဒါမှမဟုတ် Higher Resolution Secondary Image Sensor မပါဝင်လို့ပါ။ ဒါပေမယ့် Bokeh Effect ကတော့ တော်တော်လေး မိုက်တယ်လို့ သိရပါတယ်။

                ဗီဒီယိုတွေ ရိုက်ကူးတဲ့နေရာမှာတော့ Autofocus နဲ့ OIS က အရမ်းကြီး မကောင်းဘူးလို့ သိရပါတယ်။ Nokia 8 မှာ ပါဝင်တဲ့ OIS က ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Samsung Galaxy S6 Edge နဲ့ သွားဆင်တယ်လို့ DxOMark က ပြောထားပါတယ်။ ဒါပေမယ့် အားလုံးခြုံကြည့်မယ်ဆိုရင်တော့ အလင်းရောင် ကောင်းမွန်တဲ့ အခြေအနေမှာဆိုရင် Exposure ကောင်းမွန်ပြီး Color မှန်ကန်တဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

                Nokia အနေနဲ့ တစ်ချိန်တုန်းကတော့ ဘုရင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ လက်မထောင်နိုင်ဖို့ကတော့ တော်တော်လေး ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ Nokia 8 Camera နဲ့ ပက်သက်ပြီး DxOMark က ပြုလုပ်ထားတဲ့ လေ့လာစမ်းသပ်ချက် အပြည့်အစုံကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။

References
Gadget NDTV DxOMark
About Author
Assinged Tags
Nokia Nokia 8 Dual Camera Smartphone Camera DxOMark Camera Benchmark Camera Benchmarks DxOMark Mobile
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed