ကလေးငယ် အလုပ်သမားများ ခိုင်းစေမှုနဲ့ ပြင်သစ် NGO အဖွဲ့အစည်းနှစ်ခုက Samsung ကို တရားစွဲဆို

date_range 12 January 2018

ကလေးငယ် အလုပ်သမားများ ခိုင်းစေမှုနဲ့ ပြင်သစ် NGO အဖွဲ့အစည်းနှစ်ခုက Samsung ကို တရားစွဲဆို

visibility 700 Views

                လွန်ခဲ့တဲ့ အင်္ဂါနေ့တုန်းက ပြင်သစ် NGO (Non-Governmental Organizations) အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ Peuples Solidaires နဲ့ Sherpa တို့က Samsung ကို ကလေးငယ် အလုပ်သမားများ ခိုင်းစေမှု၊​ အလုပ်ခွင်မှာ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို အရေးမပေးမှုတို့အပြင် အခြားအလုပ်သမား အခွင့်ရေးချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

                Peuples Solidaires နဲ့ Sherpa တို့ အနေနဲ့ တရုတ်နိုင်ငံ ကလေးငယ် အလုပ်သမားခိုင်းစေမှု စောင့်ကြည့်ရေး အဖွဲ့ကနေ တွေ့ရှိထားတဲ့ အချက်အလက်တွေအရ Samsung Product တွေ ထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံက စက်ရုံကြီးတွေမှာ ကလေးငယ် အလုပ်သမားတွေကို ခေါ်ယူခိုင်းစေနေတာကိုလည်း တွေ့ရပြီး အလုပ်သမားတွေမှာလည်း ဆိုးရွာတဲ့ ကျန်းမာရေး အခြေအနေတွေ ရှိနေကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

                “Samsung အနေနဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်ရေးကို လေးစားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာဖို့အတွက် ရည်ရွယ်ချက်ထားပြီး ကြိုးစားနေတယ်လို့ ပြောထားပေမယ့် လက်တွေ့မှာတော့ တရုတ်နိုင်ငံနဲ့ တောင်ကိုးရီယားနိုင်ငံက Samsung Product ထုတ်လုပ်နေတဲ့ စက်ရုံကြီးတွေမှာတော့ အပြောနဲ့ တခြားစီ ဖြစ်နေပါတယ်”

လို့ Peuples Solidaires နဲ့ Sherpa တို့မှ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

                Peuples Solidaires နဲ့ Sherpa အခုတစ်ခေါက် တရားစွဲဆိုမှုဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း Samsung ကို အခုလိုကိစ္စနဲ့ပဲ တရားစွဲဆိုခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ခေါက်မှာတော့ တရုတ်နိုင်ငံ ကလေးငယ် အလုပ်သမားခိုင်းစေမှု စောင့်ကြည့်ရေး အဖွဲ့ကနေ ပေးပို့ထားတဲ့ သက်သေတွေ ခိုင်ခိုင်လုံလုံ ရှိထားတယ်လို့တော့ Peuples Solidaires နဲ့ Sherpa တို့က ပြောသွားပါတယ်။

                တရုတ်နိုင်ငံ ကလေးငယ် အလုပ်သမားခိုင်းစေမှု စောင့်ကြည့်ရေး အဖွဲ့အနေနဲ့ အဖွဲ့ဝင်တွေကို အယောင်ဆောင် အလုပ်သမားတွေ အဖြစ်နဲ့ စေလွှတ်ပြီး စက်ရုံတွေနဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို သေသေချာချာ မှတ်တမ်းတင် စောင့်ကြည့်ပြီး ၂၀၁၂ တုန်းက ပေးပို့ခဲ့တဲ့ Report တွေကြောင့် Samsung အနေနဲ့ တရုတ်နိုင်ငံက စက်ရုံတွေကို စစ်ဆေးကြီးကြပ်မှုတွေ လုပ်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

                ပြင်သစ်နိုင်ငံ အစိုးရအနေနဲ့ ၂၀၁၃ ခုနှစ်တုန်းက Bangladesh မှာ အလုပ်သမား ၂,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ လုပ်ငန်းခွင် မတော်တဆမှုကြောင့် Rana Plaza ဆိုတဲ့ ဥပဒေသစ်ကို မနှစ်တုန်းက ပြဌာန်းခဲ့တယ်လို့ သိရပါတယ်။ ဒီဥပဒေသစ်ကြောင့် ပြင်သစ်နိုင်ငံက ကုမ္ပဏီတွေ အနေနဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ စက်ရုံတွေနဲ့ အလုပ်သမားခိုင်းစေမှု အစီအစဉ်ကို ပြင်သစ်အစိုးရကို တင်ပြပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ပြင်သစ် တရားရုံးက အခုကိစ္စကို စစ်ဆေးနေပြီဖြစ်ပြီး တရားရုံးမှာ အမှုဖွင့်ခွင့်ပေးသွားမှာလား အမှုကိုပိတ်ပစ်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။

References
Gadget NDTV Ruters
About Author
Assinged Tags
Samsung Lawsuit
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed