Latitude 5000 နဲ့ 7000 Series Laptop သစ်တွေအပြင် Portable SSD တွေကိုလည်း မိတ်ဆက်ပေးခဲ့တဲ့ Dell

date_range 12 January 2018

Latitude 5000 နဲ့ 7000 Series Laptop သစ်တွေအပြင် Portable SSD တွေကိုလည်း မိတ်ဆက်ပေးခဲ့တဲ့ Dell

visibility 540 Views

                အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ကျင်းပနေတဲ့ CES 2018 ပွဲမှာ Dell အနေနဲ့ Latitude 5000 Series မှာဆိုရင် Latitude 5590, Latitude 5490, Latitude 5290 နဲ့ Latitude 5290 2-In-1 Laptop သစ်တွေနဲ့ Latitude 7000 Series မှာဆိုရင် Latitude 7490, Latitude 7390, Latitude 7390 2-In-1, Latitude 7290 Laptop သစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် Dell SD1-T0500 နဲ့ Dell SD1-T1000 Portable SSD မော်ဒယ်လ်နှစ်မျိုးကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Dell Latitude 5000 Series

                Latitude 5290 မှာတော့ 1366x768 pixels Resolution ရှိတဲ့ 12.5-in HD Anti-Glare WLED Display ကို အသုံးပြုထားပါတယ်။ Latitude 5490 ကိုတော့ 14-in HD WLED Display, 14-in FHD WVA Display, 14-in FHD WVA Touchscreen Display ဆိုပြီး Display အမျိုးအစား ၃ မျိုးနဲ့ ဝယ်ယူလို့ရမှာပါ။


                Latitude 5590 ကိုလည်းပဲ 15.6-inch HD WLED Display, 15.6-inch FHD WVA Display, and 15.6-inch FHD WVA Touchscreen Display စတဲ့ Display အမျိုးအစား ၃ မျိုး ရရှိနိုင်မှာပါ။ Latitude 5000 Series Laptop မော်ဒယ်လ်သစ်တွေဖြစ်တဲ့ Latitude 5590, Latitude 5490, Latitude 5290 နဲ့ Latitude 5290 2-In-1 Laptop တွေအားလုံးမှာ 2400MHz DDR4 Memory ကို Support လုပ်ပေးမယ့် Memory Slot နှစ်ခု ပါဝင်ပြီး Storage အတွက် 1TB HDD ဒါမှမဟုတ် 1TB PCIe NVMe SSD ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပါ။

                Graphics ပိုင်းအတွက် Nvidia GeForce MX130 ဒါမှမဟုတ် Intel HD/UHD 620 ဆိုပြီး Option နှစ်မျိုး ရှိမှာပါ။ Connectivity ပိုင်းမှာတော့ LTE-A, 802.11ac dual band Wi-Fi, Bluetooth v4.1, USB Type-C နှစ်ပေါက် USB 3.1 ၁ ပေါက် ပါဝင်မှာပါ။ Latitude 5490 နဲ့ 5590 တို့ကတော့ ကန်ဒေါ်လာ ၇၉၉ ဒေါ်လာ၊ Latitude 5290 ကတော့ ကန်ဒေါ်လာ ၈၂၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ စတင်ဝယ်ယူလို့ရပြီ ဖြစ်ပါတယ်။

Dell Latitude 7000 Series

                Latitude 7290 မှာတော့ 1366x768 pixels Resolution ရှိမယ့် 12.5-in HD WLED Display ကို အသုံးပြုထားပြီး Latitude 7390 မှာတော့ 1920x1080 pixels Resolution ရှိပြီး 16:9 Aspect Ratio ရှိတဲ့ 13.3-in FHD WVA Anit-Glare Display ကို အသုံးပြုပေးထားပါတယ်။ နောက်ပြီး Touchscreen လိုချင်ရင်လည်း ရရှိနိုင်မှာပါ။


                Latitude 7000 Series Laptop မော်ဒယ်လ်သစ်တွေဖြစ်တဲ့ Latitude 7490, Latitude 7390, Latitude 7390 2-In-1, Latitude 7290 Laptop တွေအားလုံးမှာ RAM ကို 32GB အထိ စိုက်နိုင်မယ့် Memory Slot နှစ်ခု ပါဝမှာဖြစ်ပြီး 512GB SATA + 128GB PCIe ဒါမှမဟုတ် 1TB PCIe NVMe SSD ဒါမှဟုတ် 512GB PCIe NVMe SSD စတဲ့ Storage Option တွေ ရရှိနိုင်မှာပါ။

                64-bit Windows 10 Pro ဒါမှမဟုတ် Windows 10 Home ဒါမှမဟုတ် Ubuntu 16.04 LTS စတဲ့ Operating System တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ Connectivity ပိုင်းမှာတော့ LTE-A, 802.11ac dual band Wi-Fi, Bluetooth v4.1, USB Type-C, HDMI 1.4 တို့ ပါဝင်မှာဖြစ်ပြီး Thunderbolt 3, 3.5mm Headphone Jack, USB 3.1 ၂ ပေါက် စတာတွေကိုလည်း Port များများလိုချင်တယ်ဆိုရင် ရွေးချယ်နိုင်ဦးမှာပါ။

                Security ပိုင်းအတွက်လည်း SmartCard Reader နဲ့ Fingerprint Reader ကို ရွေးချယ်နိုင်မယ့်အပြင် Battery ကိုလည်း 42WHr Prismatic Battery ဒါမှမဟုတ် 60Hr Polymer Battery ဒါမှမဟုတ် 60WHr Long-Life Polymer Battery တွေကို ရွေးချယ် ဝယ်ယူနိုင်မှာပါ။ Charging ပိုင်းအတွက် Dell ရဲ့ ExpressCharge နည်းပညာ ပါဝင်မှာဖြစ်ပြီး တစ်ခေါက်အားအပြည့်သွင်းထားရင် တစ်နေကုန် သုံးလို့ရမယ်လို့ Dell က ကြွေးကြော်ထားပါတယ်။

                Latitude 7390 ကတော့ ကန်ဒေါ်လာ ၁,၁၄၉ ဒေါ်လာ၊ Latitude 7290 နဲ့ 7490 တို့က ကန်ဒေါ်လာ ၁,၀၄၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ စတင်ဝယ်ယူလို့ရပြီ ဖြစ်ပါတယ်။

Dell Latitude 2-In-1 Series

                Latitude 5290 2-In-1 မှာ Anti-Reflective and Anit-Smudge Coating ပါဝင်မယ့် 12.3-in FHD WVA Touchscreen Display ကို အသုံးပြုထားပြီး Latitude 7390 2-In-1 မှာတော့ 13.3-in FHD Touchscreen Display ကို အသုံးပြုပေးထားပါတယ်။ မော်ဒယ်လ် နှစ်မျိုးလုံးမှာ Display ကို ကာကွယ်ပေးမယ့် Corning Gorilla Glass 4 Protection ပါဝင်မှာဖြစ်ပြီး တကယ့်စာရွက်ပေါ်မှာ လက်ရေးနဲ့ရေးနေရသလို ခံစားမှုမျိုးပေးနိုင်မယ့် Wacom နည်းပညာပါဝင်တဲ့ Active Pen ကိုလည်း အသုံးပြုနိုင်မှာပါ။


                Single Pointing Backlit Keyboard နဲ့ Dual-Button Microsoft Precision Touchpad တို့ပါဝင်မှာဖြစ်သလို Gyroscope, eCompass, Magnetometer, Accelerometer စတဲ့ Sensor တွေလည်း ပါဝင်ဦးမှာပါ။ Latitude 5290 2-In-1 ကတော့ ကန်ဒေါ်လာ ၈၂၉ ဒေါ်လာ၊ Latitude 7390 2-In-1 ကတော့ ကန်ဒေါ်လာ ၁,၁၄၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ စတင်ဝယ်ယူလို့ရပြီ ဖြစ်ပါတယ်။

Dell Portable SSDs

                Dell အနေနဲ့ 500GB Storage ပမာဏရှိတဲ့ SD1-T0500 နဲ့ 1TB Storage ပမာဏရှိတဲ့ SD1-T1000 Portable SSD မော်ဒယ်လ်နှစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Data Transfer Speed 2650MBps အထိ ရရှိနိုင်မှာဖြစ်ပြီး Thunderbolt 3 ပါဝင်တဲ့ USB Type-C ကို အသုံးပြုထားပါတယ်။

 

                SD1-T0500 ကတော့ ကန်ဒေါ်လာ ၄၃၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး SD1-T1000 ကတော့ ကန်ဒေါ်လာ ၇၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ နောက်ပြီး မော်ဒယ်လ်နှစ်မျိုးလုံးကို လာမယ့် ဖေဖော်ဝါရီလထဲမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

References
Gadget NDTV
About Author
Assinged Tags
Dell External SSD Dell Latitude Dell Laptop SSD Latitude 5000 Series Latitude 7000 Series Dell Portable SSD Portable SSD
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed