၆၅ လက်မ အရွယ်အစားရှိပြီး G-Sync ပါဝင်တဲ့ 4K HDR Monitor ကို CES 2018 မှာ မိတ်ဆက်ပြသလိုက်တဲ့ Nvidia

date_range 11 January 2018

၆၅ လက်မ အရွယ်အစားရှိပြီး G-Sync ပါဝင်တဲ့ 4K HDR Monitor ကို CES 2018 မှာ မိတ်ဆက်ပြသလိုက်တဲ့ Nvidia

visibility 500 Views

                CES 2018 မှာ Nvidia က မိတ်ဆက်ပြသပေးလိုက်တဲ့ Monitor အသစ်ဟာဟာ ၆၅ လက်မအကျယ်ရှိတဲ့ 4K HDR Monitor တစ်လုံးဖြစ်ပြီး ထုံးစံအတိုင်း Gaming ပိုင်းကို ဦးစားပေးပြီး ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Nvidia ကတော့ အခုမိတ်ဆက်ပေးလိုက်တဲ့ Monitor ကို Big Format Gaming Displays (BFGD) လို့ အမည်ပေးထားပါတယ်။

               ဒီ ၆၅ လက်မ BFGD တွေမှာ Nvidia ရဲ့ အလန်းစား နည်းပညာတွေ အများကြီး ပါဝင်ပါတယ်။ Screen Tearing ကိုကာကွယ်ဖို့အတွက် Nvidia ရဲ့ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တဲ့ G-SYNC နည်းပညာ ပါဝင်မှာဖြစ်တဲ့အပြင် Nividia ရဲ့ Shield Function လည်း Built-In အနေနဲ့ ပါဝင်မှာဖြစ်ပါတယ်။


                Nvidia အနေနဲ့ BFGD တွေကို HP, ASUS, Acer တို့နဲ့ပူးပေါင်းပြီး ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအချက်ကလည်း နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Nvidia နဲ့ လက်တွဲမယ့် ကုမ္ပဏီသုံးခုလုံးမှာ အရင်တုန်းက အရွယ်အစားကြီးမားတဲ့ Monitor တွေ ထုတ်လုပ်ဖူးတဲ့ အတွေ့အကြုံ မရှိကြပါဘူး။

                အသစ်ထွက်ရှိလာမယ့် BFGD တွေမှာ 120Hz Refresh Rate, Full-Array Backlighting, Brightness 1000 Nits, Full DCI-P3 Color Gamut Support စတဲ့ Feature တွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ BFGD တွေဟာ ဂိမ်မာတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် Low Latency Feature လည်း ပါဝင်မှာ ဖြစ်ပါတယ်။


                ဒါ့အပြင် Nvidia ရဲ့ Shield Platform လည်း Built-In အနေနဲ့ ပါဝင်တဲ့အတွက် Amazon Prime Video, Netflix, YouTube စတဲ့ Channel တွေကို Stream ကြည့်နိုင်ဦးမှာ ဖြစ်တဲ့အပြင် Google Assistant ကိုလည်း Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ BFGD တွေနဲ့အတူ Remote နဲ့ Gaming Controller ကိုပါ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

                အခုအချိန်မှာတော့ BFGD တွေမှာ LED Panel ကိုသာ အသုံးပြုထားသေးတယ် ဆိုပေမယ့် အနာဂတ်မှာတော့ OLED Panel နဲ့ G-Sync ကို Support ပေးမယ့် Nvidia ရဲ့ BFGD တွေကို တွေ့မြင်ရနိုင်ပါတယ်။

                CES 2018 ပွဲမှာ HP ရဲ့ BFGD ကို ရှေ့ပြေးမော်ဒယ်အဖြစ် ပြသသွားခဲ့ပေမယ့် စျေးနှုန်းကိုတော့ ကြေငြာခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် မတ်လနောက်ပိုင်းမှာ တရားဝင် ဖြန့်ချီသွားဖို့ အစီအစဉ်ဆွဲထားပြီး အဲ့ကျမှာပဲ Specs တွေနဲ့ ကျသင့်မယ့် ဈေးနှုန်းကို အတိအကျ သိရမယ်လို့တော့ Nvidia က ပြောသွားပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Engadget The Verge
About Author
Assinged Tags
4K Display Nvidia HDR Monitor Gaming Monitor Monitor Big Format Gaming Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed