အလေးချိန် ၉၈၅ ဂရမ် သာရှိပြီး သင့်တင့်တဲ့ စွမ်းဆောင်ရည် ရရှိနိုင်မယ့် Asus ရဲ့ မျိုးဆက်သစ် Zenbook 13

date_range 10 January 2018

အလေးချိန် ၉၈၅ ဂရမ် သာရှိပြီး သင့်တင့်တဲ့ စွမ်းဆောင်ရည် ရရှိနိုင်မယ့် Asus ရဲ့ မျိုးဆက်သစ် Zenbook 13

visibility 580 Views

                Asus ရဲ့ Ultrabook အမျိုးအစား Zenbook 13 UX331UN ကို ၂၀၁၇ ခုနှစ်တုန်းက Berlin မြို့မှာပြုလုပ်ခဲ့တဲ့ IFA ပွဲမှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ပေါ့ပါးမှုနဲ့ ကောင်းမွန်တဲ့ Battery Life တို့ကြောင့် နာမည်ရခဲ့ပါတယ်။ အခုတစ်ခါ Las Vegas မှာ ကျင်းပနေတဲ့ CES 2018 ပွဲမှာတော့ အရင် Zenbook 13 UX331UN ထက် ပိုမိုပါးလွှာတဲ့ဒီဇိုင်းနဲ့ Dedicated Nvidia GPU ပါဝင်တဲ့ မျိုးဆက်သစ် Zenbook 13 UX331UAL ကို မိတ်ဆက်ပေးခဲ့ပါတယ်။

                Asus အနေနဲ့ အရင် Zenbook 13 UX331UN မှာရှိခဲ့တဲ့ 1.12kg (2.47 lb) အလေးချိန်ကနေ 100g လောက်အထိ ဘယ်လိုလျှော့ချခဲ့တယ် မသိရသေးပေမယ့် ကြေငြာထားတဲ့ Specifications တွေအရ ဒီ Zenbook 13 UX331UAL ဟာ စွမ်းဆောင်ရည် အသင့်အတင့် ကောင်းမွန်ပြီး လက်ရှိမှာ အလေးချိန် 1kg အောက်ပဲရှိတဲ့ LG Gram Notebook တွေနဲ့ အပြိုင်ဖြစ်နေပါတယ်။

Specifications

                Specifications တွေအနေနဲ့ ဒီ Zenbook 13 မှာလည်း အရင် Model တုန်းကလိုပဲ Core လေးလုံးပါဝင်တဲ့ Intel ရဲ့ 8th Generation Core i5၊ Core i7 U Series Processors တွေနဲ့ 2GB DDR5 VRAM ပါဝင်တဲ့ Nvidia Geforce MX150 ကို ဆက်လက်အသုံးပြုထားပါတယ်။


                နောက် DDR4 (Double Data Rate) Memory အမျိုးအစားကို အများဆုံး 16GB ထိတိုးမြှင့် အသုံးပြုနိုင်မှာ ဖြစ်သလို PCIe SSD (Solid State Disk) ကိုလည်း 1TB အထိ တိုးချဲ့အသုံးပြုနိုင်ဦးမှာပါ။

Display


                Display ပိုင်းအနေနဲ့လည်း Full HD Resolution ရှိ ၁၃ လက်မ IPS (In Plane Switching) 10-Point Touch Display ကို အသုံးပြုပေးထားပါတယ်။ နောက် 4K Resolution ကိုလည်း ရွေးချယ်နိုင်ဦးမယ်လို့ သိရပါတယ်။

Audio


                အရင် Model တုန်းကလိုပဲ Asus ပိုင် Sonic Master Audio ရဲ့ Co-Developer ဖြစ်တဲ့ Harman/Kardon Audio System ကို ထည့်သွင်းပေးထားတာမို့လို့ ပိုမိုကောင်းမွန်တဲ့ အသံစနစ် ပါဝင်မယ်လို့ သိရပါတယ်။

Keyboard & Touchpad


                Keyboard ကတော့ 1.2mm Key travel ရှိတဲ့ Full Size Backlit Chiclet Keyboard အမျိုးအစားဖြစ်ပြီး Touch Pad မှာလည်း Multi-Gesture Handwriting စနစ်ပါဝင်မယ်လို့ သိရပါတယ်။

Security


                Security ပိုင်းအတွက် အရင် Model တုန်းကလိုပဲ Fingerprint Sensor ကနေတစ်ဆင့် Windows Hello Security Feature ကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

Connectivity

                ကွန်ယက် ချိတ်ဆက်မှုပိုင်းအတွက် 802.11 AC Wi-Fi နဲ့ Bluetooth 4.2 ကို ထည့်သွင်းပေးထားပါတယ်။


                လက်တော့ရဲ့ ဘယ်ဘက်အခြမ်းမှာတော့ ပါဝါ Port ၊ Full Size HDMI Port ၊ USB-A 3.1 Port ၊ USB Type-C Port နဲ့ Battery Indicator တို့ပါဝင်ပါတယ်။


                ညာဘက်အခြမ်းမှာဆိုရင် Micro-SD Card Reader၊ 3.5 mm Audio Jack နဲ့ USB-A 3.1 Port ပါဝင်ပါတယ်။ ဒီ Zenbook 13 UX331UAL ကို ဘယ်စျေးနဲ့ ဘယ်အချိန်မှာ ရောင်းချမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

This Article is contributed by 2ppu.
References
NoteBookCheck DigitalTrends
About Author
Assinged Tags
Asus Asus Zenbook
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed