ကမ္ဘာ့အသေးငယ်ဆုံး 1TB USB-C Flash Drive ကို CES 2018 မှာ မိတ်ဆက်လိုက်တဲ့ SanDisk

date_range 09 January 2018

ကမ္ဘာ့အသေးငယ်ဆုံး 1TB USB-C Flash Drive ကို CES 2018 မှာ မိတ်ဆက်လိုက်တဲ့ SanDisk

visibility 900 Views

                နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ Laptop တွေ၊ ဖုန်းတွေ၊ Gadget တွေမှာ နေရာယူမှု နည်းနည်းနဲ့ Storage Space များသည်ထက် များလာအောင် ဖန်တီးနိုင်ဖို့အတွက် နည်းပညာ ကုမ္ပဏီတွေကြားမှာ အားပြိုင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနေ့မှာတော့ Sandisk အနေနဲ့ ကမ္ဘာ့အသေးငယ်ဆုံး 1TB USB-C Flash Drive ရှေ့ပြေးပုံစံတစ်ခုကို CES 2018 မှာ မိတ်ဆက်ပေးလိုက်ပြီး ပြိုင်ဘက်တွေကို စိန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။

                အခု Sandisk က မိတ်ဆက်ပေးလိုက်တဲ့ 1TB USB-C Flash Drive ဟာ ကမ္ဘာ့အသေးငယ်ဆုံး 1 TB USB-C Flash Drive တစ်ခုဖြစ်လာပေမယ့် ၂၀၁၇ နှစ်အစပိုင်းက မိတ်ဆက်သွားခဲ့တဲ့ Kingston ရဲ့ DataTraveler Ultimate GT လို့ အမည်ရတဲ့ ကမ္ဘာ့ Storage Space အများဆုံး USB Flash Drive ကိုတော့ Storage Space ပိုင်းမှာ ယှဉ်နိုင်ခြင်းမရှိသေးပါဘူး။ Kingston ရဲ့ DataTraveler Ultimate GT Flash Drive မှာ Storage Space 2TB ပါဝင်ပေမယ့် Sandisk ရဲ့ USB-C Flash Drive မှာ 1TB သာ ပါဝင်ပါသေးတယ်။

                ဒါပေမယ့် DataTraveler Ultimate GT မှာ ကြာရှည်ခံဖို့အတွက် Casing ပိုင်းမှာ Zinc-alloy Casing ကို အသုံးပြုထားတဲ့အတွက် တော်တော်ကြီးကို လေးနေမှာပါ။ ဒါ့အပြင် USB 3.1 Adapter ကိုသာ DataTraveler Ultimate GT မှာ အသုံးပြုထားတဲ့အတွက် နောက်ဆုံးပေါ် Laptop တွေ နောက်ဆုံးပေါ် စမတ်ဖုန်းတွေနဲ့ တွဲဖက်ပြီး အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။

                Sandisk ရဲ့ 1TB USB-C Flash Drive ကတော့ USB Type C ကို အသုံးပြုထားပါတယ်။ USB Type C Flash Drive ဖြစ်တဲ့အတွက် Type C Port ပါတဲ့ Laptop တွေ၊ ကွန်ပြူတာတွေမှာပါ မကပဲ USB Type C အသုံးပြုထားတဲ့ စမတ်ဖုန်းတွေမှာပါ အသုံးပြုလို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေမှာ Sandisk ရဲ့ 1TB USB-C Flash Drive ကို အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ကပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကြားခံ App တစ်ခု လိုအပ်လာနိုင်လောက်ပါတယ်။


                အခုအချိန်မှာတော့ Sandisk ရဲ့ 1TB USB-C Flash Drive ဟာ ရှေ့ပြေးပုံစံ အနေနဲ့ပဲ ရှိသေးတာကြောင့် တရားဝင် ရောင်းချမယ့်ရက်နဲ့ စျေးနှုန်းကိုတော့ မသိရသေးပါဘူး။ ပုံမှန် အရွယ်အစားရှိတဲ့ 1TB USB-C SSD တောင် ဒေါ်လာ ၃၅၀ ဝန်းကျင်ဆိုတော့ Sandisk အနေနဲ့ 1TB USB-C Flash Drive ကို ဒေါ်လာ ၃၅၀ အထက်မှာပဲ ရောင်းချသွားဖွယ်ရှိပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Sandisk Flash Drive SSD
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed