Battery ၁၇ နာရီခံမယ့် Dell ရဲ့ XPS 13 Ultrabook Model အသစ်

date_range 05 January 2018

Battery ၁၇ နာရီခံမယ့် Dell ရဲ့ XPS 13 Ultrabook Model အသစ်

visibility 1940 Views

                Dell ရဲ့ XPS 13 Ultrabook တွေဟာ သူတို့ရဲ့ ကျစ်လျစ်ပြီး၊ လှပသေသပ်တဲ့ ဒီဇိုင်းနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် Ultrabook စျေးကွက်မှာ အောင်မြင်မှုရနေတဲ့ Ultrabook အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။


                အသစ်ထွက်လာတဲ့ XPS 13 မှာတော့ အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ထားပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့အတူ အင်မတန်ပါးလွှာတဲ့အသွင်နဲ့ မြင်တွေ့ရမှာပါ။ အဲ့လို သေးသေးကျစ်ကျစ် Ultrabook ကို စွမ်းဆောင်ရည်ကောင်းမွန်တဲ့ 8th Generation Processors တွေနဲ့ အားဖြည့်ထားလို့ XPS 13 ဟာ Performance ပိုင်းလည်း ပိုကောင်းသွားပါတယ်။

Display


                အခု အသစ်ထွက်လာတဲ့ XPS 13 မှာ ရုပ်ထွက်ကောင်းမွန်တဲ့ ၁၃ လက်မ NanoEdge Display ကိုပဲ သုံးထားပြီး 16:9 Aspect Ratio ရှိပါတယ်။ Resolution အနေနဲ့လည်း Full HD နဲ့ 4K ဆိုပြီး ရွေးချယ်နိုင်မှာပါ။ Display အမျိုးအစား ၂ ခုစလုံးမှာ Touch အသုံးပြုနိုင်မှာဖြစ်ပြီး အရင် XPS 13 Model ထက် ပိုတောက်ပတဲ့ အလင်းအားနဲ့ ကြည်လင်ပြတ်သားတဲ့ Contrast Ratio ကို အသုံးပြုပေးထားပါတယ်။

Body

                ကိုယ်ထည်ပိုင်းမှာဆိုရင် လက်ဗွေရာကျန်တာ၊ အစွန်းအထင်းတွေ ပေကျန်နေတာ၊ UV ကြောင့် ကိုယ်ထည် အရောင်မှေးမိန်သွားတာ စတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ CNC machined Aluminum နဲ့ Carbon Fiber Plastic သတ္တုစပ်ကို ကိုယ်ထည်တစ်ခုလုံး ဖုံးအုပ်ထားပေးတဲ့အတွက် သယ်ဆောင်ရပေါ့ပါးသလို ကြံ့ခိုင်မှုလည်းရှိတယ်လို့ သိရပါတယ်။

Performance

                အရင် XPS မှာသုံးခဲ့တဲ့ Intel ရဲ့  7th generation Processors တွေထက် ၄၀ ရာခိုင်နှုန်း ပိုမိုလျှင်မြန်တဲ့ 8th Generation Quad Core Core i5 ဒါမှမဟုတ် i7-U Processors များနဲ့ မောင်းနှင်ပေးမှာ ဖြစ်ပါတယ်။ Graphics ပိုင်းအနေနဲ့ Integrated UHD Graphics အသုံးပြုပေးထားတာဖြစ်လို့ ဂိမ်းကစားခြင်းအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

 

                နောက် Memory ပိုင်း အနေနဲ့ ပိုမိုလျှင်မြန်တဲ့ 2133 MHz မြန်နှုန်းရှိ LPDDR3 (Low power double data rate) RAM အမျိုးစားနဲ့ အားဖြည့်ပေးထားသလို Memory Capacity ကိုလည်း 16GB အထိ တိုးမြှင့်အသုံးပြုနိုင်ဦးမှာပါ။ Storage ပိုင်းမှာဆိုရင်တော့ အရင် Model တွေလိုပဲ PCIe SSD အမျိုးစားကိုပဲ အသုံးပြုပေးထားပြီး 1TB အထိ စိတ်ကြိုက်တိုးမြှင့်နိုင်ပါသေးတယ်။

ကွာခြားချက်

                Model အသစ်မှာ Core i3 Processors ကို မထောက်ပံ့တော့သလို ပါးလွှာပြီး ကျစ်လျစ်တဲ့ ဒီဇိုင်းအသစ်ကြောင့် HDMI နဲ့ USB 3.0 Port တွေတော့ ပါတော့မှာ မဟုတ်ပါဘူး။ USB Type-C + 40 Gbps Thunderbolt 3 Port နှစ် Port၊ USB Type-C Gen. 2 တစ် Port၊ MicroSD Reader နဲ့ 3.5 mm Headphone Jack စတဲ့ Port တွေပဲ ပါပါတော့တယ်။


                စွမ်းဆောင်ရည်ပိုင်း အားသာချက်ရှိပြီး ပါဝါအစားသက်သာတဲ့ 8th Generation Processors တွေကြောင့် Battery ပမာဏ အနည်းငယ် လျှော့ချလိုက်တယ် ဆိုပေမယ့် FHD Model ဟာ ၁၇ နာရီကြာ ဆက်တိုက် အသုံးခံမှာဖြစ်သလို 4K Model က ၁၀ နာရီခန့် သုံးနိုင်မှာ ဖြစ်တာကြောင့် တစ်နေ့တာ လုပ်ငန်းစဉ်တွေအတွက် အားသွင်းစရာ မလိုဘဲ အသုံးပြုနိုင်မယ်လို့လည်း Dell ကဆိုထားပါတယ်။

                Wireless ချိတ်ဆက်မှု အပိုင်းမှာတော့ Intel 8265 Wi-fi ချိတ်ဆက်မှုကို ရွေးချယ်လို့ရဦးမှာဖြစ်ပြီး စျေးနှုန်းကိုတော့ ကန်ဒေါ်လာ ၁,၀၀၀ သတ်မှတ်ထားပါတယ်။

This Article is contributed by 2ppu.
References
NoteBookCheck
About Author
Assinged Tags
Dell Ultrabook Dell Laptop Dell XPS 13
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed