Samsung Galaxy On Nxt 16GB Variant ကို ဇန်နဝါရီလ ၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှာ စတင် ရောင်းချသွားမည်

date_range 02 January 2018

Samsung Galaxy On Nxt 16GB Variant ကို ဇန်နဝါရီလ ၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှာ စတင် ရောင်းချသွားမည်

visibility 840 Views

                Samsung အနေနဲ့ သူတို့ရဲ့ Galaxy On Series စမတ်ဖုန်း စျေးကွက်ကို ချဲ့ထွင်ဖို့အတွက် Galaxy On Nxt 16GB Variant ကို ဇန်နဝါရီလ ၃ ရက်နေ့က စတင်ပြီး အိန္ဒိယနိုင်ငံမှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Galaxy On Nxt စမတ်ဖုန်းဟာ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Galaxy On Nxt ဖုန်းနဲ့ Specifications ပိုင်းမှာ ကွဲပြားချက် ရှိမှာ မဟုတ်ပါဘူး။ ၂၀၁၆ ထုတ် Galaxy On Nxt စမတ်ဖုန်းမှာ Internal Storage 32GB ပါဝင်ခဲ့ပေမယ့် ယခု ထွက်ရှိလာမယ့် Galaxy On Nxt စမတ်ဖုန်းမှာတော့ Internal Storage 16GB ပဲ ပါဝင်တော့မှာ ဖြစ်ပါတယ်။

                Galaxy On Nxt 16GB မော်ဒယ်မှာ ၅.၅ လက်မအကျယ် Full-HD (1080x1920 Pixels) TFT Display ကို အသုံးပြု ထားပါတယ်။ Processor ပိုင်းမှာတော့ 1.6GHz Octa-Core Exynos 7870 Processor ကို အသုံးပြု ထားပါတယ်။

                RAM 3GB ပါဝင်မှာဖြစ်ပြီး Internal Storage 16GB ပဲရှိတယ် ဆိုပေမယ့် external MicroSD ကိုတော့ 256GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်း မှာတော့ LED Flash ပါဝင်သလို 30fps Full-HD Video ကို ရိုက်ကူးနိုင်တဲ့ 13-Megapixel Back Camera နဲ့ အတူ 8-Megapixel Front Camera ကို အသုံးပြု ထားပါတယ်။

                Samsung Galaxy On Nxt 16GB Version နဲ့ပတ်သတ်ပြီး နောက်ထပ် သိထားသင့်တဲ့ အချက်လေး တွေကတော့ Dual SIM (GSM+GSM) စမတ်ဖုန်း တစ်လုံးဖြစ်တယ်။ Micro-USB Port တစ်ခုပါမယ်။ 75x151.7x8 mm အရွယ်အစားရှိမယ်။ အလေးချိန် ၁၆၇ ဂရမ် လေးမယ်။ 3300 mAh Battery ကို အသုံးပြုထားတယ်။ နောက်ပြီး Connectivity ပိုင်းမှာတော့ 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth v4.1, GPS/A-GPS စတာတွေ ပါဝင်ပါတယ်။ Samsung Galaxy On Nxt 16GB Variant ကို Black, Gold စတဲ့ အရောင်နှစ်မျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

                ၂၀၁၆ အောက်တိုဘာလတုန်းက Samsung အနေနဲ့ 32GB Internal Storage Galaxy On Nxt ဖုန်းကို ရောင်းချခဲ့ပြီး ၂၀၁၇ ဧပြီလတုန်း ကလည်း 64GB Internal Storage Galaxy On Next စမတ်ဖုန်း ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ယခုအခါမှာတော့ Galaxy On Nxt 16GB Variant ကို 173 ဒေါ်လာ (မြန်မာငွေ ၂ သိန်း ၃ သောင်း ၀န်းကျင် ) နဲ့  ဇန်နဝါရီလ ၃ ရက်နေ့ကနေ စတင်ပြီး အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Samsung Smartphones Samsung Galaxy
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed