“Apple လိုမျိုး ဖုန်းမော်ဒယ်လ်အဟောင်းတွေကို Performance မလျော့ချပစ်ပါဘူး” ဆိုတဲ့ HTC နဲ့ Motorola

date_range 29 December 2017

“Apple လိုမျိုး ဖုန်းမော်ဒယ်လ်အဟောင်းတွေကို Performance မလျော့ချပစ်ပါဘူး” ဆိုတဲ့ HTC နဲ့ Motorola

visibility 1280 Views

                Battery Capacity နည်းသွားတဲ့ iPhone မော်ဒယ်လ်အဟောင်းတွေကို Performance လျော့ချပစ်တဲ့ Fix တစ်ခုကို အသုံးပြုသူတွေကို အသိမပေးပဲ တိတ်တဆိတ် ထုတ်ပေးနေခဲ့တဲ့ Apple ရဲ့ လုပ်ရပ်ကြောင့် နည်းပညာအသိုင်းအဝိုင်းထဲက ကျွမ်းကျင်သူတွေ မီဒီယာတွေ အနေနဲ့လည်း အခြား ဖုန်းထုတ်လုပ်သူတွေကို မေးစရာ မေးခွန်းတစ်ခု ရှိလာပါပြီ။

အခြား ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေရော Apple လို လုပ်နေကြတာလား? 

                ဒီတော့ The Verge အနေနဲ့ HTC, Motorola Google, Samsung, LG, Sony တို့ကို Email ပေးပို့ပြီး ဒီမေးခွန်း မေးခဲ့ပါတယ်။ HTC ကနေ The Verge ကို ပြန်ပေးပို့ခဲ့တဲ့ Email ထဲမှာတော့

“ဒါမျိုး ကျနော်တို့မလုပ်ပါဘူး”

လို့ HTC က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖြေကြားခဲ့ပြီး Motorola က ပြောရေးဆိုခွင့်ရှိသူကတော့ 

“ကျနော်တို့ အနေနဲ့ Battery ဟောင်းသွားတဲ့ အတွက်ကြောင့်တော့ CPU Performance ကို လျော့ချမပစ်ပါဘူး”

လို့ ဖြေကြားခဲ့တယ်လို့ သိရှိရပါတယ်။

                Sony က ပြောရေးဆိုခွင့်ရှိသူကလည်း

“ရုံးပိတ်ရက်တွေကြောင့် အကြောင်းပြန်တာ အနည်းငယ် နောက်ကျမယ်”

လို့ ပြန်လည်ဖြေကြားခဲ့သလို Samsung က ပြောရေးဆိုခွင့်ရှိသူကတော့

“Samsung အနေနဲ့ ဒီကိစ္စကို စစ်ဆေးနေပါတယ်”

လို့ပဲ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် Google ကတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

                နည်းပညာကျွမ်းကျင်သူတွေ၊ အသုံးပြုသူတွေနဲ့ မီဒီယာတွေကြားမှာလည်း “Apple ရဲ့ လုပ်ရက်က ရည်ရွယ်ချက်ရှိရှိနဲ့ iPhone တွေ ပိုပြီးအရောင်းသွက်လာအောင် လုပ်နေတာ” လို့ ထင်ကြေးပေးနေကြပါတယ်။ အဓိက ဒေါသထွက်သွားကြတာတော့ အသုံးပြုနေသူတွေပဲဖြစ်ကြပြီး တင်လိုက်တဲ့ Update ကြောင့် ဖုန်းက ပိုပြီးနှေးသွားရတာ၊ Battery လဲလိုက်ရင် ဖုန်းကအကောင်းအတိုင်း ပြန်ဖြစ်သွားမှာကို ပွင့်ပွင့်လင်းလင်း မပြောတာရယ်ကြောင့် ပိုလို့တောင် ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။

                တစ်ဖက်မှာလည်း Apple အနေနဲ့ တန်ကြေးမြင့် တရားစွဲဆိုမှုတွေ လေးမှုလောက် ရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း ပြိုင်ဘက်ဖုန်းထုတ်လုပ်သူတွေက ဒီကိစ္စမျိုး သူတို့ဘက်က မလုပ်ပါဘူးလို့ တုန့်ပြန်မှုတွေ လုပ်နေကြပြီ ဖြစ်တဲ့အတွက် Apple အနေနဲ့ ဒီပြဿနာကို အပြီးသတ် ဖြေရှင်းနိုင်ဖို့ကတော့ အချိန်ယူရဦးမယ်လို့ ခန့်မှန်းရပါတယ်။

References
The Verge PhoneDog
About Author
Assinged Tags
Samsung Google Sony LG Battery Lithium-Ion Battery HTC Battery Issue Motorola Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed