Galaxy Note 8 Camera ရဲ့ Optical Image Stabilization (OIS) က iPhone X, Pixel 2 နဲ့ Mate 10 Pro တို့ထက် ပိုမိုကောင်းမွန်

date_range 27 December 2017

Galaxy Note 8 Camera ရဲ့ Optical Image Stabilization (OIS) က iPhone X, Pixel 2 နဲ့ Mate 10 Pro တို့ထက် ပိုမိုကောင်းမွန်

visibility 3220 Views

                ဒီခေတ်မှာ DSLR တွေထက်တောင် Smartphone Camera ကို ပိုပြီး အသုံးပြုလာကြတဲ့ အခြေအနေထိ Smartphone Camera တွေက ကောင်းမွန်လာကြပါတယ်။ iPhone X, Pixel 2, Galaxy Note 8 နဲ့ Mate 10 Pro တို့ဟာ ဒီနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ Flagship Smartphone တွေဖြစ်သလို Camera အကောင်းဆုံးဖုန်းတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း Device တစ်ခုချင်းဆီမှာ ပါဝင်တဲ့ Camera တွေမှာ အားနည်းချက်၊ အားသာချက်တွေတော့ ကိုယ်စီ၊ ကိုယ်စီ ရှိကြပါတယ်။


                YouTuber တစ်ယောက်ဖြစ်တဲ့ Evan Rodgers ကတော့ သူ့ရဲ့ စမ်းသပ်မှုအရ Galaxy Note 8 Camera ရဲ့ Optical Image Stabilization (OIS) က iPhone X, Pixel 2 နဲ့ Mate 10 Pro တို့ထက် ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ သူစမ်းသပ်ထားတဲ့ ပထမ ဗီဒီယိုကို ကြည့်မယ်ဆိုရင်တော့ Galaxy Note 8 Camera ရဲ့ Optical Image Stabilization (OIS) က ကောင်းမွန်တယ်ဆိုတာ သိသာမှာတော့ မဟုတ်ပါဘူး။ သာမာန်လမ်းလျှောက်တာမျိုး ဖြစ်တာကြောင့်လည်း ပါပါတယ်။

                ဒါပေမယ့် မြေအောက်ရထားထဲမှာ ရိုက်ကူးထားတဲ့ ဒုတိယ ဗီဒီယိုမှာဆိုရင်တော့ တော်တော်ကြီးကို သိသာသွားပါတယ်။ iPhone X, Mate 10 Pro နဲ့ Pixel 2 တို့ရဲ့ Optical Image Stabilization (OIS) က တော်တော်ကြီး ဆိုးရွားသွားတာကို တွေ့ရပြီး Galaxy Note 8 ကတော့ တော်တော်ကြီး ကောင်းမွန်တဲ့ ဗီဒီယိုတစ်ခုကို ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

                Evan Rogers ကတော့ 

                “Note 8 Camera ရဲ့ OIS ကတော့ တုန်ခါမှုတွေနဲ့ လှုပ်ရှားမှုတွေကို နေ့လည်စာလိုမျိုး ဝါးစားလိုက်နိုင်တယ်”

လို့ တင်စားထားပါတယ်။

                ကျန်တဲ့ဖုန်းတွေမှာလည်း သူ့အားသာချက်နဲ့သူ ရှိတယ်ဆိုပေမယ့် Smartphone Camera နဲ့ လှုပ်လှုပ်ရှားရှား ဗီဒီယိုတွေ ရိုက်ချင်သူများအတွက် တခြားဖုန်းတွေထက် OIS ကောင်းမွန်တဲ့ Galaxy Note 8 ကို လက်ညှိုးထိုးပြရမှာပါပဲ။

This Article is contributed by Thaw Zin.
References
BGR
About Author
Assinged Tags
Samsung Smartphones Dual Camera Smartphone Camera Galaxy Note 8 Google Pixel 2 iPhone X Huawei Mate 10 Pro
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed