YouTube for iOS မှာ Vertical နဲ့ Square Video တွေကို အလိုအလျောက် Adapt လုပ်နိုင်တဲ့ Dynamic Video Player ပါဝင်လာ

date_range 22 December 2017

YouTube for iOS မှာ Vertical နဲ့ Square Video တွေကို အလိုအလျောက် Adapt လုပ်နိုင်တဲ့ Dynamic Video Player ပါဝင်လာ

visibility 300 Views

                အခုနှစ်ပိုင်းအတွင်းမှာ Social Media မှာ Live လွှင့်တာတွေ ခေတ်စားလာတယ်ဆိုတော့ Vertical Video တွေ၊ Square Video တွေလည်း ပလူပျံလာပါတယ်။ ဒီတော့ ပြောင်းလဲလာတဲ့ Video Shape တွေနဲ့အညီ YouTube ကလည်း Vertical နဲ့ Square Video တွေကို အလိုအလျောက် Adapt လုပ်နိုင်တဲ့ Dynamic Player တစ်ခုကို ပြုလုပ်သွားမှာဖြစ်ကြောင်း ဂျွန်လတုန်းက ကြေငြာခဲ့ပါတယ်။

                ဒီနေ့မှာတော့ ဒီ Dynamic Player ကို iOS အတွက် YouTube App မှာ ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ အရင်တုန်းက YouTube App ကနေ Verticle Video တွေပဲဖြစ်ဖြစ်၊ Square Video တွေပဲဖြစ်ဖြစ် ဝင်ကြည့်လိုက်မယ်ဆိုရင် ဘေးနားမှာ အမည်းရောင်တွေပဲ ဖြစ်နေမှာပါ။

                အခုကတော့ Video ရဲ့ Shape နဲ့အညီ အလိုအလျောက် ဖုန်းရဲ့ Screen နဲ့ ညှိပေးမယ့် Dynamic Player ဆိုတဲ့ Feature သစ်လေး ပါဝင်လာပြီဆိုတော့ Verticle Video တွေပဲဖြစ်ဖြစ်၊ Square Video တွေပဲဖြစ်ဖြစ် ဝင်ကြည့်လိုက်မယ်ဆိုရင် ဘေးနားမှာ အမည်းရောင်တွေ မမြင်ရတော့ပဲ Video တစ်ခုလုံးကို ဖုန်း Screen နဲ့ အပြည့်မြင်ရတော့မှာ ဖြစ်ပါတယ်။

                ဒီ Feature သစ်လေးက Server-Side Update အနေနဲ့ ထွက်ရှိလာတာ ဖြစ်တာကြောင့် App တစ်ခုလုံးကို App Store မှာသွားပြီး Update လုပ်စရာတော့ မလိုပါဘူး။ အကယ်လို့ YouTube App ကို Background မှာ Run ထားခဲ့မယ်ဆိုရင်တော့ Background Apps တွေထဲကနေ ဖျက်ပေးလိုက်ပါ။ ပြီးရင် ဒီ YouTube Channel မှာသွားပြီးတော့ Verticle Video တွေ ကြည့်နိုင်ပါတယ်။

References
9to5Mac
About Author
Assinged Tags
Youtube iOS App Related YouTube App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed