ရက် ၃၀ ပဲ Unfollow ထားနိုင်တဲ့ Snooze Feature ကို ထည့်သွင်းပေးလိုက်တဲ့ Facebook

date_range 19 December 2017

ရက် ၃၀ ပဲ Unfollow ထားနိုင်တဲ့ Snooze Feature ကို ထည့်သွင်းပေးလိုက်တဲ့ Facebook

visibility 940 Views

                Facebook ကနေ 'Snooze' လို့ခေါ်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းတော့မယ်ဆိုတာကို လွန်ခဲ့တဲ့ စက်တင်ဘာလကတည်းက ကျနော်တို့ သိရှိထားခဲ့ပါတယ်။ ဒီ Snooze Feature ဟာ Facebook ပေါ်က ကိုယ့်သူငယ်ချင်းတွေ၊ Facebook Page တွေနဲ့ Facebook Group တွေကို အချိန်အကန့်အသတ်နဲ့ Unfollow ပြုလုပ်ထားနိုင်တဲ့ Feature တစ်ခုပါ။ Facebook ဟာ Snooze Feature ကို အချိန်နှစ်လကျော် စမ်းသပ်ပြီးနောက်မှာတော့ ယခု တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။


                ကျနော်ကတော့ အခုလိုမျိုး Snooze Feature ပါဝင်လာတာကိုတော့ အမှန်အတိုင်းပြောရရင် ကြိုက်မိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် တစ်ခါတလေမှာ ကိုယ့်သူငယ်ချင်းတစ်ယောက်က Online Shopping လုပ်ပြီးတော့ Online Shopping နဲ့ ပတ်သတ်တဲ့ Post တွေကြီးပဲတင်နေတာမျိုးဆိုရင် Facebook Newsfeed မှာ အဲ့ဒီ Posts တွေကြီးပဲတက်လာတာက နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းပါတယ်။ ကိုယ့်သူငယ်ချင်းဖြစ်နေပြန်တော့လည်း Unfriend လုပ်လို့က မရပြန်၊ Unfollow လုပ်လိုက်ရင်လည်း နောက်ပိုင်း ပြန် Follow လုပ်ဖို့ မေ့သွားတာမျိုးက ဖြစ်နေကြဆိုတော့ Unfollow လည်း မလုပ်ချင်နဲ့ ကန့်လန့်ဖြစ်တဲ့အချိန်တွေက ခဏခဏ ကြုံနေရတာပါ။ 

                အခု Facebook က ထည့်သွင်းပေးမယ့် Snooze Feature က ယာယီ Unfollow လုပ်ပေးတာဖြစ်ပြီးတော့ ရက် ၃၀ အထိ Unfollow လုပ်လို့ရမှာဖြစ်ပါတယ်။ တစ်ခုကောင်းတာက Snooze လုပ်ထားတဲ့အချိန်ကုန်သွားရင် Facebook ကနေ နောက်တစ်ခါပြန်ပြီး Snooze လုပ်ဦးမှာလား ၊ ပြန်ပြီး ပုံမှန်အတိုင်း Follow ပြန်လုပ်မလားဆိုတာကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 


                Facebook ရဲ့ Snooze Feature အသစ်ဟာ လက်ရှိအချိန်မှာ အသုံးပြုလို့ရနေပြီဖြစ်ပြီးတော့ အခုဒီ Feature ပါဝင်လာတာကို ကြိုက်နှစ်သက်သလား? ဘယ်သူ့ကိုရော Snooze ပြုလုပ်ပြီးပြီလဲ ဆိုတာကို Comment မှာ ပြောခဲ့ကြပါဦး။ 

References
Android Authority
About Author
Assinged Tags
Facebook Social Media Facebook Snooze Snooze Unfollow
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed