သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရဲ့ ပို့စ်တွေကို ခဏ Unfollow လုပ်နိုင်မယ့် 'Snooze' Feature သစ်ကို Facebook စမ်းသပ်

date_range 15 September 2017

သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရဲ့ ပို့စ်တွေကို ခဏ Unfollow လုပ်နိုင်မယ့် 'Snooze' Feature သစ်ကို Facebook စမ်းသပ်

visibility 440 Views

                Facebook ဟာ ကိုယ့်သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို အခင်အမင်မပျက်၊ ခဏလောက်ပဲ Unfollow လုပ်နိုင်မယ့် Option အသစ်တစ်ခုကို စမ်းသပ်နေပါတယ်။

                "Snooze" လို့ နာမည်ပေးထားတဲ့ ဒီ Unfollow Option အသစ်မှာတော့ တစ်ရက်၊ တစ်ပတ်၊ တစ်လ ဆိုပြီး ကိုယ်မတွေ့ချင်တဲ့လူရဲ့ ပို့စ်တွေကို Snooze လုပ်ပြီး ခဏရပ်ထားနိုင်မှာဖြစ်ပါတယ်။ ဒီ Option ကို လက်ရှိမှာ Facebook ကို PC Website ကနေသုံးတဲ့ အချို့ Users တွေမှာပဲ စမ်းသပ်ပေးသုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

                Snooze ဘယ်လိုအလုပ်လုပ်သလဲဆိုတော့၊ အကယ်လို့ Newsfeed မှာ ခင်ဗျားမကြိုက်တဲ့ ပို့စ်တစ်ခုတွေ့လာရင် ပုံမှန်အတိုင်း ပို့စ်ရဲ့  ညာဘက်ထောင့်က Menu Button ကိုနှိပ်လိုက်ပါ။ ဒီအခါ မြင်နေကျအတိုင်း  ဒီပို့စ်ကို 'Hide' လုပ်မလား၊ ဒါမှမဟုတ် အဲဒီလူ (or) Page ကို Unfollow လုပ်မလားဆိုတဲ့ Option တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် Unfollow Button မှာတော့ အရင်လို Unfollow တစ်ခုတည်းမဟုတ်တော့ဘဲ၊  Snooze ဆိုတဲ့ Option အသစ်တစ်ခုကိုပါ ရွေးချယ်နိုင်တာတွေ့ရမှာပါ။


                ဒီတော့ Unfollow နဲ့ ကိုယ်မနှစ်သက်တဲ့လူ ဒါမှမဟုတ် Page က ပို့စ်တွေကို အပြီးတိုင်လက်မပြချင်ဘူး၊ ကိုယ် သဘောမကျတုန်းခဏပဲ ပို့စ်တွေမပေါ်လာအောင် လုပ်ထားချင်တယ်ဆိုရင် 'Snooze' နဲ့ ရပ်ခိုင်းထားလို့ရမှာဖြစ်ပါတယ်။  ၂၄ နာရီ၊ တစ်ပတ် နဲ့ ရက် ၃၀ ဆိုပြီး၊ Snooze Option တစ်ခု စိတ်ကြိုက်ရွေးနိုင်ပါတယ်။ ဒါမှမဟုတ် အပြီးတိုင် Unfollow ချင်တယ်ဆိုရင်လည်း Unfollow ကို ရွေးလိုက်နိုင်ပါတယ်။


                ဒီ Snooze Option အသစ်ကြောင့် ကျွန်တော်တို့ရဲ့ News Feed မှာ Pages တွေနဲ့ Groups တွေရဲ့ ပို့စ်တွေကို ပိုထိန်းချုပ်လာနိုင်မှာပါ။ iPhone ထွက်လာတဲ့နေ့ကလို သတင်းတစ်ခုထဲကို Pages ပေါင်းစုံက တင်တဲ့နေ့မျိုးဆို အဲ့ဒီ Pages တွေကို အပြီး Unfollow မလုပ်ချင်သေးတဲ့အခါ ဒီ Option က တော်တော် အသုံးဝင်ပါလိမ့်မယ်။ ဒီ Snooze Option ကို စမ်းသပ်နေဆဲဖြစ်လို့ Facebook မှာ အားလုံးအတွက် တရားဝင်ထည့်ပေးမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ Website version မှာ စမ်းသပ်တာအောင်မြင်ရင်တော့ Facebook App မှာပါ ထည့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

This Article is Contributed by YLin
References
Phandroid Tech Crunch
About Author
Assinged Tags
Facebook Beta Social Media Website Feature Facebook Snooze Snooze Unfollow
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed