Budget ဖုန်းတစ်လုံးဖြစ်တဲ့ Eluga i9 ကို မိတ်ဆက်လိုက်တဲ့ Panasonic

date_range 15 December 2017

Budget ဖုန်းတစ်လုံးဖြစ်တဲ့ Eluga i9 ကို မိတ်ဆက်လိုက်တဲ့ Panasonic

visibility 980 Views

                Panasonic Company ဟာ Budget Android ဖုန်းတစ်လုံးဖြစ်တဲ့ Eluga I9 ကို မိတ်ဆက်လိုက်ပြီး၊ India နိုင်ငံမှာ ဒီဇင်ဘာ (၁၅) ရက်နေ့ (မနက်ဖြန်) ကစပြီး၊ Flipkart တစ်ခုတည်းကနေ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                Panasonic Eluga I9 မှာ  ၅ လက်မ အကျယ်၊ 720p HD Resolution နဲ့ IPS LCD Display ကို အသုံးပြုထားပြီး၊ ဖုန်းရဲ့ Processor ကိုတော့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mediatek ကထုတ်လုပ်ထားတဲ့ Quad-Core MT6737 Processor ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့တော့ 3GB ဖြစ်ပြီး၊ Internal Storage အနေနဲ့ 32 GB ပါဝင်လာကာ၊ Primary Camera ကိုတော့ 13MP Sensor နဲ့ Front ကင်မရာကိုတော့ 5MP Sensor တို့ အသုံးပြုထားပါတယ်။ ထူးခြားချက်လို့ ဆိုလို့ရတဲ့အချက်ကတော့ Primary Camera ရော Secondary Camera မှာပါ Flash ပါဝင်လာတာပါ။ ပြီးတော့ Panasonic ရဲ့ ကိုယ်ပိုင် Digital Assistant 'Arbo' လည်း ဒီဖုန်းမှာ ပါဝင်လာပါတယ်။


                Eluga i9 မှာ Android 7.0 Nougat ကိုအသုံးပြုထားပြီးတော့ 2500 mhA ရှိတဲ့ Battery ကို တပ်ဆင်ပေးထားပါတယ်။ အရောင်တွေအနေနဲ့တော့ Space Gray , Champagne Gold နှင့် Blue ဆိုပြီး အရောင် (၃) ရောင်နဲ့ ဝယ်ယူရရှိနိုင်မှာပါ။ ဖုန်းရဲ့အထူကတော့ 7.8 mm ရှိမှာဖြစ်ပြီးတော့ ကျောဘက်မှာ Fingerprint Sensor ကို တွေ့ရပါလိမ့်မယ်။

                Budget ဖုန်းဖြစ်တဲ့အတွက် ဈေးနှုန်းအနေနဲ့ $116 ဖြစ်ပြီး၊ ဒေါ်လာဈေးတွေမြင့်မားနေတဲ့အတွက် မြန်မာငွေနဲ့ တွက်မယ်ဆိုရင်တော့ တစ်သိန်းခြောက်သောင်းဝန်းကျင်ခန့်ရှိမှာပဲဖြစ်ပါတယ်။

This Article is Contributed by AK
References
Gadgets NDTV Digit
About Author
Assinged Tags
Smartphones Panasonic Arbo eluga i9
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed