DxOMark Mobile မှာ 90 Marks ရရှိပြီး၊ အမှတ်အများဆုံး Xiaomi စမတ်ဖုန်းဖြစ်လာတဲ့ Mi Note 3

date_range 13 December 2017

DxOMark Mobile မှာ 90 Marks ရရှိပြီး၊ အမှတ်အများဆုံး Xiaomi စမတ်ဖုန်းဖြစ်လာတဲ့ Mi Note 3

visibility 3560 Views

                Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Mi Note 3 စမတ်ဖုန်းဟာ ယခုနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ Xiaomi Mi 6 ဒီဇိုင်းနဲ့ Specs တစ်ချို့ တူညီတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Mi Note 3 ဟာ 5.5" Display နဲ့ Qualcomm Snapdragon 660 Processor ဖြစ်သွားတာရယ်၊ Selfie Camera ပိုင်း ပိုပြီး အဆင့်မြှင့်တင်ခဲ့တာရယ်ကလွဲရင် အခြားသော RAM 6GB, 64GB or 128GB Storage, Dual Sony IMX 386 12 Megapixels Sensor စတဲ့အချက်တွေအတော်တော်များများမှာ Mi 6 နဲ့ တူညီတယ်လို့ ပြောလို့ရပါတယ်။ 

                အခုအချိန်မှာတော့ ကင်မရာပိုင်းဆိုင်ရာအရည်အသွေးတိုင်းတာတဲ့ Benchmarking Website တစ်ခုဖြစ်တဲ့ DxOMark ကနေ Xiaomi Mi Note 3 စမတ်ဖုန်းကို Overall အနေနဲ့ 90 Marks ပေးခဲ့လိုက်ပါတယ်။ အဲ့ဒီရမှတ်ဟာ Google Pixel နဲ့ HTC U11 ဖုန်းတွေရဲ့ ကင်မရာ ရမှတ်နဲ့တူညီပြီးတော့ ကင်မရာပိုင်းတော်တော်လေးကို ကောင်းတယ်လို့ ပြောလို့ရနိုင်တဲ့ရမှတ်ဖြစ်ပါတယ်။ ဒါက Apple iPhone 7 Plus နဲ့ Huawei P10 ရဲ့ 87 Marks, Sony XZ Premium ရဲ့ 83 Marks တွေထက် ပိုပြီးများပြားနေတဲ့အတွက် Mi Note 3 ရဲ့ ကင်မရာက အခုလောက်ထိကောင်းမယ်ဆိုတာကို ယုံကြည်ဖို့တောင်ခက်ခဲနေပါတယ်။ DxOMark က ရိုက်ကူးထားတဲ့ Mi Note 3 Camera Samples တွေကို ယခု Original Link မှာ စုံစုံလင်လင်ကြည့်ရှုလေ့လာနိုင်ပါတယ်။


                Mi Note 3 ရဲ့ ယခုရမှတ်ဟာ စုစုပေါင်းရမှတ်ဖြစ်ပြီးတော့ ဓါတ်ပုံအတွက် 94 မှတ်နဲ့ Video အတွက် 82 မှတ်ပဲ ရရှိထားတာဖြစ်ပါတယ်။ DxOMark  Mobile ကတော့ Xiaomi Mi Note 3 ဖုန်းကို Autofocus မြန်ဆန်ပြီး တိကျတဲ့အချက်၊ Zoom ဆွဲတဲ့အခြေအနေနဲ့ Portrait Shot တွေကို ချီးကျူးခဲ့ပြီး Video ပိုင်းမှာတော့ Details ပိုင်းအားနည်းတယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။


                အရင် Mi 5 တုန်းက DxOMark မှာ 79 Marks သာရရှိခဲ့တာကြောင့် Mi Note 3 ဟာ Xiaomi ဖုန်းတွေထဲမှာ DxOMark အမှတ်အများဆုံးဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျောကင်မရာ Setup က Mi 6 နဲ့ အတူတူပဲဆိုတော့ Mi 6 ကို Benchmark လုပ်မယ်ဆိုရင်လည်း Mi Note 3 နဲ့ ရမှတ်အတူတူလောက်ပဲ သွားကျပါလိမ့်မယ်။

လောလောဆည် DxOMark Mobile မှာ အမှတ်အများဆုံးဖုန်းတွေကတော့ Google Pixel 2, iPhone X နဲ့ Huawei Mate 10 Pro တို့ ဖြစ်ပါတယ်။

                Xiaomi Mi Note 3 ဖုန်းဟာ Dual Sony IMX 386 Sensor (f1.8 Wide Lens + f2.6 Telephoto Lens) ကို အသုံးပြုထားတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဈေးနှုန်းအနေနဲ့လည်း ငွေကျပ် ၄ သိန်းဝန်းကျင်သာရှိတဲ့အတွက် ကင်မရာပိုင်းအရရော၊ စွမ်းဆောင်ရည်ပိုင်းအရရော တန်တယ်လို့ သုံးသပ်နိုင်တဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။ 

                Xiaomi Mi Note 3 နဲ့ Mi 6 စမတ်ဖုန်းနှစ်လုံးကို ယခု Link မှာ နှိုင်းယှဉ်နိုင်ပါတယ်။

References
GSMArena DxoMark
About Author
Assinged Tags
Xiaomi Smartphones Benchmark Mi 6 DxOMark Mi Note 3 Camera Benchmarks DxOMark Mobile
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed