Star Wars : The Last Jedi မပြသခင် Star Wars AR Stickers တွေကို Pixel ဖုန်းတွေအတွက် ထုတ်ပေးလိုက်တဲ့ Google

date_range 12 December 2017

Star Wars : The Last Jedi မပြသခင် Star Wars AR Stickers တွေကို Pixel ဖုန်းတွေအတွက် ထုတ်ပေးလိုက်တဲ့ Google

visibility 200 Views

                Google ရဲ့ Pixel 2 ဖုန်းတွေမှာ Apple iOS 11 က ARKit လိုပဲ ARCore SDK နဲ့  AR Stickers တွေကို အသုံးပြုနိုင်ပါတယ်။ Pixel 2 ကို စတင်ပြသတဲ့ Launch Event မှာ Stranger Things AR Stickers တွေနဲ့ ကြော်ငြာခဲ့ပေမယ့် အခုအချိန်မှာ Google ကနောက်ထပ် Stickers အမျိုးအစားတစ်ခုကို ထုတ်ပေးလိုက်ပါပြီ။ 

                အဲ့ဒါကတော့ ဒီအပတ်နိုင်ငံတကာမှာရော၊ ကျွန်တော်တို့ ဆီမှာရော သောကြာနေ့မှာရုံတင်တော့မယ့် Star Wars : The Last Jedi ရုပ်ရှင်အတွက် The Last Jedi Themed AR Stickers တွေပါ။ 

                အဲ့ဒီ Star Wars AR Stickers တွေထဲမှာ Stormtroopers တပ်သားတွေ၊ R2-D2 လိုမျိုး နာမည်ကြီး Characters တွေနဲ့အတူ အခြား Star Wars ရုပ်ရှင်တွေထဲက Characters အများအပြားပါဝင်ပါတယ်။



                အဆိုပါ Star Wars AR Stickers တွေကို Android Version 8.1 Oreo အသုံးပြုထားတဲ့ Google Pixel ဖုန်းတွေအားလုံးအတွက် ရရှိလာမှာဖြစ်ပြီး တကယ်လို့ မရရှိသေးဘူးဆိုရင် Google Play Store ကနေ Camera App ကို Update လုပ်လိုက်လို့ ရပါတယ်။ Star Wars AR Stickers တွေကို အသုံးပြုဖို့ကလည်း Pixel Camera App ကို ဖွင့်လိုက်ပြီး နှစ်သက်ရာ Stickers ကို ရွေးချယ်ပြီး ကိုယ်ထားချင်တဲ့နေရာမှာ ထားပြီး အသုံးပြုရုံပါပဲ။ 

                အဲ့ဒီအတွက် Google က လောလောဆယ်မှာ Stranger Things ထဲက Demogorgon နဲ့ Eleven တို့၊ Foodmojis နဲ့ 3D Text Stickers တွေအပြင် အခု Star Wars AR Stickers တွေပဲ ရှိသေးတာဖြစ်ပါတယ်။ Google ကတော့ နောက်ပိုင်းမှာ အခြားသော Stickers Pack တွေကို ဆက်လက်ထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

References
Android Authority
About Author
Assinged Tags
Google Pixel Augmented Reality Smartphones Stickers Pixel 2 Pixel 2 XL AR Stickers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed