Deep Learning နဲ့ AI Calculation ပါလုပ်နိုင်မယ့် Nvidia ရဲ့ Titan V Graphic Card အသစ်

date_range 11 December 2017

Deep Learning နဲ့ AI Calculation ပါလုပ်နိုင်မယ့် Nvidia ရဲ့ Titan V Graphic Card အသစ်

visibility 560 Views

                Nvidia ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လက ချပြခဲ့တဲ့ GPU Microarchitecture Road Map အတိုင်း အခုလက်ရှိ Pascal GPU Architecture ရဲ့ နောက်မျိုးဆက်သစ်ဖြစ်တဲ့ Volta GPU Architecture ကို Titan Series Graphic Card တွေထဲမှာ ပထမဦးဆုံးအသုံးပြုထားတဲ့  Titan V ထွက်ရှိလို့လာပါပြီ။

                ဒီဇိုင်းပိုင်းမှာ အရင် Titan ကတ်တွေတုန်းကလို အဖြူ နဲ့ အနက်ရောင် ပုံစံမျိုး မဟုတ်တော့ဘဲ လှပတဲ့ ရွှေအိုရောင် Aluminium ကိုယ်ထည် ဒီဇိုင်းနဲ့ ထွက်ရှိလာတာပါ။


                အချက်အလက်တွေအရ  Titan V ဟာ High Performance Computing အတွက်ပါ အသုံးပြုနိုင်မယ့်အပြင် အရင် Titan XP နဲ့ GTX 1080 Ti တို့နဲ့ ကွာြခားနေတဲ့ အချက်က Accelerated Deep Learning လုပ်နိုင်တဲ့ Tensor Core Architecture ပါ၀င်တဲ့ အချက်ပဲဖြစ်ပါတယ်။


                ဒါ့အပြင် Titan V ဟာ HBM 2 [High Bandwidth Memory] နည်းပညာ ပါ၀င်တဲ့ ကတ်ဖြစ်ပြီး၊ အကြမ်းဖျဉ်းအရ Single Precision FP32 တွက်ချက်မှုမှာ 14.9 TFLOPS လုပ်ဆောင်နိုင်ပြီး အဲ့ပမာဏဟာ အရင် Titan XP ထက် ၃၁ ရာခိုင်နှုန်း ပိုမိုများပြားတာဖြစ်ပါတယ်။

                Samsung နှင့် SK Hnix ရဲ့ HBM2 တည်ဆောက်ပုံအရ GPU Package တွင် Memory size 4GB per stack ပါ၀င်တာဖြစ်ပြီး Titan V ရဲ့ 3D Packaging နည်းပညာအရ Memory Stack ၄ ခုမှာ ၃ခုပဲ Active ဖြစ်တဲ့အတွက် 12GB VRAM ပဲရှိမှာဖြစ်ပြီး 1.7Gbps Memory Speed နဲ့ 3072-bit Memory Interface ရရှိမှာဖြစ်ပါတယ်။ Memory Bandwidth အနေနဲ့ 653GB/s ထိရှိတဲ့အတွက် 4K Computing လုပ်ဖို့ စွမ်းအင် အလုံအလောက် ရှိပါတယ်။


                နောက် Accelerated Deep Learning နဲ့ AI Calculation မှာအသုံးပြုဖို့ ပါ၀င်လာတဲ့ Tensor Cores ကို ဂိမ်းကစားခြင်းအတွက် အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ SMM Cluster တခုစီတွင် Special Purpose Tensor Cores ၈လုံးရှိမှာဖြစ်ပြီး Tensor Core တခုချင်းစီသည် 4 x 4 FMA (Fused multiply add) operation per cycle အရ (8 x 4) + (8 x 4) = 64 FLOPS ရှိတာဖြစ်ပြီး နောက်ထပ် ထပ်မံပေါင်းထည့်ခြင်းအားဖြင့် SMM Cluster တခုမှာ စုစုပေါင်း 128 FLOPS ရှိပါတယ်။ Titan V မှာတော့ Tensor Cores စုစုပေါင်း 640 ပါ၀င်တဲ့အတွက် Nvidia အဆိုအရ 110 TFLOPS ရှိပြီး မြန်နှုန်းအရ 1340MHz ၀န်းကျင်ရှိပါတယ်။


                ဒါပေမယ့် Tensor Cores ရဲ့ အားသာချက်ကို ဂိမ်းကစားခြင်းမှာ အသုံးမပြုနိုင်ဘဲ နောက်ထပ် ထွက်မယ့် Volta GV102 ကတ်တွေမှာတော့ GDDR5X ဒါမှမဟုတ် GDDR6 Memory ကို အသုံးပြုမလားကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Titan V ဟာ Clock Speed နည်းနေတာကလွဲလို့ များပြားတဲ့ Active Cuda Core နဲ့အတူ HBM2 Interface ကြောင့် 4K Gaming တွေမှာ FPS (Frame per second) များများ ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။

This Article is Contributed by 2ppu
References
PC Gamer
About Author
Assinged Tags
Nvidia GPU Graphics Card Volta GPU Architecutre Titan V Nvidia Titan
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed