LG V30+ ကို အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မိတ်ဆက်သွားမည်

date_range 07 December 2017

LG V30+ ကို အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မိတ်ဆက်သွားမည်

visibility 1540 Views

                LG က ဒီနှစ် IFA 2017 ပွဲမှာ LG V30 နဲ့ LG V30+ Flagship စမတ်ဖုန်းတွေကို ထုတ်ခဲ့ပါတယ်။ တကယ်တမ်းတော့ LG V30+ က LG V30 နဲ့ ဒီဇိုင်းကော Specifications တွေပါ အတူတူပါဘဲ။ ဒါပေမယ့် ဘယ်နေရာမှာ ကွာသွားလဲဆိုတော့ Storage အပိုင်းပါ၊ LG V30 မှာ Internal Storage က 64GB ဘဲရှိပြီး V30+ မှာတော့ 128GB ထိ ဖြစ်ပါတယ်။ Version ၂ မျိူးလုံးအတွက် MicroSD ကတော့ 2TB(2000GB) အထိ Support ပေးထားပါတယ်။ 


                LG V30 ကို မိတ်ဆက်သွားတာ (၃) လ ကျော်ပြီဆိုပေမယ့် အိန္ဒိယက LG Fans တွေဟာ တခြားနိုင်ငံက ၀ယ်လာတာကလွဲလို့ LG V30 ကော V30+ ကိုကော ခုချိန်ထိ မကိုင်ရသေးပါဘူး။ Device တစ်ခုကို ကိုယ့်ဘာသာ နိုင်ငံခြားက မှာပြီး သုံးတာက အခက်အခဲလေးတွေရှိတတ်ပါတယ်။ စမတ်ဖုန်းတွေမှာဆိုရင် ပိုဆိုးပါတယ်။ ဘာလို့လဲဆိုတော့ Region မတူတဲ့ ဖုန်းတွေမှာ Cellular bands နဲ့ Warranties ပိုင်းမှာ ပြဿနာတွေ ရှိလာနိုင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက LG ပရိတ်သတ်တွေအနေနဲ့ စိတ်ပူစရာမလိုပါဘူး။ LG အနေနဲ့ V30 စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ အခုလာမယ့် ဒီဇင်ဘာလအတွင်း တရားဝင်တင်သွင်းရောင်းချဖို့ ရှိတယ်လို့ ကျနော်တို့ သိထားရပါတယ်။

                အိန္ဒိယမှာလည်း ဒီဇင်ဘာလအတွင်း LG V30 ကို မိတ်ဆက်ဖို့ ရှိတယ်လို့ ခန့်မှန်းထားခဲ့ကြပေမယ့်၊ အခုတော့ LG V30+ ကိုပဲ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း LG က တရားဝင်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် V30+ နဲ့အတူ V30 ကိုပါ ရောင်းချဖို့ ရှိနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။


                LG V30 နဲ့ V30 Plus ဟာ 6-inch အရွယ်အစား ရှိတဲ့ 2880 x1440 Pixels 18:9 Aspect Ratio POLED Display ကို အသုံးပြုထားပြီး Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်၊Processor ကိုတော့ Octa-core Qualcomm Snapdragon 835 ကို အသုံးပြုထားပြီး၊ 4GB RAM ပါရှိပါမယ်၊ ကျောဘက် Camera ကို 16MP Standard Angle Sensor with f/1.6 Aperture, Laser Detection Autofocus, OIS, EIS နဲ့ 13MP Wide Angle Sensor with f/1.9 Aperture  ကို တပ်ဆင်ထားပြီး ရှေ့ဘက် Camera ကိုတော့ 5MP Wide Angle Sensor with f/1.9 ကို သုံးထားပါတယ်။

                Battery Capacity မှာ 3300 mAh နဲ့ Wireless Charging ပါရှိပါမယ်။ Quick Charge 3.0 အသုံးပြုနိုင်ပြီး၊  Water and Dust Resistance မှာ IP Rating 68 ရရှိထားပါတယ်၊ 3.5mm Headphone Jack တော့ မပါဝင်ပါဘူး။ LG V30 ရဲ့ Specifications အပြည့်အစုံကို ကျနော်တို့ရဲ့ Mobile Finder ကဏ္ဍမှာ ကြည့်ရှုနိုင်ပါတယ်။

This Article is Contributed by Thaw Zin
References
Android Authority
About Author
Assinged Tags
Smartphones LG LG V30 series smartphone 18:9 Aspect Ratio LG V30+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed