မြန်နှုန်းမြင့် ရထားပေါ်မှာတောင် Data Transmission Speed 1.7Gbps အထိ ပေးနိုင်တဲ့ 5G Network ကို Demo ပြသနိုင်ခဲ့တဲ့ Samsung

date_range 04 December 2017

မြန်နှုန်းမြင့် ရထားပေါ်မှာတောင် Data Transmission Speed 1.7Gbps အထိ ပေးနိုင်တဲ့ 5G Network ကို Demo ပြသနိုင်ခဲ့တဲ့ Samsung

visibility 1340 Views

                တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Samsung အနေနဲ့ ဂျပန်နိုင်ငံ အခြေစိုက် Telecommunications Operator ဖြစ်တဲ့ KDDI (KDDI အနေနဲ့ မြန်မာနိုင်ငံက Telecom Opertor MPT နဲ့လည်း ပူးပေါင်းထားပါတယ်) နဲ့ ၂၀၁၅ ခုနှစ် ကတည်းက ပူးပေါင်းပြီး နည်းပညာ Project တွေ အတူတူ လုပ်ခဲ့ကြပါတယ်။

                ကုမ္ပဏီနှစ်ခု ပူးပေါင်းခြင်းရဲ့ ရလဒ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ Demo မှာ တစ်စက္ကန့်ကို Data Transmission Speed 1.7 Gb အထိ ပေးနိုင်တဲ့ 5G Network ကို ပြသနိုင်ခဲ့တယ်လို့ ဂျပန်နိုင်ငံ သတင်းအေဂျင်စီ Yonhap က ဆိုပါတယ်။ 

                ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဂျပန်နိုင်ငံမှာ လက်ရှိပြေးဆွဲနေပြီး တစ်နာရီကို ကီလိုမီတာ ၁၀၀ အထိ မြန်နှုန်းရှိတဲ့ ရထားပေါ်မှာ 5G Network ကို Demo အနေနဲ့ ထပ်မံပြသခဲ့ပါသေးတယ်။ ဒီ Demo ပြသနေစဉ် အချိန်အတွင်း ရထားပေါ်မှာ တပ်ဆင်ထားတဲ့ On-Board 5G Router ကို အသုံးပြုပြီး 8K Video တွေကို Download ဆွဲနိုင်ခဲ့သလို 4K Video တွေကိုလည်း ချက်ချင်း Camera နဲ့ရိုက်၊ ချက်ချင်း Server ပေါ် Upload လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

                Samsung က တာဝန်ရှိသူတွေကတော့

                “အခု Demo ပြသခဲ့တဲ့ 5G Network က Latency လည်းနည်းသလို Data Input/Output ကောင်းမယ်၊ Connection ကလည်းကောင်းမွန်တာ ဖြစ်တဲ့အတွက် မြန်နှုန်းမြင့် ရထားနဲ့ ခရီးသွားကြရမယ့် ခရီးသည်တွေအတွက်ရော၊ ရထား Operator တွေအတွက်ပါ အလားအလာကောင်းတဲ့ 5G Network တစ်ခု ဖြစ်လာမှာပါ”

လို့ ဆိုပါတယ်။

                KDDI က တာဝန်ရှိသူတွေကလည်း

                “ကျနော်တို့ အခုစမ်းသပ်နေတဲ့ 5G Network ၂၀၂၀ ခုနှစ်အမှီ Launch လုပ်နိုင်ဖို့အတွက် Real-Life Experiments တွေကိုလည်း Samsung နဲ့အတူ ဆက်လက် စမ်းသပ်သွားမှာပါ”

လို့ ပြောကြားခဲ့ပါတယ်။

                Samsung နဲ့ KDDI အနေနဲ့ အခုစမ်းသပ်နေတဲ့ 5G Network ဟာ မကြာခင် အချိန်အတွင်းမှာ Security ပိုင်းမှာလည်း ကောင်းမွန်ပြီး မြန်လည်းမြန်မယ့် On-Board WiFi Services တွေအတွက် ရှေ့ဆောင်လမ်းပြ ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Samsung Cellular Network KDDI Telecom Operator 5G Network On-Board WiFi Service
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed