iPhone 8, 8 Plus နဲ့ X တို့မှာ ပါဝင်တဲ့ Fast Charging ဟာ OnePlus 5T နဲ့ LG V30 တို့ထက် နှေးကွေး

date_range 03 December 2017

iPhone 8, 8 Plus နဲ့ X တို့မှာ ပါဝင်တဲ့ Fast Charging ဟာ OnePlus 5T နဲ့ LG V30 တို့ထက် နှေးကွေး

visibility 1520 Views

                Fast Charging ဆိုတာ ဒီနှစ်ထွက်ရှိလာတဲ့ iPhone 8, 8 Plus နဲ့ X တို့မှာမှ စတင် ပါဝင်လာတာပါ။ ဒါပေမယ့် Tom’s Guide က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု အရ iPhone 8, 8 Plus နဲ့ X တို့က Fast Charging ဟာ Flagship Android ဖုန်းတွေလောက် မမြန်တာကို တွေ့ရှိရပါတယ်။

                စမ်းသပ်မှုကိုတော့ Fast Charging ရရှိတဲ့ Flagship Android ဖုန်းတွေဖြစ်တဲ့ OnePlus 5T, LG V30, Google Pixel 2, Samsung Galaxy Note 8 တို့နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း Apple က Fast Charging ရတယ်လို့သာ ကြေငြာထားတာပါ။ ကျနော် iPhone X Review Video တုန်းက ပြောခဲ့တဲ့အတိုင်းပဲ ဗူးထဲမှာ ပါလာတဲ့ ကြိုးနဲ့၊ ခေါင်းနဲ့က Fast Charging လုံးဝ မရပါဘူး။ 

                ဒီတော့ Tom’s Guide အနေနဲ့ iPhone 8, 8 Plus နဲ့ X တို့ရဲ့ Fast Charging ကို စမ်းသပ်ဖို့အတွက် Apple ရဲ့ 29-Watt USB-C Adapter နဲ့ Lightning to USB-C Cable တို့ကို သီးသန့်ဝယ်ယူ အသုံးပြုခဲ့ရပါတယ်။ စမ်းသပ်ဖို့အတွက် Tom’s Guide အနေနဲ့ ဒေါ်လာ ၇၀ လောက် ထပ်သုံးရမှာ အသေအချာပါပဲ။


                ပထမဆုံး စမ်းသပ်မှုကတော့ မိနစ် ၃၀ အတွင်း Battery Percentage ဘယ်လောက် ရောက်လဲဆိုတာကို စမ်းသပ်ပါတယ်။ ဒီစမ်းသပ်မှုမှာ OnePlus 5T ကတော့ မိနစ် ၃၀ မှာ 59% အထိ အားသွင်းနိုင်ပြီး ရှေ့ဆုံးကနေ ဦးဆောင်နေပါတယ်။ LG V30 ကတော့ မိနစ် ၃၀ မှာ 53% အထိ အားသွင်းနိုင်ပြီး ဒုတိယနေရာကို ယူထားပါတယ်။

                iPhone X, 8 Plus နဲ့ 8 တို့ကတော့ မိနစ် ၃၀ မှာ 50% ဝန်းကျင်ပဲ အားသွင်းနိုင်တာကြောင့် ၃, ၄, ၅ အဆင့်မှာ အသီးသီး နေရာယူထားပါတယ်။ Google Pixel 2 ကတော့ မိနစ် ၃၀ မှာ 38% ပဲ အားသွင်းနိုင်ပြီး Samsung Galaxy Note 8 ကတော့ 35% အထိသာ အားသွင်းနိုင်တာကို တွေ့ရှိရပါတယ်။

                ဒုတိယ စမ်းသပ်မှုကိုတော့ တစ်နာရီအတွင်း Battery Percentage ဘယ်လောက်ထိ ရောက်လဲဆိုတာကို စမ်းသပ်ပါတယ်။ ဒုတိယ စမ်းသပ်မှုမှာလည်း OnePlus 5T က တစ်နာရီ အတွင်းမှာ 93% အထိ အားသွင်းနိုင်တာကြောင့် ရှေ့ဆုံးကနေ ဦးဆောင်ထားတုန်းပါပဲ။ LG V30 ကလည်း တစ်နာရီ အတွင်းမှာ 86% အထိ အားသွင်းနိုင်တာကြောင့် ဒုတိယနေရာကို ယူထားတုန်းပါပဲ။

                iPhone X, 8 Plus, 8, Google Pixel 2 နဲ့ Samsung Galaxy Note 8 တို့ဟာလည်း ပထမ စမ်းသပ်မှုတုန်းကလိုပဲ အသီးသီး နေရာယူထားကြပါတယ်။ ဒီစမ်းသပ်ချက်အရ လက်ရှိမှာ Fast Charging အမြန်ဆုံး Smartphone ကို ပြောပါဆိုရင် OnePlus 5T လို့ပဲ ပြောရမှာပါ (OnePlus ရဲ့ Dash Charging ကိုတော့ လက်မအကြီးကြီး ထောင်လိုက်ပါတယ်)။ မိနစ် ၃၀ မှာ 59% တစ်နာရီမှာ 93% အထိ အားသွင်းနိုင်တာဟာ မြန်လည်းမြန်သလို တော်တော်ကြီးလည်း အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။


                iPhone X, 8 Plus နဲ့ 8 အသုံးပြုသူတွေကတော့ ဗူးထဲမှာပါလာတဲ့ ကြိုးနဲ့၊ ခေါင်းနဲ့သာ အားသွင်းမယ်ဆိုရင် 100% ရောက်ဖို့အတွက် နှစ်နာရီခွဲ ဝန်းကျင်လောက်အထိ ကြာမှာဆိုတော့ တော်တော်ကြီးကို ကီးမကိုက်တာလို့ ပြောလို့ရပါတယ်။ ဒီစမ်းသပ်မှုမှာ Fast Charging ကိုသာ စမ်းသပ်တာ ဖြစ်တဲ့အတွက် iPhone X, 8 Plus နဲ့ 8 တို့အတွက် ကြိုးနဲ့ ခေါင်းနဲ့ သီးသန့် ဝယ်ယူပြီး စမ်းသပ်ခဲ့တာကြောင့် တတိယ နေရာလောက် ရတာဖြစ်ပါတယ်။ ဗူးထဲမှာ ပါလာလာတွေနဲ့သာ စမ်းသပ်မယ်ဆိုရင် အောက်ဆုံးကနေ မတက်တော့မှာ အသေအချာပါပဲ။


                Apple ပရိတ်သတ်တွေ အနေနဲ့ စဉ်းစားကြည့်ရင် ရင်နာစရာကြီးပါ။ ဗူးထဲမှာ ပါလာတဲ့ ကြိုးနဲ့၊ ခေါင်းနဲ့က Fast Charging မရဘူး။ ဒီတော့ Fast Charging ရအောင်ဆိုပြီး ကြိုးနဲ့ ခေါင်းနဲ့ကို ဒေါ်လာ ၇၀ လောက် အကုန်ခံပြီး အားသွင်းတော့လည်း တခြား Flagship Smartphone တွေကို မယှဉ်နိုင်သေးဘူး ဆိုတော့ကား … “Apple ရေ၊ အခုလို စမ်းသပ်မှုလေးတွေ မြင်ပြီးရင်လည်း ပြင်စရာရှိတာတွေ ပြင်ပါဦး” လို့သာ Report ဝိုင်းတင်ကြဖို့ ကောင်းနေပါပြီ။

References
9to5Mac Tom's Guide
About Author
Assinged Tags
Smartphones Battery Fast Charging related LG V30 series smartphone OnePlus Google Pixel 2 Samsung Galaxy Note 8 Dash Charge Charging Apple OnePlus 5T
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed