အနီရောင် Apple Store Logo တွေ၊ Apple Pay Donation တွေနဲ့ World AIDS Day ကို Support လုပ်မယ့် Apple

date_range 02 December 2017

အနီရောင် Apple Store Logo တွေ၊ Apple Pay Donation တွေနဲ့ World AIDS Day ကို Support လုပ်မယ့် Apple

visibility 400 Views

                ဒီဇင်ဘာ (၁) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့ ကို ထောက်ခံ အားပေးတဲ့ အနေနဲ့ ကမ္ဘာ အနှံ့အပြားက Apple Retail Store (၄၀၀) ကျော်မှာ ရှိတဲ့ Apple အမှတ်တံဆိပ်တွေကို အနီရောင် ပြောင်းလဲထားမယ်လို့ သိရပါတယ်။ AIDS ရောဂါနဲ့ ပက်သက်ပြီး Awareness မြှင့်တင်တဲ့ အစီအစဉ်တွေကို ဒီဇင်ဘာ (၁) ရက်မှ (၇) ရက် အထိ တစ်ပတ်ကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

                ဒီ တစ်ပတ် အတွင်းမှာ Apple Retail Store မှာ ဖြစ်စေ၊ Apple.com မှာ ဖြစ်စေ၊ App ထဲမှာ ဖြစ်စေ Apple Pay Transaction တစ်ခု ပြုလုပ်တိုင်း AIDS ရောဂါ တိုက်ဖျက်ရေး Global Fund ထဲကို (၁) ဒေါ်လာ ထည့်ဝင် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ မနှစ်ကလည်း ဒီလို အစီအစဉ် ပြုလုပ်ခဲ့ပြီး ဒေါ်လာ (၁) သန်း အထိ လှူဒါန်းနိုင်ခဲ့ပါတယ်။

“AIDS-free Generation တစ်ခု ရရှိဖို့ ကြိုးစားအားထုတ်ရာမှာ ကျွန်မတို့ Customer တွေကလည်း Apple Product တွေ၊ Service တွေ ကနေ တစ်ဆင့် ပါဝင် ကူညီလာနိုင်ပါတယ်။ HIV ရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကနေ သူတို့ရဲ့ ရင်သွေးတွေကို ရောဂါ မကူးစက်စေဖို့ ကာကွယ်တဲ့နေရာမှာ (RED) အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်နေပြီး၊ ဒီလို ကူညီမှုတွေဟာ တကယ် လိုအပ်တဲ့ နေရာတွေမှာ ထိရောက်မှု ရှိနေတာကို တွေ့ရပါတယ်။ AIDS ကို တိုက်ဖျက်ရာမှာ ဆက်လက် ပူးပေါင်း ပါဝင်သွားမှာ ဖြစ်ပြီး၊ ဒီလို ကြိုးပမ်းမှုတွေနဲ့ နောက်မျိုးဆက်သစ်တွေကို အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။”

လို့ Apple ရဲ့ Vice President of Environment, Policy and Social Initiatives ဖြစ်သူ Lisa Jackson က ပြောကြားခဲ့ပါတယ်။

                App Store ထဲက Today Tab မှာလည်း AIDS ကို တိုက်ဖျက်ဖို့ (RED) Initiative နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ App တွေ၊ Game တွေကို ပြသထားမှာ ဖြစ်ပြီး၊ အဲ့ဒီ့ App တွေ ကြောင့် ရရှိလာတဲ့ ဝင်ငွေတွေကို Global Fund ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။


                (RED) ဆိုတာ ကတော့ နာမည်ကြီး Brand တွေနဲ့ Game ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ ရှိပြီးသား ထုတ်ကုန်တွေကို အနီရောင် Theme နဲ့ Special Edition တွေ ပြုလုပ် ရောင်းချပြီး၊ ရရှိလာတဲ့ အကျိုးအမြတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို AIDS တိုက်ဖျက်ရေး Global Fund ထဲကို ထည့်ဝင် လှူဒါန်းကြတဲ့ Initiative တစ်ခု ဖြစ်ပါတယ်။ Apple ဟာ (RED) နဲ့ ပူးပေါင်းလာတာ (၁၀) နှစ် ကျော်လာပြီ ဖြစ်ပြီး၊ (PRODUCT)RED™ အမှတ်တံဆိပ်နဲ့ အနီရောင် Special Edition Product တွေ၊ Accessories တွေ ရောင်းချပေးခဲ့ပါတယ်။ ဟိုတလောက ခေတ်စားခဲ့တဲ့ အနီရောင် iPhone 7 ကလည်း (PRODUCT)RED™ ပဲ ဖြစ်ပါတယ်။

                Apple ဟာ ဒီနှစ်ထဲမှာ စံချိန်တင် အလှူငွေ ဒေါ်လာ သန်း (၃၀) ရှာဖွေပေးနိုင်ခဲ့ပြီး၊ ဒီ ပမာဏဟာ ကိုယ်ဝန်သည်ကနေ ရင်သွေးဆီကို ရောဂါ မကူးစက်အောင် ကာကွယ်နိုင်မယ့် ဆေးဝါးတွေကို ရက်ပေါင်း (၁၄၄) သန်းစာ ထောက်ပံ့နိုင်မယ် လို့ သိရပါတယ်။

                (၂၀၀၆) ခုနှစ် က စတင်ခဲ့တဲ့ (RED) အစီအစဉ်ဟာ Apple ရဲ့ ဒေါ်လာ သန်း (၁၆၀) အပါအဝင် အလှူငွေ စုစုပေါင်း ဒေါ်လာ သန်း (၅၀၀) ကျော် ရရှိခဲ့ပါတယ်။ Apple အပါအဝင် Nike, Starbucks, Gap စတဲ့ Brand တွေကလည်း Corporate Social Responsibility (CSR) အနေနဲ့ အခုလို အစီအစဉ်တွေကို နှစ်စဉ် ထောက်ခံ အားပေးလာတာကို တွေ့ရပြီး၊ Special Edition အနီရောင် Product တွေကိုလည်း ကျွန်တော်တို့ ပိုပြီး တွေ့မြင်လာရမှာ ဖြစ်ပါတယ်။

References
Mac Rumors Apple Newsroom
About Author
Assinged Tags
RED RED Apple World AIDS Day Donation
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed