ဘယ်အချိန်မှာ ဘယ် Application က Data ဘယ်လောက်သုံးလဲဆိုတာကို သိနိုင်တဲ့ Datally App ကို ထုတ်ပေးလိုက်တဲ့ Google

date_range 01 December 2017

ဘယ်အချိန်မှာ ဘယ် Application က Data ဘယ်လောက်သုံးလဲဆိုတာကို သိနိုင်တဲ့ Datally App ကို ထုတ်ပေးလိုက်တဲ့ Google

visibility 2020 Views

                Google ကနေ ဖုန်းအသုံးပြုသူတွေအတွက် တစ်နေ့ကိုယ် Mobile Data ဘယ်လောက် အသုံးပြုနေတယ်၊ ဘယ်အချိန်မှာ ဘယ် Application တွေက အသုံးပြုနေတယ်ဆိုတာကို သိနိုင်တဲ့ Datally အမည်ရှိတဲ့ Application တစ်ခုကို ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ 

                အဆိုပါ Datally Application က လက်ရှိထွက်ရှိခဲ့သမျှ Data Usage ကိုဖော်ပြတဲ့ Application တွေထဲမှာ အရိုးရှင်းဆုံးတစ်ခုဖြစ်ပြီးတော့ Application ကို ဖွင့်လိုက်တာနဲ့ တစ်နေ့စာ အင်တာနက်အသုံးပြုမှု ပမာဏရယ်၊ အသုံးအများဆုံး Application တွေရဲ့ Data Usage Highlight တွေကိုတန်းမြင်ရမှာပါ။


                Datally Application မှာ Features ၂ ခုအဓိကပါဝင်ပြီး ပထမတစ်ခုက Manage Data ပဲဖြစ်ပါတယ်။ အဆိုပါ Manage Data မှာတော့ တစ်နေ့တာရဲ့ အချိန်အလိုက် သုံးစွဲဖြစ်တဲ့ Application တွေနဲ့ အချိန်တွေကို ဖော်ပြပေးသွားမှာဖြစ်ပြီး တပတ် သို့မဟုတ် တစ်လအတွင်း အသုံးပြုမှုတွေကိုပါ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 


                နောက်ထပ် Datally ရဲ့ Feature တစ်ခုကတော့ Find Wifi ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အခု Find Wifi က အသုံးမဝင်သေးပေမယ့် ကိုယ်ရောက်ရှိနေတဲ့နေရာမှာရှိနေတဲ့ Wifi ရနိုင်တဲ့ Location တွေကို မြင်ရမှာဖြစ်ပါတယ်။ ဒီ Feature က Facebook Application မှာပါဝင်တဲ့ Nearby Wifi Feature နဲ့ ဆင်တူနေပါတယ်။ 


                Datally ရဲ့ Home ကို ပြန်သွားရင်တော့ အဲ့ဒီမှာ Data Saver ဆိုတဲ့ Icon အကြီးကြီးကို မြင်ရမှာဖြစ်ပြီး အဆိုပါ Data Saver ကို ဖွင့်ထားလိုက်ရင် နောက်ကွယ်မှာ အသုံးပြုနေတဲ့ Application တွေရဲ့ Background Data တွေအကုန်လုံးကို ပိတ်လိုက်မှာဖြစ်ပါတယ်။ 

                အခုလိုမျိုး Google ကိုယ်တိုင်က အသုံးဝင်တဲ့ Application တွေကို ပြုလုပ်နေတာက နောက်ပိုင်းမှာ Android OS မှာတင် အခုလို Application တွေထည့်သွင်းလာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။ တလောကလည်း Google က ဖုန်းအချင်းချင်း File Transfer ပြုလုပ်နိုင်တဲ့ Files Go App ကို ထုတ်လုပ်ခဲ့သေးတယ်ဆိုတော့ Google က Application တွေဘက်ကို အာရုံစိုက်လာတယ်လို့ ပြောလို့ရပါတယ်။

References
TechX Myanmar
About Author
Assinged Tags
Google Applications Datally
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed