18:9 Ratio Display နဲ့ ထပ်မံထွက်ရှိလာတဲ့ Asus Zenfone Max Plus (M1)

date_range 30 November 2017

18:9 Ratio Display နဲ့ ထပ်မံထွက်ရှိလာတဲ့ Asus Zenfone Max Plus (M1)

visibility 1300 Views

                Asus ကနေ Zenfone Series ဖုန်းတွေထဲကို လက်ရှိခေတ်စားနေတဲ့ 18:9 Ratio Display ကို အသုံးပြုထားတဲ့ဖုန်းတစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ဖုန်းကို Asus Zenfone Max Plus (M1) လို့နာမည်ပေးထားပြီး 18:9 Ratio 5.7" Full HD+ IPS LCD Screen ပါဝင်မှာဖြစ်ပါတယ်။


                Asus Zenfone Max Plus မှာ Processor အနေနဲ့ ယခင် Zenfone 3s Max မှာ အသုံးပြုခဲ့တဲ့ 28nm Architecture အသုံးပြုထားတဲ့ MediaTek 6750T CPU ကိုပဲ အသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းကတော့မြင့်မားမှာမဟုတ်ပါဘူး။ Zenfone Max Plus မှာ RAM 2GB, Internal Storage 16GB သုံးထားတဲ့ Version နဲ့ RAM 3GB, Internal Storage 32GB သုံးစွဲထားတဲ့ Version ဆိုပြီး ၂ မျိုးထွက်ရှိသွားမယ်လို့ သိရပါတယ်။

                Asus Zenfone Max Plus မှာလည်း အခြား Asus Zenfone 4 Series ဖုန်းတွေလိုပဲ Dual Camera ပါဝင်လာမှာဖြစ်ပြီး Back Camera မှာ 16MP Primary Sensor အပြင် 8MP Wide Angle Lens ပါ ပါဝင်လာမှာပါ။ Front Selfie Camera ကို 8MP တပ်ဆင်ပေးထားပြီး Face Unlock စနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။ 

                အဆိုပါ Zenfone Max Plus ဖုန်းမှာ 4130 mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Asus ရဲ့ ကိုယ်ပိုင် PowerMaster နည်းပညာပါဝင်မယ်လို့ သိရပါတယ်။ Fast Charging မပါဝင်တဲ့အတွက် 0 - 100% အထိအားပြည့်ဖို့ကတော့ အချိန် ၃ နာရီလောက်ကြာမှာဖြစ်ပါတယ်။ 


                Asus Zenfone Max Plus ကို Android Version 7.1.1 အပေါ်အခြေခံထားတဲ့ Zen UI 4.0 နဲ့ အသုံးပြုရမှာဖြစ်ပြီး ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းကိုတော့ အတိအကျကြေငြာသွားခြင်းမရှိသေးပါဘူး။ 


References
GSM Arena
About Author
Assinged Tags
Asus Smartphones Zenfone Face ID Zenfone Max Plus (M1)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed