"Regram" Feature အပြင် အခြားသော Features အသစ်အများအပြားကို စမ်းသပ်နေတဲ့ Instagram

date_range 30 November 2017

"Regram" Feature အပြင် အခြားသော Features အသစ်အများအပြားကို စမ်းသပ်နေတဲ့ Instagram

visibility 240 Views

                Instagram ကအမြဲတမ်းလိုလို Update တွေထုတ်လေ့ရှိပေမယ့် ကြီးကြီးမားမားပြောင်းလဲတတ်တဲ့ Features တွေကိုတော့ အသစ်မထည့်သွင်းတာ အနည်းငယ်ကြာသွားပြီဖြစ်ပါတယ်။

                ဒါပေမယ့် အခုအချိန်မှာတော့ Instagram ဟာ Android နဲ့ iOS အသုံးပြုသူတွေအတွက် Features အသစ်အများအပြားကို စမ်းသပ်နေတယ်လို့ သိရပြီး အဲ့ဒီ Features အသစ်တွေထဲမှာ တောင်းဆိုမှုအလွန်များပြားတဲ့ "Regram" Feature လည်းပါဝင်တယ်လို့ သိရပါတယ်။ "Regram" Feature ဆိုတာကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Instagram Post တစ်ခုကို Facebook မှာ Share ပြုလုပ်သလို၊ ဒါမှမဟုတ် Twitter မှာ Retweet ပြုလုပ်သလိုမျိုးပဲ ပြန်လည်ဝေမျှတာဖြစ်ပါတယ်။ အခုလိုမျိုး "Regram" Feature သာထည့်သွင်းပေးခဲ့မယ်ဆိုရင် Instagram ကနေ လုပ်ငန်းတစ်ခုခုကို ကြော်ငြာတဲ့နေရာမှာလည်း ပိုပြီးထိရောက်လာနိုင်မယ်လို့ ယူဆရပါတယ်။ 

                နောက်ထပ်တစ်ခုကတော့ GIF Search Feature ပဲဖြစ်ပါတယ်၊ Facebook နဲ့ Messenger မှာ GIF Search Feature က ရတာကြာပြီဖြစ်ပေမယ့် Instagram ကတော့အခုမှ စမ်းသပ်နေတုန်းဖြစ်ပါတယ်။ အခု GIF တွေကို ထုံးစံအတိုင်း Giphy ကနေပဲ ရယူ ရှာဖွေနိုင်မယ်လို့ သိရပါတယ်။ 

                နောက်ပြီး Instagram ရဲ့ Stories တွေကို Save ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Instagram Stories တွေက ၂၄ နာရီပဲ ကြည့်ရှုနိုင်တာဖြစ်ပေမယ့်အခုအချိန်မှာတော့ အချိန်အကန့်အသတ်မရှိပဲ Save ထားလို့ရတော့မှာပါ။

                နောက်ဆုံး Instagram က စမ်းသပ်နေတဲ့ Feature ကတော့ "Close Friends" ဆိုတဲ့ Feature ဖြစ်ပြီး Close Group အနေနဲ့ အချင်းချင်း သီးသန့်အသုံးပြု၍ရအောင် ပြုလုပ်နေတာဖြစ်ပါတယ်။ 

                Instagram ရဲ့ ဘယ် Features တွေကို အရင်ဆုံးသုံးရဖို့ရှိမလဲ မသိသေးပေမယ့် အခုလက်ရှိစမ်းသပ်နေတဲ့ Features တွေကတော့ တကယ်ကို ကြီးကြီးမားမားပြောင်းလဲထားတာတွေလို့ ပြောလို့ရပါတယ်။

References
Android Authority
About Author
Assinged Tags
Features Android iOS Instagram GIF Regram
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed