Apple Support လို့ခေါ်တဲ့ YouTube Channel တစ်ခုကို တိတ်တဆိတ် Launch လုပ်ထားခဲ့တဲ့ Apple

date_range 29 November 2017

Apple Support လို့ခေါ်တဲ့ YouTube Channel တစ်ခုကို တိတ်တဆိတ် Launch လုပ်ထားခဲ့တဲ့ Apple

visibility 580 Views

                Apple အနေနဲ့ Apple Support လို့ခေါ်တဲ့ YouTube Channel တစ်ခုကို အောက်တိုဘာလ ၅ ရက်နေ့ထဲက တိတ်တဆိတ် Register လုပ်ထားခဲ့တာ ဖြစ်ပေမယ့် အရင်ဆုံး Reddit မှာ သတင်းတွေ ပလူပျံနေခဲ့ပြီးမှ လူသိများလာခဲ့တာ ဖြစ်ပါတယ်။

                အခု YouTube Channel ရဲ့ About မှာတော့ “Tips, tricks, and how-tos - straight from Apple.” လို့ ရေးသားထားပါတယ်။ About မှာ ရေးထားတဲ့အတိုင်းပါပဲ။ Apple Device တွေနဲ့ ပက်သက်တဲ့ Tips and Tricks တွေကို Apple က How-To Video တွေ အနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

                အခုလောလောဆယ်မှာတော့

  1. How to shoot on iPhone
  2. iPad + iOS 11 How-Tos
  3. Apple Pay
  4. Apple Support FAQs

စတဲ့ Playlists ၄ ခုကို တွေ့ရပါတယ်။ နောက်ကျရင်တော့ Mac အကြောင်းတွေပါ တင်ဆက်ပေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

                How-Tos Video လေးတွေက တိုတိုနဲ့ လိုရင်းရောက်တဲ့ ဗီဒီယိုလေးတွေဖြစ်ပြီး ကြာချိန်ကလည်း ၁ မိနစ်နဲ့ ၂ မိနစ် ကြားမှာပဲ ရှိပါတယ်။ iOS အသုံးပြုသူတွေ အနေနဲ့ အခု Apple Channel ကို သွားရောက်ပြီး iOS နဲ့ ပက်သက်ပြီး မိမိ မသိတာလေးတွေ ရှိနေရင် သွားရောက်ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။


References
MacRumors
About Author
Assinged Tags
Youtube iOS How To Tips and Tricks Apple Support Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed