ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ iTunes Connect ကို ပိတ်ထားမှာဖြစ်တဲ့ Apple

date_range 29 November 2017

ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ iTunes Connect ကို ပိတ်ထားမှာဖြစ်တဲ့ Apple

visibility 620 Views

                နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ကာလမှာ App Store က ဝန်ထမ်းတွေကို ရက်သတ္တပါတ် တစ်ပါတ်ခန့် အားလပ်ရက် အနားပေးလေ့ရှိတဲ့ Apple အနေနဲ့ ဒီနှစ် ခရစ်စမတ်ကာလမှာလည်း ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ iTunes Connect ကို ပိတ်ထားတော့မှာ ဖြစ်ပါတယ်။

                iTunes Connect ပိတ်ထားတဲ့ ကာလအတွင်းမှာတော့ App Store ပေါ်ကို Apps အသစ်တွေ Submit လုပ်လို့ရမှာ မဟုတ်သလို၊ App Store ပေါ်မှာ တင်ထားပြီးသား Apps တွေအတွက် Update တွေကိုလည်း Submit လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် iOS Developer တွေအနေနဲ့ Apps တွေအတွက် ဈေးနှုန်းပြောင်းတာတွေ၊ Update ပေးတာတွေ၊ Apps အသစ်တွေ Submit လုပ်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ထားကြဖို့ လိုအပ်မှာပါ။

                Apple ကတော့ Developer တွေအနေနဲ့ iOS 11 App Store မှာ ပါဝင်လာတဲ့ Promotional Text Field ထဲကနေပြီး မိမိတို့ Apps တွေ၊ Games တွေနဲ့ သက်ဆိုင်တဲ့ Promotions အချက်အလက်တွေကို အကြောင်းကြားလို့ ရတယ်လို့ ပြောထားပါတယ်။ 

                ခရစ်စမတ် အားလပ်ရက်တွေ ဖြစ်တာနဲ့အညီ နိုင်ငံခြားက Developer တွေအနေနဲ့ Promotions တွေ ပေးဦးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် iOS အသုံးပြုနေသူတွေ အနေနဲ့ Apps တွေ၊ Games တွေ၊ in-Apps Purchases တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဦးမှာလည်း ဖြစ်ပါတယ်။

                နောက်ပြီးတော့ Promotions ကာလကလည်း iTunes Connect မပိတ်ထားခင်ကနေ ပြန်ဖွင့်ပြီး ရက်အနည်းငယ် ကြာတဲ့အထိ ရှိမှာဆိုတော့ iOS အသုံးပြုသူတွေ အနေနဲ့ ဒီဇင်ဘာလထဲမှာ App Store ကို အမြဲတမ်း Check ကြည့်ကြဖို့ အကြံပေးပါတယ်။

                App Submissions တွေ လုပ်လို့မရဘူး ဆိုပေမယ့် Developer တွေ အနေနဲ့ အခြား iTunes Connect Tools တွေကိုတော့ ခရစ်စမတ်ကာလ အားလပ်ရက်အတွင်းမှာ Access လုပ်နိုင်ခွင့်ရှိမယ်လို့ သိရပါတယ်။

References
MacRumors
About Author
Assinged Tags
Applications iOS iTunes App Store iOS Games iOS App Related iOS 11 Apple iTunes Connect iTunes Connect Tools
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed