Russia အစိုးရကသာ စပိုင်လုပ်ခိုင်းပါက နိုင်ငံကနေ ထွက်သွားမှာဖြစ်ကြောင်း Kaspersky CEO ပြောကြား

date_range 29 November 2017

Russia အစိုးရကသာ စပိုင်လုပ်ခိုင်းပါက နိုင်ငံကနေ ထွက်သွားမှာဖြစ်ကြောင်း Kaspersky CEO ပြောကြား

visibility 1600 Views

                Russia နိုင်ငံ၊ Moscow မြို့အခြေစိုက် နာမည်ကျော် Antivirus Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kaspersky Lab ကို တည်ထောင်ခဲ့သူ၊ ကုမ္ပဏီရဲ့ လက်ရှိ CEO Eugene Kaspersky က ရုရှားထောက်လှမ်းရေးအေဂျင်စီတွေအနေနဲ့ သူ့ကုမ္ပဏီကို စပိုင်လုပ်ပေးဖို့ တောင်းဆို၊အမိန့်ပေးတာမျိုး ရှိတာနဲ့ ရုရှားနိုင်ငံကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

                Russia စပိုင်တွေဟာ Kaspersky Software ကို အသုံးချကာ Americans တို့ရဲ့ လှို့ဝှက်အချက်အလက်တွေကို ခိုးယူနေတယ်လို့ စွပ်စွဲခံနေရတာကြောင့် Eugene Kaspersky က အခုလို ပြန်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ ဟာ အခုလိုပြဿနာတွေကြောင့် Kaspersky ကုမ္ပဏီရဲ့ မြောက်အမေရိကဝင်ငွေတွေ ကျဆင်းခဲ့ပေမယ့်လည်း၊ တခြားနိုင်ငံတွေမှာတော့ အခြေအနေေကာင်းမွန်နေတယ်လို့ သိရပါတယ်။

                အမေရိကန်ပြည်တွင်းလုံခြုံရေးဌာဖြစ်တဲ့ US Department of Homeland Secrity ကလည်း Kasperysky ရဲ့ Anitvius Software  ဟာ အမေရိကန်အစိုးရလှို့ဝှက်ချက်တွေ ပါတဲ့ အရေးကြီးဖိုင်တွေကို Copy ရယူနေတာကြောင့် အစိုးအေဂျင်စီတွေမှာ Kaspersky Lab ရဲ့ Software တွေ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ 

                Eugene Kaspersky ကတော့ သူတို့ကုမ္ပဏီအနေနဲ့ Russia ထောက်လှမ်းရေးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာမျိုး မရှိပေမယ့်၊ US Data တွေ ပါဝင်တဲ့ Files တစ်ချို့ကိုတော့ Kaspersky Software ကနေ မတော်တဆ ရယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီလို US လှို့ဝှက် Files တွေကို Kaspersky Lab က ရယူခဲ့တဲ့ဖြစ်ရပ်က NSA ကန်ထရိုက်တာ တစ်ဦးဟာ သူ့ကွန်ပြူတာမှာ Microsoft Office Pirate ဗားရှင်းသွင်းရင်း Malware ပါလာရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ Kaspersky ရဲ့ အဆိုအရတော့ အဆိုပါ NSA Contractor ဟာ သူ့ PC မှာ Malware တွေ့တာကြောင့် Kaspersky Antivirus Software နဲ့ Computer တစ်ခုလုံးကို Scan ဖတ်လိုက်တဲ့အခါ၊ Kaspyersky က ကွန်ပျူတာထဲမှာရှိတဲ့ NSA Hacking Tools တွေကိုပါ “အန္တရာယ်ရှိ Tool’ အဖြစ် သတ်မှတ်ကာ၊ Kaspersky Lab ကနေ စစ်ဆေးနိုင်ဖို့အတွက် Server ကို Upload ပြန်လုပ်ခဲ့တာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ 

                London မှာရှိတဲ့ Kaspersky ရုံးခန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မီဒီယာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ရုရှားက အနောက်နိုင်ငံတွေကို Spy လုပ်ပေးဖို့ Kaspersky ကို ခိုင်းတာမျိုးရှိလားလို့ မေးမြန်းခဲ့ရာမှာ Eugene က “လူတွေကို Spy လုပ်ပေးဖို့ သူတို့ တခါမှ မခိုင်းခဲ့ဖူးပါဘူး။ လုံးဝ၊ လုံးဝ ကို မရှိတာပါ” လို့ အပြင်းအထန်ငြင်းဆိုသွားခဲ့ပါတယ်။

                Eugene က သူ့ကုမ္ပဏီဟာ မီဒီယာတွေနဲ့ အမေရိကန်အစိုးရရဲ့ “ဆူနာမီသတင်းလှိုင်းလုံးကြီးတွေ” ဒဏ်ကို ခံခဲ့ရကြောင်းနဲ့၊ ဒီသတင်းတွေဟာ အခြေအမြစ်မရှိသလို နားလည်မှုလွဲစေနိုင်တဲ့ သတင်းတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

                Eugene ရဲ့ ပြောကြားချက်အရ သူ့ကုမ္ပဏီဟာ ဒီနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝင်ငွေ ဒေါ်လာ သန်း (၇၀၀) ကျော် ရရှိခဲ့ပေမယ့်၊ မြောက်အမေရိကမှာတော့ အမေရိကန်တွေရဲ့ စွပ်စွဲချက်တွေကြောင့် အရင်နှစ်ကထက် ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက် ဝင်ငွေလျော့နည်းခဲ့ရတယ်လို့ သိရပါတယ်။

                Kaspersky ကုမ္ပဏီတည်ထောင်သူ Eugene Kaspersky ဟာ Moscow က KGB Institute မှာ ပညာသင်ကြားခဲ့သူဖြစ်ပြီး၊ ဆိုဗီယက်စစ်ထောက်လှမ်းရေး (GRU) အတွက် အင်ဂျင်နီယာအဖြစ်လည်း အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်မှာတော့ Eugene ဟာ Kaspersky ကွန်ပျူတာလုံခြုံရေးကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ Kaspersky ထောင်ပြီးနောက်ပိုင်းမှာ GRU က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို ကူညီလုပ်ဆောင်ပေးခဲ့တာမျိုး လုံးဝမရှိကြောင်းလည်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ဖူးပါတယ်။

“ ရုရှားအစိုးရကသာ ကျုပ်ဆီဖြစ်ဖြစ် ကျုပ်ဝန်ထမ်းတွေဆီဖြစ်ဖြစ် လာပြီးတော့ မကောင်းတာတစ်ခုခု လုပ်ခိုင်းမယ်ဆိုရင် ရုရှားနိုင်ငံကနေ ကျုပ်စီးပွားရေးတစ်ခုလုံး ထွက်သွားမှာပါ။ ရုရှားဖြစ်ဖြစ်၊ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် သူလျှိုအေဂျင်စီတွေကို ကျုပ်တို့ တခါမှ မကူညီခဲ့ဖူးဘူး”

                လို့ Eugene က ပြောကြားခဲ့ပါတယ်။ သူ့ Products တွေဟာ Cyber Attacks တွေကို ရပ်တန့်ဖို့နဲ့၊ Malicious Code တွေကို သိဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး၊ အသုံးပြုသူဖောက်သည်တွေကို ပြန် Spy လုပ်ဖို့ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Malwares Security Anti-Virus Software Privacy Kapersky Spying Eugene Kaspersky Russia
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed