ထူးခြားတဲ့ Promotions အစီအစဉ်တွေနဲ့ INNOFLOW ရဲ့ iPhone X Launch Event

date_range 28 November 2017

ထူးခြားတဲ့ Promotions အစီအစဉ်တွေနဲ့ INNOFLOW ရဲ့ iPhone X Launch Event

visibility 7280 Views

                ၂၀၁၇ ခုနှစ်အတွင်း လူစိတ်ဝင်စားမှုအများဆုံး စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ iPhone X ကို Apple Authorised Reseller တစ်ဦးဖြစ်တဲ့ INNOFLOW က ယခုလာမယ့် ဒီဇင်ဘာလ (၁) ရက်နေ့ကျရင် မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

                INNOFLOW ရဲ့ iPhone X Launch Event ကို Junction City မှာရှိတဲ့ ‘INNOFLOW’ Apple Product အရောင်းဆိုင်မှာ ဒီဇင်ဘာလ (၁) ရက်နေ့၊ နေ့လည် (၃) နာရီကနေ ည (၈) နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲမှာ အဆိုတော် G-Latt ၊ Wai La တို့နဲ့အတူ DJ Smile တို့က ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


                ဒီဇင်ဘာလ (၁) ရက်နေ့ကစပြီး၊ INNOFLOW ကနေ စတင်ရောင်းချမယ့် iPhone X အလုံးတိုင်းမှာ Apple ရဲ့ တရားဝင် 1 Year Warranty ခံစားခွင့်ရရှိမှာဖြစ်သလို၊ Telenor Data Bonus လည်း စုစုပေါင်း (60) GB အထိ ရရှိသွားမှာ ဖြစ်ပါတယ်။ တစ်လကို Mobile Data Bonus (10) GB အထိရမယ်ဆိုတော့ လဝက်လောက်တော့ မိုဘိုင်းအင်တာနက်ဖိုး ကုန်စရာမလိုဘဲ ထိုင်သုံးနိုင်မှာဖြစ်ပြီး၊ (၆) လ လောက် အေးဆေးသုံးလို့ရတာပေါ့။ ဒါပေမယ့် တစ်လကို Mobile Data Bonus (10) GB ရဖို့အတွက် ဖုန်းငွေ (၂) သောင်းကျပ် ဖြည့်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

                iPhone X ဝယ်ယူသူတွေအတွက် အထက်ပါ ခံစားခွင့် (၂) ခုအပြင် နောက်ထပ်လက်ဆောင်ပစ္စည်းတွေလည်း ပေးအပ်သွားဖို့ ရှိတယ်လို့ INNOFLOW က ဆိုပါတယ်။ လက်ဆောင်ပစ္စည်းပေးအပ်မယ့် အစီအစဉ်မှာတော့ (၁၊ ၁၂၊ ၂၀၁၇) ကနေ (၃၊ ၁၂၊ ၂၀၁၇) ရက်အတွင်း iPhone X ဝယ်ယူသူ Customer အားလုံး အကျုံးဝင်မှာ ဖြစ်ပါတယ်။

ရရှိမယ့် ပစ္စည်းတွေကတော့

JBL Wireless On-Ear Headphone နဲ့
“iPhone X” T-Shirt

တို့ ဖြစ်ပါတယ်။

INNOFLOW ကနေ ရောင်းချမယ့် iPhone X စျေးနှုန်းတွေကတော့

iPhone X (64 GB) ကို မြန်မာငွေ ၁,၇၂၀,၀၀၀ ကျပ် နဲ့
iPhone X (256 GB) ကို မြန်မာငွေ ၁,၉၈၀,၀၀၀ ကျပ် ရှိမှာပါ။
အရောင်အနေနဲ့ကတော့ Silver နဲ့ Grey ထဲက နှစ်သက်ရာအရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

                လက်ဆောင်ပစ္စည်းတွေကို INNOFLOW ဆိုင်ခွဲ ၂ခုနဲ့ iSure တို့မှာ (၁၊၁၂၊၂၀၁၇) ရက်ကနေ (၃၊၁၂၊၂၀၁၇) ရက်အတွင်း iPhone X ဝယ်ယူသူတိုင်းကို ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

                iPhone X Review ကိုတော့ အောက်ပါ YouTube Video မှာ ကြည့်ရှုနိုင်ပါတယ်။



References
TechX Myanmar INNOFLOW
About Author
Assinged Tags
Local Tech News Apple iPhone X INNOFLOW Promotions iSure NAKZ Group
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed