Chromebook အားလုံးမှာ Microsoft Office Apps တွေကို အသုံးပြုနိုင်ပြီ

date_range 28 November 2017

Chromebook အားလုံးမှာ Microsoft Office Apps တွေကို အသုံးပြုနိုင်ပြီ

visibility 260 Views

                Android အတွက် ထုတ်ပေးထားတဲ့ Microsoft ရဲ့ Office Apps တွေဖြစ်တဲ့ Word, Excel, OneNote, PowerPoint စတဲ့ Productivity Apps တွေကို Play Store သုံးလို့ရတဲ့ Chromebooks တိုင်းမှာ အသုံးပြုလို့ရနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

                မသိသေးတဲ့လူတွေအတွက် ပြန်ပြောရမယ်ဆိုရင် Microsoft ဟာ ၂၀၁၃ ခုနှစ်မှာ iOS နဲ့ Android အတွက် Office Apps တွေကို ထုတ်ပေးခဲ့ပြီး၊ ၂၀၁၆ ခုနှစ်မှာတော့ Google က Chrome OS သုံး Chromebook တွေမှာလည်း Android Apps တွေကို အဆင်ပြေပြေသုံးလို့ရအောင် Play Store Support ထည့်ပေးခဲ့ပါတယ်။ ဒါပေမယ့် Chromebook အကုန်လုံးမှာတော့ Microsoft ရဲ့ Office Apps တွေ သုံးလို့မရခဲ့ဘဲ၊ တချို့ Chromebooks မော်ဒယ်တွေမှာပဲ သုံးလို့ရခဲ့တာပါ။ Office Apps မရတဲ့ Chromebooks တွေအနေနဲ့ Productivity အတွက် Google Docs, Google Sheets နဲ့ Google Slides တို့ကိုပဲ ပြောင်းသုံးခဲ့ရပါတယ်။

                ဒါပေမယ့် အခုတော့ Microsoft Office Apps တွေကို Samsung Chromebook Pro၊ Acer Chromebook 15 (မော်ဒယ်နှစ်မျိုး) နဲ့ Acer C771 မော်ဒယ်စတဲ့ Chromebook တွေမှာ အသုံးပြုလို့ရနေပြီဖြစ်တာကို ChromeUnboxed ကနေ တွေ့ရှိခဲ့ပြီး၊ Play Store သုံးလို့ရတဲ့ Chromebook အကုန်လုံးမှာ ရနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ Reddit အသုံးပြုသူတွေကလည်း သူတို့ရဲ့ Chromebook တွေမှာ Microsoft Office Suite for Android ကို သုံးလို့ ရနေပြီဖြစ်တယ်လို့ အတည်ပြုပေးထားတာ တွေ့ရပါတယ်။

                Chromebook အားလုံးမှာ Office Apps တွေ စသုံးလို့ရလာတာနဲ့ ပတ်သတ်ပြီး Google ကော Microsoft ဘက်ကကော တရားဝင်သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

                မကြာမီအချိန်အတွင်း  Google Assistant ကိုလည်း  Chromebooks တွေမှာ တွေ့ရတော့မှာဖြစ်တယ်လို့ သိထားရပါတယ်။ ဒါပေမယ့် ဒီသတင်းကတော့ သိပ်မသေချာသေးပါဘူး။

References
Gadgets 360 ChromeUnboxed
About Author
Assinged Tags
Google Microsoft Android Android App Chromebook G-Suite Microsoft Office Chrome OS Productivity
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed