Tesla လျှပ်စစ်ကားများမှာ ပါဝင်တဲ့ Battery Cell ကို အသုံးပြုထားတဲ့ ဖုန်း Powerbank အသစ် ထွက်ရှိ

date_range 20 November 2017

Tesla လျှပ်စစ်ကားများမှာ ပါဝင်တဲ့ Battery Cell ကို အသုံးပြုထားတဲ့ ဖုန်း Powerbank အသစ် ထွက်ရှိ

visibility 2220 Views

                လျှပ်စစ်ကားတွေနဲ့ နာမည်ကြီးတဲ့ Tesla က ပြီးခဲ့တဲ့ (၁၆) ရက်နေ့က Tesla Semi ဆိုတဲ့ လျှပ်စစ် Truck ကား နဲ့ Roadster လို့ ခေါ်တဲ့ လျှပ်စစ် Supercar တို့ကို မိတ်ဆက်ခဲ့ပြီး၊ ဒီ ကားအသစ် နှစ်စီးနဲ့ ပက်သက်တဲ့ သတင်းတွေကတော့ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။ အရမ်းလန်းတဲ့ Tesla Roadster အသစ်ကိုတော့ မစီးနိုင်သေးပေမယ့် ကျွန်တော်တို့ ပိုပြီး လက်လှမ်းမှီနိုင်တာကတော့ Tesla ရဲ့ Powerbank အသစ်လေးပါပဲ။

                အဲ့ဒီ့ Powerbank မှာ iPhone/iPad တွေ အားသွင်းဖို့အတွက် Lightning Connector အပြင်၊ Android Device တွေကို အားသွင်းနိုင်မယ့် Micro USB Connector လည်း ပါဝင်ပါတယ်။ နောက်ဆုံးပေါ် Mobile Device တွေမှာ USB-C Port တွေသာ ပါဝင်လာတာကြောင့် Tesla Powerbank ရဲ့ Micro USB နဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ Micro USB Connector ကိုတော့ အသုံးမလိုရင် Powerbank ကနေ ဖြုတ်ထားနိုင်ပါတယ်။


                Tesla လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ Supercharger တွေကို Inspire လုပ်ပြီး Tesla Design Studio မှာ ဒီဇိုင်းထုတ် ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက Tesla ရဲ့ လျှပ်စစ်ကားတွေ ဖြစ်တဲ့ Model S နဲ့ Model X တို့မှာ ပါဝင်တဲ့ Battery Cell ကိုပဲ ဒီ Powerbank မှာ အသုံးပြုထားတာ ဖြစ်ပါတယ်။ ကားတွေမှာတော့ အဲ့လို Battery Cell ပေါင်း (၇၀၀၀) လောက် ပါဝင်တာ ဖြစ်ပြီး၊ Tesla Powerbank မှာတော့ Battery Cell တစ်ခုတည်းပါပဲ။

                Powerbank ရဲ့ အလျားက (၁၁) စင်တီမီတာ လောက်ပဲ ရှိတာကြောင့် သယ်ရ ပြုရ လွယ်ကူပါလိမ့်မယ်။ Capacity က 3,350mAh ဖြစ်ပြီး ဈေးနှုန်းကတော့ (၄၅) ဒေါ်လာပါ။ Capacity ချင်းတူတဲ့ တခြား Powerbank တွေထက် ဈေး တော်တော်လေး ပိုများပေမယ့် ဒါကို ဝယ်လိုက်ရင်တော့ “ငါ့မှာ Tesla ရှိတယ်” လို့ ပြောနိုင်ပြီပေါ့ (ဟဲဟဲ)။

                နှစ်သက်ရာ Charging Cable လာတပ်နိုင်မယ့် USB Port တစ်ခု ပါဝင်တဲ့ Desktop Supercharger အသစ် ကိုလည်း ရောင်းချနေပါတယ်။ အပြင်က တကယ့် Tesla Supercharger ကြီးတွေရဲ့ ဒီဇိုင်းအတိုင်း အတိအကျ ပြုလုပ်ထားတဲ့ ပုံစံငယ်လေး တစ်ခုပါပဲ။ Portable Powerbank အနေနဲ့ မဟုတ်ဘဲ အထာကျတဲ့ စားပွဲတင် ပစ္စည်းလေး တစ်ခု အဖြစ် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပြီး Tesla Powerbank အတိုင်း (၄၅) ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။


စားပွဲတင် Desktop Supercharger


Tesla ကားများကို အားသွင်းပေးသည့် တကယ့် Supercharger

                Tesla.com မှာ စတင် ရောင်းချပြီး သိပ်မကြာခင်မှာပဲ Product နှစ်ခုလုံး ပစ္စည်းပြတ်တဲ့အထိ ရောင်းအား ကောင်းခဲ့ပါတယ်။ ဒီ Powerbank နဲ့ Desktop Supercharger တွေကို Tesla Fan တွေ အတော်လေး အကြိုက်တွေ့နေတာ ဖြစ်ပြီး၊ Collection တစ်ခု အဖြစ်သာမကဘဲ တကယ် အသုံးတည့်တဲ့ Gadget တွေ အနေနဲ့ တွေ့မြင်ရပါတယ်။

References
The Verge Redmond Pie
About Author
Assinged Tags
Tesla Gadgets Tesla Battery Powerbank Tesla Powerbank Charger Desktop Charger
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed