Chromebook ကြော်ငြာကို Spam လို့ မှားယွင်းဖော်ပြခဲ့တဲ့ YouTube

date_range 20 November 2017

Chromebook ကြော်ငြာကို Spam လို့ မှားယွင်းဖော်ပြခဲ့တဲ့ YouTube

visibility 580 Views

                Chromebook ဆိုတာ Google က သူတို့ရဲ့ Chrome OS ကို အသုံးပြုပြီး Acer နဲ့ Samsung တို့လို ကုမ္ပဏီတွေနဲ့ ပူးပေါင်းထုတ်လုပ်လေ့ရှိတဲ့ Laptop တွေပဲ ဖြစ်ပါတယ်။ အဲ့လို Chromebook တွေကို Google ရဲ့ YouTube ပေါ်မှာ အားရပါးရ ကြော်ငြာတာတော့ မဆန်းပါဘူး။ ဒါပေမယ့် “New Chromebooks are here” ဆိုတဲ့ ကြော်ငြာကိုတော့ Spam အနေနဲ့ သတ်မှတ်ပြီး YouTube က မှားယွင်း ဖယ်ရှားလိုက်ပါတယ်။

                ဒီလို မတော်တဆ ဖြစ်သွားတာကို Reddit အသုံးပြုသူ အချို့က တွေ့ရှိခဲ့တာ ဖြစ်ပြီး၊ သတင်းကတော့ အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ ကြော်ငြာကို ဖွင့်ကြည့်လိုက်တာနဲ့  “Spam များ၊ ရိုက်စားလုပ်ခြင်း များနဲ့ ပက်သက်တဲ့ YouTube ရဲ့ စည်းကမ်းချက်များကို ချိုးဖောက်တာကြောင့် ဒီ Video ကို ဖယ်ရှားလိုက်ပါတယ်” ဆိုတဲ့ စာသားကြီးက အထင်းသား ပေါ်လာခဲ့ပါတယ်။ ဒါကို Google က ပြင်ဆင်လိုက်ပြီ ဖြစ်ပေမယ့် Reddit အသုံးပြုသူတွေ ကတော့ Screenshot တွေ အမိအရ ဖမ်းယူထားလိုက်ပါတယ်။


                Screenshot နဲ့တင် အားမရသူ တစ်ယောက်ကတော့ Screen Recording လုပ်ထားတဲ့ Video ကိုပါ YouTube ပေါ် တင်ပေးခဲ့ပါတယ်။ ကြော်ငြာကို ဖွင့်မရတာ အခြား Error တစ်ခုခုကြောင့်လို့ ထင်စရာ ရှိပေမယ့် Pull-to-refresh လုပ်ကြည့်တာတောင် ဒုံရင်းက ဒုံရင်း ပါပဲ။



                Google ဟာ အောက်တိုဘာလတုန်းက အသစ် ထွက်ရှိခဲ့တဲ့ Google-branded Chromebook တစ်ခု ဖြစ်တဲ့ Pixelbook ကို Promote လုပ်နေပြီ ဖြစ်ပါတယ်။ ဒီလ အစ တုန်းကလည်း Chromebook တွေအတွက် သီးသန့် YouTube Channel အသစ် တစ်ခုကို လွှင့်တင်ခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့် Chromebook ကြော်ငြာကိုတောင် Spam/Scam အဖြစ် မှားယွင်း သတ်မှတ်လိုက်တဲ့အတွက်တော့ Google က လှောင်ပြောင်ခံနေရပါတယ်။

                YouTube မှာ ကြော်ငြာတွေနဲ့ ပက်သက်လို့ ပြဿနာ ဖြစ်တတ်တာ အဆန်းတော့ မဟုတ်ပါဘူး။ နာမည်ကြီး MKBHD အပါအဝင် YouTuber အချို့ တင်ခဲ့တဲ့ iPhone X Unboxing/Review Video တွေကို “ကြော်ငြာရှင် အများစု အတွက် မကိုက်ညီပါ” ဆိုပြီး အဲ့ဒီ့ Video တွေမှာ ကြော်ငြာတွေ မပြသခဲ့ပါဘူး။ နာရီပိုင်းလောက် အကြာမှာတော့ ပြန်လည် ပြင်ဆင်ပေးခဲ့ပေမယ့်၊ ကြော်ငြာ မပြဖြစ်လိုက်တဲ့ အချိန်အတွင်းမှာ ရလိုက်သင့်တဲ့ ဝင်ငွေတွေကတော့ အလဟဿ ဖြစ်သွားခဲ့ပါတယ်။ ဒီလို အမှားလေးတွေဟာ YouTuber တွေတင် မကဘဲ၊ YouTube နောက်ကွယ်က Google ကိုယ်တိုင်တောင် ကြုံနေရတာ ဖြစ်လို့ နောက်တစ်ခါ ဆိုရင်တော့ မအံ့ဩတော့ပါဘူး။

References
The Next Web
About Author
Assinged Tags
Google Youtube Chromebook Ads Spam
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed