Amazon ကနေ Products တွေရောင်းချနေပြီး US ဘက်ကိုစျေးကွက်ချဲ့ထွင်ဖို့ကြိုးစားနေတဲ့ Xiaomi

date_range 18 November 2017

Amazon ကနေ Products တွေရောင်းချနေပြီး US ဘက်ကိုစျေးကွက်ချဲ့ထွင်ဖို့ကြိုးစားနေတဲ့ Xiaomi

visibility 660 Views

                တရုတ်ပြည်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Xiaomi ဟာ US ဘက်ကို Products ပေါင်းများစွာ ဆက်လက်ရောင်းချသွားဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ Headphone Model နှစ်မျိုး၊ 10,000 mAh Mi Power Bank Pro၊ 360-Degree Camera နဲ့ Robot Coding Kit တို့ဟာ Amazon ပေါ်သို့ရောက်ရှိလာပြီဖြစ်ပြီး US ဘက်မှာ တင်သွင်းရောင်းချသွားဖို့ အစီအစဉ်ရှိနေပါတယ်။

                Xiaomi အနေနဲ့ လက်ရှိအချိန်မှာ Android TV Set-Top Box တွေ၊ Mi TV တွေကို US ဘက်က Walmart အချို့မှာ တင်သွင်းရောင်းချနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် US နိုင်ငံအတွက် Mi Online Store မှာလည်း Fitness Trackers, Battery Packs နဲ့ Headphones တွေကိုလည်း ရောင်းချပေးခဲ့ပါတယ်။ အံ့သြစရာကောင်းတာက ဒီ Devices တွေဟာ စတင်ရောင်းချပြီး မိနစ်သုံးဆယ်အကြာမှာပဲ ရောင်းကုန်သွားခဲ့ပါတယ်။

                Amazon မှာရှိတဲ့ Power Bank နဲ့ 360-Degree Camera တို့ဟာ အခုကတည်းက Out Of Stock ဖြစ်လို့နေခဲ့ပါပြီ။ Headphones တွေအနေနဲ့ကတော့ နိုဝင်ဘာလ ၂၄ ရက်မှာမှ စတင်ရောင်းချမယ်လို့ သိရှိထားပါတယ်။ Mi Headphones (Fit Over The Ear) တွေကိုတော့ USD $129.99 နဲ့ရောင်းချပေးသွာမှာဖြစ်ပြီး၊ Mi In-Ear-Headphones Pro ကိုတော့ $25.99 နဲ့ ရောင်းချပေးသွားမယ်လို့ သိရှိထားပါတယ်။

                Xiaomi အနေနဲ့လက်ရှိအချိန်မှာတော့ US ဘက်မှာ Mi စမတ်ဖုန်းတွေကိုရောင်းချပေးဖို့ ကြိုးစားခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း Xiaomi ဟာ Gadgets လေးတွေကိုတော့ US ဘက်မှာ အတော်လေးကို အောင်အောင်မြင်မြင်ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။ Xiaomi အနေနဲ့ Mi စမတ်ဖုန်းတွေကို US မှာတင်သွင်းရောင်းချတဲ့အခါမှာလည်း အောင်မြင်မှုရှိ/မရှိဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
The Verge
About Author
Assinged Tags
Xiaomi Amazon Gadgets United States
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed