သတင်းအမှား/အမှန် ခွဲခြားနိုင်ဖို့အတွက် သတင်းဆောင်းပါးတွေမှာ Trust Indicators ထည့်ပေးတော့မယ့် Facebook

date_range 17 November 2017

သတင်းအမှား/အမှန် ခွဲခြားနိုင်ဖို့အတွက် သတင်းဆောင်းပါးတွေမှာ Trust Indicators ထည့်ပေးတော့မယ့် Facebook

visibility 600 Views

                အချက်အလက်ခိုင်လုံမှုမရှိတဲ့ သတင်းတွေ၊ ပို့စ်တွေကြောင့် ဝေဖန်ခံနေတဲ့ Facebook ဟာ ဒီလိုသတင်းမှားတွေကို တိုက်ဖျက်ဖို့အတွက် အခုနှစ်အတွင်းမှာ တော်တော်လေး ကြိုးစားလုပ်ဆောင်နေတာ တွေ့ရပါတယ်။ Facebook ဟာ သတင်းတစ်ခုရဲ့ အချက်အလက်ခိုင်လုံမှုကို စစ်ဆေးပေးဖို့အတွက် ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သလို၊ Fake News ဖော်ပြတဲ့ Page တွေကိုလည်း ကြော်ငြာထည့်သွင်းခွင့် ပိတ်သွားမှာဖြစ်ကြောင်း ကြေညာပြီး ဖြစ်ပါတယ်။

                ယနေ့မှာလည်း Facebook ဟာ Trust Indicators လို့ခေါ်တဲ့  Feature တစ်ခုကို သတင်းမီဒီယာတစ်ချို့မှာ စတင်စမ်းသပ်နေပြီဖြစ်ကာ၊ ရှေ့လအနည်းငယ်အတွင်း တခြားမီဒီယာတွေလည်း ဒီ Feature ကို တဖြည်းဖြည်း ရရှိလာမှာပါ။


                Trust Indicators အလုပ်လုပ်ပုံကတော့ Facebook ပေါ်တင်လိုက်တဲ့ သတင်း၊ဆောင်းပါး Link တွေမှာ Icon လေးတစ်ခု ထပ်ပါလာမှာဖြစ်ပြီး၊ ဒီ Icon လေးကို နှိပ်လိုက်တာနဲ့ အဆိုပါသတင်း၊ဆောင်းပါးတင်သူ Publisher ရဲ့ အချက်အလက်တွေကို စာဖတ်သူ User တွေအတွက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Publisher သတင်းအချက်အလက်တွေဆိုရာမှာ Publisher တွေရဲ့ သတင်းဆောင်းပါးပေါ်လစီ၊ အချက်အလက်စစ်ဆေးမှု၊ ပြင်ဆင်တည်းဖြတ်မှု၊ မီဒီယာဖွဲ့စည်းတည်ဆောက်ပုံ၊ ခေါင်းစီးအမည်တို့ကို ထည့်သွင်းဖော်ပြနိုင်မှာ ဖြစ်ပြီး၊ ဒီအချက်အလက်တွေကို Page Publishing Tools ထဲမှာ သွားဖြည့်ပေးရမှာဖြစ်ပါတယ်။


                ဒါပေမယ့် မေးခွန်းတစ်ခုရှိတာက Publisher တွေကကော ဒီသတင်းအချက်အလက်တွေကို အမှန်အကန်ဖြည့်ကြမလားဆိုတာပါ။ ဒါကြောင့် Facebook အနေနဲ့ လောလောဆည်မှာ လူသိများတဲ့ မီဒီယာတွေကိုပဲ ဒီ Feature စ ထုတ်ပေးနေတာဖြစ်ပြီး၊ တဖြည်းဖြည်းနဲ့မှ တခြား မီဒီယာတွေလည်း ရလာဖို့ ရှိပါတယ်။

                ယခု Trust Indicators စနစ်ကို Santa Clara University က ဦးစီးတဲ့ အပြည်ပြည်ဆိုင်ရာသတင်းမီဒီယာအဖွဲ့အစည်းက အကောင်အထည်ဖော်လုပ်ဆောင်နေတာဖြစ်ပြီး၊ Google တို့ Craig Newman တို့က ရန်ပုံငွေထည့်ပေးထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဖြစ်နိုင်တာက Publisher တွေရဲ့ သတင်းအချက်အလက်တွေကို ဒီအဖွဲ့အစည်းကပဲ စစ်ဆေးပေးမှာဖြစ်လောက်ပါတယ်။

                ဒီ Feature သာ တွင်ကျယ်လာပြီဆိုရင် စာဖတ်သူတွေအနေနဲ့လည်း Facebook ပေါ်က သတင်း၊ဆောင်းပါး Link တွေကို အချက်အလက်ခိုင်မာမှုရှိ၊မရှိ သိချင်တယ်ဆိုရင် Trust Indicators ကနေ တင်ဆက်တဲ့မီဒီယာရဲ့ စည်းမျဉ်းစည်းကမ်း၊ပေါ်လစီတွေကို သွားရောက်လေ့လာနိုင်မှာဖြစ်ပြီး၊ ခိုင်လုံမှုရှိ၊မရှိကို မိမိဘာသာဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ပါတယ်။

                မြန်မာနိုင်ငံမှာလည်း သတင်းအချက်အလက် မှန်/မမှန် စစ်ဆေးပေးနေတဲ့ ဟုတ်တယ် Vs မဟုတ်ဘူး ဆိုတဲ့ Facebook Page တစ်ခုရှိပြီး၊ အဆိုပါ Page မှာ မိမိသိချင်တဲ့ သတင်းဆောင်းပါးတစ်ခုခုကို Message ကနေ ပေးပို့ပြီး၊ အချက်အလက်စစ်ဆေးခိုင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းရဲ့ စစ်ဆေးမှုပေါ်လစီတွေကိုတော့ ကျနော်လည်း သေချာမသိတာကြောင့် ယုံကြည်ရလားဆိုတာ အသေအချာမပြောနိုင်သေးပါဘူး။

References
Fast Companty Facebook
About Author
Assinged Tags
Facebook Fake News Social Media Trust Indicators
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed