ဖုန်းကို Instant Camera အဖြစ်ပြောင်းပေးမယ့် Polaroid ရဲ့ Moto Mod

date_range 16 November 2017

ဖုန်းကို Instant Camera အဖြစ်ပြောင်းပေးမယ့် Polaroid ရဲ့ Moto Mod

visibility 700 Views

                ဖုန်းမှာ နောက်ထပ်အစိတ်အပိုင်းတွေကို User ကိုယ်တိုင် အလွယ်တကူထပ်မံတပ်ဆင်အသုံးပြုနိုင်တဲ့ Modular Smartphone တွေထဲမှာ လက်ရှိအချိန်ထိ အောင်မြင်မှုအရဆုံးဖုန်းတစ်လုံးက Motorola ရဲ့ Moto Z စမတ်ဖုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်က Magnetic Pins လေးတွေမှာ Motorola က ထုတ်ပေးထားတဲ့ Camera Module, Battery Module, Speaker Module စတဲ့ ‘Moto Mods’ တွေကို ထပ်မံတပ်ဆင်အသုံးပြုလို့ရတာကြောင့် ကိုယ့်ဖုန်းမှာ Built-in ပါတဲ့ စွမ်းဆောင်ရည်ကို ပိုမြှင့်တင်ချင်တဲ့လူတွေအတွက် Moto Z ဖုန်းက ရွေးချယ်စရာ စမတ်ဖုန်းကောင်းတစ်လုံး ဖြစ်ခဲ့ပါတယ်။

                အခုလည်း Motorola နဲ့ Polaroid ကုမ္ပဏီတို့ ပူးပေါင်းကာ “Polaroid Insta-Share Printer” လို့ ခေါ်တဲ့ Moto Mod တစ်မျိုးကို Moto Z Series စမတ်ဖုန်းတွေအတွက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ယခု Moto Mod ကတော့ Printer/Camera Module လို့ ပြောလို့ရမှာဖြစ်ပြီး၊ ကိုယ့် Moto Z စမတ်ဖုန်းကို Polaroid ကင်မရာတစ်လုံးအသွင်ပြောင်းပေးမှာပါ။


                Moto Mod တွေ ထုံးစံအတိုင်း ဖုန်းရဲ့ ကျောဘက်က Magnetic Pins လေးမှာ ဒီ Printer Module ကို တပ်ဆင်ရမှာဖြစ်ပြီး၊ ဖုန်းရဲ့ ဓာတ်ပုံအလွယ်တကူရိုက်ဖို့အတွက် Shutter ခလုတ်လေးလည်း ပါဝင်တာကို တွေ့ရပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မှင်မလိုတဲ့ တခါသုံး ZINK Zero-Ink Paper အသုံးပြုပြီး ချက်ချင်းဓာတ်ပုံထုတ်နိုင်ပါတယ်။ ဒီ Paper တွေက အခုလို Mobile Printer တွေမှာ အသုံးပြုတဲ့ Paper အမျိုးအစားဖြစ်ပြီး၊ ၁၀ ရွက်/ အရွက် ၂၀ စတဲ့ အထုပ်လေးတွေနဲ့ ဝယ်ယူရရှိနိုင်တာကြောင့် Paper ကုန်မှာလည်း ပူစရာတော့ မလိုပါဘူး။ အခုရိုက်၊ ခုပုံထုတ် လုပ်နိုင်သလို ဖုန်းထဲမှာ နဂိုက ရိုက်ပြီးသား ပုံတွေကိုလည်း ထုတ်နိုင်ပါတယ်။


                Polaroid Insta-Share Printer ဆိုတဲ့ နာမည်အတိုင်း Instagram မှာလိုမျိုး ဓာတ်ပုံမှာ Filters တွေ Text တွေ ထည့်ဖို့အတွက် သီးသန့် App တစ်ခုလည်း ပါရှိပါတယ်။

                စျေးကတော့ ၁၉၉ ဒေါ်လာဆိုတော့ စျေးပေါတဲ့ Accessory တစ်ခုတော့ မဟုတ်ဘဲ၊ တခြား Instant Camera တချို့ထက်တောင် စျေးများနေပါတယ်။ ဒါပေမယ့် ကိုယ့် Moto Z ဖုန်းရဲ့ ကင်မရာနဲ့ပဲ ပုံကောင်းကောင်းရိုက်ပြီး ထုတ်ချင်တဲ့လူတွေအတွက်ကတော့ အဆင်ပြေမှာပါ။


References
Mashable
About Author
Assinged Tags
Moto Mods Motorola Moto Z Polaroid Instant Camera Mobile Printer Polaroid Insta-Share Printer Modules Modular Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed