Suggested Video Link တွေ ပြသနေတာကို ရပ်တန့်ပစ်တော့မယ့် YouTube

date_range 15 November 2017

Suggested Video Link တွေ ပြသနေတာကို ရပ်တန့်ပစ်တော့မယ့် YouTube

visibility 340 Views

                ကျွန်တော်တို့ YouTube Videos တွေကြည့်ရှုနေတဲ့အခါမှာ Video တွေပေါ်မှာ Suggested Video ဆိုပြီး ပေါ်ပေါ်လာတတ်တာကို ကြုံဖူးကြမှာပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီ Link တွေကိုမနှိပ်ကြည့်ကြသလို လူစိတ်ဝင်စားမှုလည်းနည်းပါးတဲ့အတွက် YouTube အနေနဲ့ ဒီလို Suggested Video Link တွေပြသတာကို ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်းမှာ လုံးဝရပ်တန့်ပစ်တော့မှာဖြစ်ပါတယ်။ ဒီလိုရပ်တန့်ပစ်တဲ့အထဲမှာ Playlists, Videos, Livestreams တွေအတွက် အကုန်အကျုံးဝင်မှာဖြစ်ပါတယ်။


                YouTube Blog မှာ ကြေညာထားတဲ့ ကြေညာချက်အရ ဒီ Suggested Video Link တွေကို လူအယောက်နှစ်ဆယ်မှာမှ တစ်ယောက်လောက်ပဲ Click ပြုလုပ်တာကြောင့် အသုံးသိပ်မဝင်ဘူးလို့ ယူဆတဲ့အတွက် ဖယ်ရှားပစ်ရတာလို့သိရှိရပါတယ်။ ဒီ Link တွေကို Click မိပြန်ရင်လည်း အသုံးမဝင်တဲ့ Videos တွေ၊ ဆက်လက်လွှင့်ခြင်းမရှိတော့တဲ့ Livestreams တွေဆီ ရောက်ရောက်သွားတတ်တဲ့အတွက် YouTube ကြည့်ရှုသူတွေဟာ ဒီ Links တွေကို Spam ပုံစံလိုမျိုး ခံစားနေရတယ်လို့ ဆိုပါတယ်။

                YouTube အနေနဲ့ အခုလိုမျိုး Suggested Video Links တွေအစား Video တွေရဲ့အဆုံးမှာ Cards တွေ၊ Links တွေကိုအသုံးပြုပြီး ကြော်ငြာတာနဲ့  Video နဲ့သက်ဆိုင်တဲ့ Content တွေကို ဆက်လက်ပြသတာမျိုး ပြုလုပ်သွားမှာဖြစ်ပါတယ်။

                အခုလိုမျိုး YouTube ကနေ Suggested Video Link တွေပြသတာကိုရပ်တန့်ပစ်လိုက်တော့မှာကြောင့် စာရေးသူအမြင်မှာလည်း ပိုမိုကောင်းမွန်တယ်လို့ယူဆပါတယ်။ ဘာလို့လဲဆိုတော့ Video ကြည့်ရှုနေတဲ့အချိန်မှာလည်း အနှောင့်အယှက်ဖြစ်ပြီးတော့ တစ်ခါမှလည်း Click မလုပ်ဖြစ်တာကြောင့် မရှိတော့တာ ပိုတောင်ကောင်းသေးတယ်လို့ ယူဆမိပါတယ်။

References
Android Authority
About Author
Assinged Tags
Youtube Video Video Streaming Service YouTube App YouTube Desktop Suggested Video Link Suggest
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed