iPhone X ရဲ့ ‘Notch’ ကို ခံစားမရတဲ့သူတွေအတွက် Notch မမြင်ရအောင် လုပ်ပေးမယ့် App တစ်ခု App Store ပေါ် ရောက်ရှိလာ

date_range 13 November 2017

iPhone X ရဲ့ ‘Notch’ ကို ခံစားမရတဲ့သူတွေအတွက် Notch မမြင်ရအောင် လုပ်ပေးမယ့် App တစ်ခု App Store ပေါ် ရောက်ရှိလာ

visibility 28380 Views

                Bezel-less Display လို့ခေါ်တဲ့ ဘေးဘောင်ပျောက် Display ပုံစံကို Apple အနေနဲ့ iPhone X မှာ စတင်အသုံးပြုခဲ့ပေမယ့် ဒီ ဒီဇိုင်းကို ဝေဖန်မှုလေးတွေ ရှိနေတာကို သိကြမှာပါ။

                Bezel-less Display ကို သုံးလိုက်တဲ့အတွက်  ဖုန်းမျက်နှာပြင်အပေါ်ဘက်မှာ Touch ID ထားဖို့နေရာမရှိတော့တာကြောင့် Apple ဟာ iPhone X မှာ Touch ID ကို လုံးဝဖြုတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး၊ Touch ID အစား Face ID ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ Face ID အတွက် အသုံးပြုထားတဲ့ TrueDepth Camera System က iPhone X မျက်နှာပြင်ရဲ့ အပေါ်ဘက်မှာ နေရာယူထားတဲ့အတွက် Display က ပြောရမယ်ဆိုရင် လုံးဝဘော်ဒီအပြည့်ဒီဇိုင်းတော့ မဖြစ်တော့ဘဲ၊ Display အပေါ်မှာ Notch လေးကို မြင်တွေ့ရမှာပါ။ ဒီ Notch လေးက ဗီဒီယိုတွေကို Full-Screen ကြည့်တဲ့အခါ၊ Full-Screen Support ရတဲ့ Game တွေကို ကစားတဲ့အခါ မသိမသာလေး အနှောင့်အယှက်ဖြစ်နေပါတယ်။


                ဒါပေမယ့် အခုတော့ ဒီလိုနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ‘Notch’ လေးကို ဖျောက်ထားပေးနိုင်မယ့် App တစ်ခု App Store ပေါ် ရောက်ရှိလာပါပြီ။  Apple ဟာ iPhone X ရဲ့ ဒီ Notch ကို Black Bar နဲ့ မဖုံးပစ်ဖို့၊ Notch ကို Mask မလုပ်ပစ်ဖို့ Developers တွေကို သူတို့ Guidelines မှာ အောက်ပါအတိုင်း တရားဝင်တားမြစ်ထားပေမယ့်၊ ဒီ App ကိုတော့ App Store မှာ Approve လုပ်ပေးခဲ့တာက ထူးခြားတယ်လို့တော့ ဆိုရမှာပါ။

Don't mask or call special attention to key display features. Don't attempt to hide the device's rounded corners, sensor housing, or indicator for accessing the Home screen by placing black bars at the top and bottom of the screen.

                Axiem Systems က ထုတ်ပေးထားတဲ့ “Notch Remover” App ဟာ အလကားတော့ မရပါဘူး။ ၀.၉၉ ဒေါ်လာ ပေးဝယ်ရမှာပါ။

                App ရဲ့ အလုပ်လုပ်ပုံကတော့ ကိုယ်ရွေးထားတဲ့ Wallpaper Image တစ်ခုကို အပေါ်မှာ Black Bar ထည့်ပေးမှာဖြစ်ပြီး၊ နောက်တဆင့်အနေနဲ့ iPhone X ရဲ့ Settings> Wallpapers ထဲမှာ ပြန်ပြီး အဆိုပါ Notch ဖျောက်ထားတဲ့ Wallpaper အသစ်ကို ပြန် Assign လုပ်ပေးရမှာ ဖြစ်ပါတယ်။ အခြေခံသဘောတရားကတော့ Wallpaper ပဲဖြစ်တဲ့အတွက် iPhone X ရဲ့ Home Screen နဲ့ Lock Screen မှာပဲ Notch ကို ဖျောက်ပေးနိုင်မှာဖြစ်ပြီး၊ App တွေထဲမှာတော့ Notch ကို ပြန်မြင်နေရပါလိမ့်မယ်။ ပြီးတော့ Black Bar ကြီးထည့်လိုက်တာကြောင့် iPhone X ရဲ့ အဓိက Feature တစ်ခုလို့ဆိုနိုင်တဲ့ Bezel-less Display ကိုလည်း အပြည့်အဝခံစားနိုင်မှာတော့ မဟုတ်ပါဘူး။


                ကျနော့်အမြင်မှာတော့ “Notch” က ဗီဒီယိုတွေကို Full-Screen ကြည့်မှပဲ နည်းနည်း သတိထားမိတာဖြစ်ပြီး၊ Home Screen နဲ့ Lock Screen လောက်မှာတော့ မြင်ရတာ သိပ်ရှော့မရှိပါဘူး။ 

References
The Verge
About Author
Assinged Tags
Applications iPhone App Store iOS App Related Apple iPhone X iPhone X Notch
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed