နောက်ဆုံးထွက် 8th Generation Intel Core Processors တွေနဲ့ ပြန်လည်ထွက်ရှိလာတဲ့ ZenBook နဲ့ VivoBook

date_range 11 November 2017

နောက်ဆုံးထွက် 8th Generation Intel Core Processors တွေနဲ့ ပြန်လည်ထွက်ရှိလာတဲ့ ZenBook နဲ့ VivoBook

visibility 920 Views

                Asus ဟာ ကုမ္ပဏီရဲ့ ZenBook နဲ့ VivoBook Laptop စီးရီးတွေကို Intel ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ 8th Generation Core Processors တွေနဲ့ Update ပြန်လုပ်ပေးဖို့ အစီအစဉ်ရှိကြောင်းကို ပြီးခဲ့တဲ့ IFA 2017 မှာ ပြောကြားခဲ့ပါတယ်။

                ဒီနေ့မှာတော့ ကုမ္ပဏီက ပြောထားတဲ့အတိုင်းပဲ ZenBook နဲ့ VivoBook Laptop ခြောက်မျိုးကို Intel 8th Gen Processors တွေနဲ့ ပြန်လည်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ 8th Gen Intel Processors တွေဟာ Quad-Core Processors တွေဖြစ်တာကြောင့် အရင်မော်ဒယ်တွေထက် Performance ပိုင်းမှာ ၄၀ ရာခိုင်နှုန်းလောက် ပိုကောင်းလာပေမယ့်၊ ဘက်ထရီသက်တမ်းကိုတော့ ထိခိုက်မှုမရှိအောင် ထုတ်လုပ်ထားတယ်လို့ Asus က ဆိုပါတယ်။ အခုပြန်ထုတ်လိုက်တဲ့ Laptop ခြောက်မျိုးကတော့

ZenBook 3 Deluxe UX490


                ZenBook 3 Deluxe UX490 ကတော့ ၁၄ လက်မ Full-HD Laptop ဖြစ်ပြီး၊ အထူ ၁၂.၉ မီလီမီတာပဲ ရှိတဲ့ တော်တော်ပါးတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ အလေးချိန်ကလည်း ၂.၄၃ ပေါင်ပဲ ရှိမှာပါ။ 8th Generation Intel Core i7-8550U Processor, 16 GB RAM နဲ့ 512 GB NVMe SSD Storage တို့ ပါရှိပြီး၊ Intel ကိုယ်တိုင်က ဒီ Laptop ဟာ Quad-Core CPU သုံး Laptop တွေထဲမှာ အပါးဆုံး Laptop တွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

                USB Type-C Thunderbolt 3 Ports  နှစ်ခုပါဝင်ပြီး၊ နောက်ထပ် 4K Display နှစ်ခုအထိ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Windows Hello အသုံးပြုနိုင်တဲ့ Fingerprint Sensor, Harman Kardon နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ High-Quality Speakers လေးခုနဲ့ 4-channel Smart Amplifier တစ်ခုတို့ ပါရှိပြီး၊ 46WHrs, 4-Cell Li-Ion ဘက်ထရီက Fast Charging လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                Asus ZenBook 3 Deluxe မော်ဒယ်အသစ်ကို ၁၆၉၉ ဒေါ်လာနဲ့ ASUS Store, Amazon, B&H နဲ့ Newegg တို့မှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ZenBook Flip S UX370


                ZenBook Flip S ကတော့ ZenBook 3 Deluxe ထက် ပိုပါးပြီး၊ ၁၀.၉ မီလီမီတာအထူနဲ့ ၂.၄၃ ပေါင် အလေးချိန်ရှိပါတယ်။ 8th Generation Intel Core i7 Processor, 16 GB RAM နဲ့ 512 GB SSD Storage တို့နဲ့ပဲ ဖြစ်ပြီး၊ Display ကတော့ ၁၃.၃ လက်မ HD Display ဖြစ်သွားပါတယ်။ Display မှာ Asus Pen အသုံးပြုနိုင်ပြီး၊ ၃၆၀ ဒီဂရီ ခေါက်ချိုးပြီးလည်း တက်ဘလက်တစ်လုံးလို အသုံးပြုနိုင်မှာပါ။ USB-C Ports နှစ်ခုနဲ့ Fingerprint Sensor လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

                Asus ZenBook Flip S ကိုတော့ Microsoft Store ကနေ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ လောလောဆည်အချိန်ထိ စျေးနှုန်းနဲ့ ဝယ်ယူနိုင်မယ့်ရက်ကို မသိရသေးပါဘူး။

ZenBook UX330


                ZenBook UX330 မော်ဒယ်အသစ်ကို အလူမီနီယမ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး၊ 8th Gen Intel Core i5-8250U Processor, 8 GB RAM နဲ့ 256 GB SSD Storage တို့ ပါဝင်ပါတယ်။ Display က 13.3-inch Full-HD Display ဖြစ်ပြီး၊ ဘက်ထရီက ၁၂ နာရီအထိ အသုံးခံတယ်လို့တော့ Asus က ပြောထားပါတယ်။

                ZenBook UX330 ကို Amazon ကနေ ဝယ်ယူရရှိနိုင်ပြီး၊ Windows Hello အသုံးပြုနိုင်တဲ့ Fingerprint Sensor လည်း ပါဝင်ပါတယ်။

ZenBook UX430


                ZenBook UX430 ကတော့ မျက်နှာပြင်ကြီးကြီးကြိုက်သူတွေအတွက်ဖြစ်ပြီး၊ ၁၄ လက်မ Full-HD Display နဲ့ Screen-to-Body အချိုးက ၈၀ ရာခိုင်နှုန်းတောင် ရှိတာကြောင့် Laptop မျက်နှာပြင်ဘေးဘောင်တွေက တော်တော်သေးသွားပါတယ်။ 8th Gen Intel Core i7-8550U Processor, 16 GB RAM နဲ့ 512 GB SSD Storage တို့နဲ့ပဲ ဖြစ်ပြီး၊ အထက်ကမော်ဒယ်တွေအကုန်လုံးအတိုင်း Fingerprint Sensor ပါဝင်ပါတယ်။

                Asus ZenBook UX430 ကိုတော့ ၁,၀၉၉ ဒေါ်လာနဲ့ Asus Store, Amazon, B&H နဲ့ Newegg တို့မှာ ဝယ်ယူရရှိနိုင်ပါပြီ။

VivoBook Flip TP510


                VivoBook Flip TP510 ကတော့ 2-in-1 Convertible Laptop တစ်လုံးဖြစ်ပြီဂ၊ ၁၅.၆ လက်မ Full-HD Touchscreen Display မှာ Stylus လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ၈.၁ မီလီမီတာပဲ ရှိပြီး၊ Screen-to-body Ratio က ၇၉.၄ ရာခိုင်နှုန်း ရှိပါတယ်။ 8th Gen Intel Core i7 Processor, 8 GB RAM နဲ့ 1 TB HDD တို့ ပါရှိမှာပါ။ Dual-Storage Design နဲ့ ဖြစ်တာကြောင့် 1TB HDD နဲ့ မလောက်သေးဘူးဆိုရင် နောက်ထပ် HDD or SSD ထပ်စိုက်နိုင်ပါသေးတယ်။

                Asus VivoBook Flip ကိုတော့ ၈၉၉ ဒေါ်လာစျေးနဲ့ Asus Store, Amazon, Best Buy, B&H, Newegg နဲ့ Walmart တို့မှာ ဝယ်ယူရရှိနိုင်ပါပြီ။

VivoBook 2510


                ဒီ Laptop ကတော့ ရွှေရောင်ကိုယ်ထည်ကို ကြိုက်တဲ့သူတွေ ပိုသဘောတွေ့မယ့် Laptop ဖြစ်ပြီး၊ Asus က Icicle Gold အရောင်လို့ နာမည်ပေးထားပါတယ်။ 15.6 full-HD Display နဲ့ ဖြစ်ပြီး၊ Screen-to-body Ratio က ၈၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ Intel Core i7-8550U Processor, 8GB RAM နဲ့ 256GB SSD, 1TB HDD Storage နှစ်ခုနဲ့ ဖြစ်ကာ၊ Nvidia GeForce MX150 Graphics Card လည်း ပါဝင်ပါတယ်။

                VivoBook S510 ကိုတော့ ၈၉၉ ဒေါ်လာစျေးနဲ့ Newegg မှာ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

References
The Verge Asus
About Author
Assinged Tags
Asus Intel Laptop Convertible Laptop Ultrabook Asus Vivobook Intel 8th Generation VivoBook ZenBook
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed