နောက်နှစ်ထွက်မည့် iPad များတွင် Home Button မပါဝင်တော့ဘဲ Face ID နှင့် ဒီဇိုင်းအပြောင်းအလဲများစွာ ပါဝင်လာဖွယ်ရှိ

date_range 10 November 2017

နောက်နှစ်ထွက်မည့် iPad များတွင် Home Button မပါဝင်တော့ဘဲ Face ID နှင့် ဒီဇိုင်းအပြောင်းအလဲများစွာ ပါဝင်လာဖွယ်ရှိ

visibility 3400 Views

                Home Button မပါဝင်တော့တဲ့ High-end iPad တစ်မျိုးကို Apple က နောက်နှစ်ထဲမှာ မိတ်ဆက်ပေးသွားဖွယ် ရှိတယ်လို့ Bloomberg ရဲ့ Report တစ်ခုက ဆိုပါတယ်။ “iPad Pro” Model တစ်ခု အနေနဲ့ တွေ့မြင်ရဖွယ်ရှိပြီး iPhone X လို ဒီဇိုင်း အပြင်အဆင် အသစ်တွေနဲ့ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

                Touch ID ပါဝင်တဲ့ Home Button ကို ဖြုတ်လိုက်မယ် ဆိုကတည်းက Face ID ပါဝင်လာဖို့ သေချာသလောက် ရှိပါတယ်။ Home Button အတွက် နေရာပေးစရာ မလိုတာကြောင့် iPad ရဲ့ အနားဘောင် (Bezel) တွေဟာ သိသိသာသာ ပိုကျဉ်းသွားမှာ ဖြစ်ပြီး၊ Screen က လည်း Device တစ်ခုလုံးနီးပါး နေရာယူထားမှာ ဖြစ်ပါတယ်။ (၂၀၁၅) တုန်းက စတင် မိတ်ဆက်ခဲ့တဲ့ iPad Pro ရဲ့ ဒီဇိုင်းဟာ နောက်နှစ်မှာတော့ အပြောင်းအလဲ အများကြီး ရှိလာမယ်လို့ သိရပါတယ်။


iPad Pro Concept Render via Benjamin Geskin

                အသစ်ထွက်မယ့် iPad မှာ iPhone X လို Feature အသစ်တွေ ပါဝင်လာဖို့ ရှိပေမယ့် OLED Display တော့ ပါဝင်နိုင်ဖွယ် မရှိဘူး လို့ သိရပါတယ်။ OLED Supplier တွေဘက်မှာ ထုတ်လုပ်မှု အခက်အခဲတွေ ရှိနေတာကြောင့် လက်ရှိ သုံးထားတဲ့ LCD Display ကိုပဲ ဆက်လက် အသုံးပြုသွားဖွယ် ရှိပါတယ်။ iPad အတွက် အရည်အသွေးမြင့် OLED Display ထုတ်ပေးနိုင်မယ့် Supplier ကလည်း Samsung တစ်ခုတည်း ရှိနေသေးပြီး၊ နည်းပညာ နဲ့ ငွေရေးကြေးရေး ကန့်သတ်ချက်တွေကြောင့် iPad အသစ်မှာ OLED Display ပါဝင်နိုင်ခြေ မရှိပါဘူး။

                (၂၀၁၈) မှာ ထွက်မယ့် iPad တွေမှာ TrueDepth Camera နဲ့ Face ID ပါဝင်လာနိုင်ကြောင်းကို အရင်လ တုန်းက KGI Securities Analyst Ming-Chi Kuo ကလည်း ပြောကြားခဲ့ဖူးတာကြောင့် အခုထွက်ပေါ်လာတဲ့ သတင်းဟာ ဖြစ်နိုင်ခြေ များနေပါတယ်။ Apple က Face ID ကို တွင်တွင်ကျယ်ကျယ် သုံးဖို့ အခုလို တာဆူနေတဲ့အချိန်မှာ Android Smartphone Maker တွေကလည်း Under-glass Fingerprint Scanning ကို မေ့ထားလိုက်ပြီး Facial Recognition နည်းပညာကို စတင် Research လုပ်သင့်ပြီ လို့ Kuo က ဆိုပါတယ်။ အခုဆိုရင် Apple က Facial Recognition မှာ ဦးဆောင်ထားနိုင်ပြီ ဖြစ်ပြီး၊ Android Smartphone တွေက Apple ရဲ့ TrueDepth Camera ကို လိုက်မှီဖို့ အချိန် (၂) နှစ်ခွဲလောက် အထိ ကြာမြင့်နိုင်တယ်လို့ Kuo က ပြောကြားထားပါတယ်။ Face ID ရဲ့ Feedback တွေဟာ အကောင်းဘက်မှာ ရှိနေပြီး၊ iPad တွေအပြင် MacBook တွေမှာလဲ Face ID ပါဝင်လာဖွယ်ရှိ ပါတယ်။

                iPad အသစ်ဟာ လက်ရှိ ထွက်ထားတဲ့ 10.5-inch iPad Pro နဲ့ အရွယ်အစား တူညီနိုင်ပြီး၊ 12.9-inch အရွယ်အစား နဲ့ ပက်သက်လို့တော့ ဘာမှ မသိရသေးပါဘူး။ Apple Pencil အသစ် နဲ့အတူ ၎င်းနဲ့ တွဲဖက် အသုံးပြုနိုင်မယ့် Software Tool အသစ်တွေကိုလည်း မိတ်ဆက်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

                Apple ဟာ အဆင့်မြှင့်တင်ထားတဲ့ iPad Pro တွေကို ဇွန်လ တုန်းက ကျင်းပခဲ့တဲ့ Worldwide Developers Conference (WWDC) မှာ နောက်ဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Face ID ပါဝင်မယ့် iPad အသစ် တွေကတော့ နောက်နှစ်မှာ အနည်းငယ် နောက်ကျပြီးမှ ထွက်ရှိမယ်လို့ သိရပြီး၊ ၂၀၁၈၊ စက်တင်ဘာလ လောက်မှာ မိတ်ဆက်ပေးသွားဖွယ် ရှိနေပါတယ်။

References
Mac Rumors Mac Rumors
About Author
Assinged Tags
iPad Facial Recognition Technology Tablet iPad Pro Touch ID Apple Face ID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed