Vivo V7+ ကိုမှ Snapdragon 625 ပြောင်းသုံးထားတဲ့ Vivo Y79 ထွက်ရှိ

date_range 08 November 2017

Vivo V7+ ကိုမှ Snapdragon 625 ပြောင်းသုံးထားတဲ့ Vivo Y79 ထွက်ရှိ

visibility 5560 Views

                မကြာခင်က ကျနော်တို့ Review လုပ်ပေးထားတဲ့ Vivo V7+ စမတ်ဖုန်းနဲ့ တထေရာတည်းနီးပါး တူညီတဲ့ Vivo Y79 စမတ်ဖုန်းအသစ်ကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားပြီဖြစ်ပါတယ်။




                Vivo Y79 ဟာ V7+ နဲ့ ဒီဇိုင်းကော Specifications တွေပါ တထေရာတည်းနီးပါးတူညီပြီး၊ ကွာသွားတာဆိုလို့ V7+ မှာ Snapdragon 450 သုံးထားရာကနေ Y79 မှာတော့ Performance နည်းနည်းပိုမြင့်တဲ့ Snapdragon 625 SoC ကို ပြောင်းသုံးထားတာ တွေ့ရပါတယ်။

                Specifications တွေအနေနဲ့ ပြောရရင် V7+ အတိုင်း ၅.၉၉ လက်မ 18:9 Display ၊ HD+ (720x1440 pixels) ISO “FullView” Display ၊ Gorilla Glass 3 ၊ 2.5 D Curved Glass တို့ကို အသုံးပြုထားပါတယ်။ Processor ကတော့ 2GHz octa-core Snapdragon 625 SoC နဲ့ ဖြစ်ပြီီး၊ RAM 4 GB နဲ့ Internal Storage 64 GB တို့ ပါဝင်မှာပါ။

                ကင်မရာကလည်း V7+ အတိုင်း ‘Moonlight Glow’ Selfie Light ပါဝင်တဲ့ 24 Megapixel, f/2.0 Front Camera နဲ့ 16 Megapixel f/2.0 Rear Camera တို့ ဖြစ်ပါတယ်။ V7+ အတိုင်း Face Access feature တွေ ပါဝင်ဦးမှာပါ။

                Vivo Y79 ကို အခုလာမယ့် ၁၁ ရက် (11/11) ရောက်ရင် တရုတ်ယွမ်ငွေ ၂,၄၉၈ ( မြန်မာငွေ ငါးသိန်းခန့်) နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး၊ Champage, Matte Black နဲ့ Rose Gold ဆိုပြီး ကာလာသုံးမျိုး ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

References
Gadgets 360
About Author
Assinged Tags
Smartphones Vivo Bezel-Less Smartphones Bezel-Less Display Vivo V7+ V7+ 18:9 Aspect Ratio Vivo Y79
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed