Google Assistant ကို ဖွင့်ထားတဲ့ သီချင်းနာမည် ရှာခိုင်းနိုင်ပြီ

date_range 08 November 2017

Google Assistant ကို ဖွင့်ထားတဲ့ သီချင်းနာမည် ရှာခိုင်းနိုင်ပြီ

visibility 1140 Views

                ပြိုင်ဘက် Digital Assistant တွေဖြစ်တဲ့ Cortana တို့၊ Siri တို့မှာ “ အခု ဖွင့်ထားတာ ဘာသီချင်းလဲ” “What song is playing now” ဆိုတဲ့ Feature က ရနေတာ ကြာပြီဖြစ်ပေမယ့်၊ Google Assistant မှာတော့ ဒီ Feature က အချိန်တော်တော်ကြာ မရခဲ့ပါဘူး။ Google Play ကနေ Sound Search Widget ဆွဲပြီး၊ သီချင်းနာမည်ရှာခိုင်းလို့ ရတယ်ဆိုပေမယ့် Assistant ထဲကနေတော့ တန်းရှာလို့ မရခဲ့တာပါ။ 

                ဒါပေမယ့် Google ဟာ Pixel 2 နဲ့ Pixel 2 XL ကို မိတ်ဆက်တော့ ဒီ Feature ကို Pixel 2 ရဲ့ Google Assistant မှာ တပါတည်းထည့်သွင်းပေးခဲ့ပါတယ်။ ထုံးစံအတိုင်း Pixel တွေမှာ အရင်ထည့်ပေးခဲ့တဲ့ ဒီ Feature အသစ်ကို အခု တခြား Android စမတ်ဖုန်းတွေမှာလည်း စရနေပြီဖြစ်ပါတယ်။

                Android ဖုန်းကိုင်သူတွေအနေနဲ့Google Assistant Settings ထဲက Preferred Input မှာ ‘Voice’ လို့ ရွေးပေးထားပြီး၊ ကိုယ့်နားမှာလည်း သီချင်းသံတွေဖွင့်ထားရင် Assistant ဆီကနေ “What’s this song?” ဆိုတဲ့ Feature သစ်တစ်ခုကို အသုံးပြုဖို့ Suggestion (အကြံပြုချက်) ကို မြင်တွေ့လာရမှာဖြစ်တယ်လို့ သိရပါတယ်။ 9to5Google ရဲ့ အဆိုအရ ကိုယ့်ဖုန်းနားမှာ သီချင်းသံတော်တော်လေးကျယ်မှ ဒီ Feature ထပွင့်လာတာဖြစ်တယ်လို့ သိရပါတယ်။

                ဒီ Feature ရသွားပြီဆိုတာနဲ့ Google Assistant ကို “What song is this?” “What song is playing now?” စတဲ့ သက်ဆိုင်ရာ Voice Commands တွေနဲ့ သီချင်းရှာခိုင်းလို့ ရပြီဖြစ်ပါတယ်။ Assistant က နားထောင်ပြီးတာနဲ့ သီချင်းနာမည်ကို Card ပုံစံ Result လေးနဲ့ ဖော်ပြပေးမှာပါ။ အဲဒီကနေမှ ဒီသီချင်းကို YouTube မှာ နားထောင်မလား၊ Play Music မှာ နားထောင်မလား၊ Search လုပ်မလားဆိုတာကို ထပ်ရွေးချယ်နိုင်ပါတယ်။


                9to5 ရဲ့ စမ်းသပ်ချက်အရတော့ လက်ရှိအချိန်ထိ Pixel 2 မဟုတ်တဲ့ တခြား Android ဖုန်းနှစ်မျိုးမှာပဲ ရသေးတယ်လို့ သိရပြီး၊ ဒီနှစ်လုံးထဲကမှ တစ်လုံးက အရင် Pixel ဖုန်းဆိုတော့ နောက်ထပ်ဖုန်းတွေဆီ ရောက်ဖို့ အချိန်တော်တော်ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်။

                လက်ရှိမှာလည်း Android ဖုန်းကိုင်သူတွေအနေနဲ့ ကိုယ်ကြားနေတဲ့ သီချင်းတစ်ပုဒ်ရဲ့ နာမည်ကို သိချင်ရင် Sound Hound တို့ Shazam ဒါမှမဟုတ် Cortana တို့နဲ့ သီချင်းနာမည်ရှာလို့ ရပါတယ်။ ကျနော့်စိတ်ထင် Google Assistant ဆိုတာကြီးမဖြစ်ခင်၊ အရင် Google Now မှာတုန်းက သီချင်းရှာခိုင်းလို့ ရတယ်ထင်ပါတယ်။ သေချာတော့ မမှတ်မိတော့ပါဘူး။ iPhones တွေဆိုရင်တော့ Siri နဲ့တင် ကိစ္စပြတ်ပါတယ်။

                ကျနော်တို့ စမ်းသပ်ချက်အရတော့ "I can't identify songs yet" လို့ပဲ Google Assistant က ပြောနေတော့ မြန်မာနိုင်ငံမှာ ရဖို့တော့ လိုဦးမယ်လို့ ထင်ပါတယ်။

References
9to5Google
About Author
Assinged Tags
Google Google Assistant Google App Digital Assistant Pixel Pixel 2 Pixel 2 XL Sound Search
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed