Android အတွက် Snapchat App ကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားမည်

date_range 08 November 2017

Android အတွက် Snapchat App ကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားမည်

visibility 260 Views

                Android အသုံးပြုသူတွေအဖို့ Snapchat ကိုအသုံးပြုရတာဟာ iOS မှာ အသုံးပြုရတာလောက် ချောမွေ့မှုမရှိဘဲ Image Processing လည်းမကောင်းမွန်တဲ့ ပြဿနာတွေ ကြုံတွေ့နေခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ Snap Inc. အနေနဲ့ Snapchat ကို Android ပေါ်မှာ အဆင်ပြေပြေ အသုံးပြုနိုင်ဖို့အတွက် Design နဲ့ Performance တွေကို အဓိကထား ပြုပြင်ပြောင်းလဲသွားမယ်ဆိုတဲ့အကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

                Snap CEO ဖြစ်တဲ့ Evan Speigel ဟာ ၂၀၁၇ နှစ်ကုန်ပိုင်းအတွက် Investor Note တစ်ခုမှာ ကုမ္ပဏီအနေနဲ့ Snapchat ကို Android သမားတွေပါ အသုံးပြုလာဖို့ လုပ်ဆောင်သင့်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။ ဒီလိုမျိုး Android အသုံးပြုသူတွေပါ Snapchat ကို အသုံးပြုလာမယ်ဆိုရင် Customer Base လည်းပိုမိုများပြားလာမယ်လို့လည်း ပြောကြားထားပါသေးတယ်။

                ဒါ့အပြင် Speigel အနေနဲ့ Android အတွက် Snapchat ပုံစံအသစ်ကို Android App Development မှာ ငါးနှစ်ကြာရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့အတူ ပေါင်းစပ်ပြီး ပြုလုပ်ပေးသွားမယ်လို့ ပြောကြားထားခဲ့ပါသေးတယ်။ Snapchat Dev Team အနေနဲ့လည်း Android အတွက် လာမယ့်နှစ်မှာ အဓိကထား ဆောင်ရွက်သွားမယ်လို့လည်း သိရှိရပါတယ်။

                လက်ရှိအချိန်မှာလည်း Snapchat Android App အတွက် Performance ကောင်းမွန်အောင်ပြုလုပ်ပေးထားပြီး၊ Android အသုံးပြုသူအတော်များများကိုလည်း သိသိသာသာ ဆွဲဆောင်လာနိုင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။ iOS အသုံးပြုသူတွေထက် Android အသုံးပြုသူတွေဟာ ပိုမိုများပြားတာကြောင့် Android အသုံးပြုသူအတော်များများ Snapchat ကိုအသုံးပြုကြမယ်ဆိုရင် ကုမ္ပဏီအတွက် အကျိုးအမြတ်တွေ အများကြီးရရှိလာနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

                Snapchat အနေနဲ့လည်း Android App အတွက် ပုံစံအသစ်တစ်မျိုးပြောင်းလဲမယ့်ကိစ္စဟာ ကုမ္ပဏီအတွက် အကြီးမားဆုံး စွန့်စားမှုတစ်ခုပြုလုပ်လိုက်တာဖြစ်တယ်လို့ Speigel က ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဘယ်တော့လောက် ဒီလို ပုံစံအသစ်နဲ့ Snapchat Android App အသစ်ထွက်ရှိလာမယ်ဆိုတာကို အတိအကျပြောကြားထားခြင်း မရှိသေးပါဘူး။




References
Android Authority
About Author
Assinged Tags
Android Android App Android Smartphones Social Media Snapchat
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed