5.7-Inch ၊ 18:9 Display နဲ့ ထွက်ရှိလာတဲ့ Asus Pegasus 4S

date_range 07 November 2017

5.7-Inch ၊ 18:9 Display နဲ့ ထွက်ရှိလာတဲ့ Asus Pegasus 4S

visibility 1800 Views

                ထိုင်ဝမ်အီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Asus ဟာ Pegasus 4S ဆိုတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တစ်မျိုးကို နိုဝင်ဘာ (၃) ရက်နေ့က မိတ်ဆက်သွားခဲ့ပါတယ်။


                Asus Pegasus 4S ဟာ အခုခေတ်စားနေတဲ့ 18:9 Ratio Display နဲ့ ဖြစ်ပြီး၊ Asus ရဲ့ ပထမဆုံး 18:9 Display သုံး စမတ်ဖုန်းလို့လည်း ခေါ်ဆိုရမှာပါ။ Metal ကိုယ်ထည်သုံး Pegasus 4S ဟာ ဘေးဘောင်တွေကို တတ်နိုင်သမျှအနည်းဆုံးဖြစ်အောင် လုပ်ထားပေမယ့်၊ ထုံးစံအတိုင်း ဘောင်တွေကတော့ သိသာနေဦးမှာပါ။ Display အရွယ်အစားက ၅.၇ လက်မရှိပြီး၊ 720x1440 pixels HD+ Display၊ 2.5D Curved Glass တို့နဲ့ ဖြစ်ပါတယ်။


                18:9 Bezel-less Display သုံးထားတာကလွဲလို့ Pegasus 4S ဟာ Asus ရဲ့ “Flagship” ဖုန်းလို့ ခေါ်ဆိုလို့ ရမယ် မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ Mid-Range လောက်ပဲရှိတဲ့ Octa-core MediaTek MT6750T SoC ကို အသုံးပြုထားပြီး၊ 3GB RAM နဲ့ 32GB Storage မော်ဒယ်ရယ်၊ 4GB RAM နဲ့ 64GB Storage မော်ဒယ်ရယ်ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာပါ။

                ဖုန်းရဲ့ ကျောဘက်မှာတော့ Fingerprint Scanner ပါရှိပြီး၊ ကျောကင်မရာကလည်း ဒီနှစ်အတွင်း ခေတ်စားနေတဲ့ Dual-Camera Setup ( 16MP+8MP) နဲ့ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 8MP Single Camera ပါ။

                Asus Pegasus 4S မှာ အဓိကထူးခြားချက်လို့ ဆိုရမှာက ကြီးမားတဲ့ 40,30 mAh ဘက်ထရီပါဝင်တာ ဖြစ်ပါတ ယ်။ ကျန်တာတွေကတော့ သိပ်ထူးခြားမှုမရှိဘဲ Dual SIM Support၊ microUSD Port၊ Stereo Speaker၊ Android 7.0 Nougat နဲ့ ထွက်ရှိလာမှာပါ။


                Asus Pegasus 4S ကို တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ရွှေရောင်နဲ့ အနက်ရောင် ကာလာနှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ စျေးနှုန်းကိုတော့ မသိရသေးပါဘူး။

References
Gadgets 360
About Author
Assinged Tags
Asus Smartphones Bezel-Less Smartphones Bezel-Less Display Asus Pegasus 4S Pegasus 4S 18:9 Aspect Ratio
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed