DxOMark Mobile မှာ ၉၇ မှတ် ရရှိခဲ့ပေမယ့် Camera ပိုင်းမှာ Google Pixel 2 ကိုတော့ မယှဉ်နိုင်သေးတဲ့ iPhone X

date_range 07 November 2017

DxOMark Mobile မှာ ၉၇ မှတ် ရရှိခဲ့ပေမယ့် Camera ပိုင်းမှာ Google Pixel 2 ကိုတော့ မယှဉ်နိုင်သေးတဲ့ iPhone X

visibility 1980 Views

                Camera Performance နဲ့ Image Quality စစ်ဆေးတဲ့နေရာမှာ နာမည်ကြီးတဲ့ DxOMark အနေနဲ့ iPhone X ရဲ့ Camera Performance ကို အမှတ် ၁၀၀ ထဲကမှ ၉၇ မှတ် ပေးလိုက်ပြီ ဖြစ်ပါတယ်။ အမှတ် ၁၀၀ ပြည့်ဖို့ ၃ မှတ်ပဲ လိုတော့တယ် ဆိုပေမယ့် ၉၈ မှတ် ရရှိထားတဲ့ Google Pixel 2 ကိုတော့ iPhone X က တစ်မှတ်ထဲနဲ့ ကပ်သပ်ပြီး ရှံးနိမ့်ခဲ့ရပါတယ်။

                ဒါပေမယ့်လည်း DxOMark ရဲ့ စမ်းသပ်မှုတွေအရ iPhone X Camera ဟာ Still Image တွေ ရိုက်ကူးတဲ့နေရာမှာတော့ အမှတ် ၁၀၁ မှတ်အထိ ရရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း iPhone X လို ၉၇ မှတ် ရရှိထားတဲ့ Huawei Mate 10 Pro လည်း ရှိပါသေးတယ်။ သို့ပေမယ့် DxOMark ကတော့ Huawei Mate 10 Pro ကို Still Image ရိုက်ကူးတဲ့အပိုင်းမှာ “Outstanding” အဆင့်ပဲ သတ်မှတ်ထားပြီး iPhone X ကိုတော့ “Top Performer” အဖြစ် သတ်မှတ်ထားပါတယ်။

                iPhone 8 Plus နဲ့ iPhone X ကို ယှဉ်ကြည့်မယ်ဆိုရင်လည်း iPhone X Camera က Zoom, Exposure, Color Accuracy, Texture, Noise, Artifacts စတဲ့ အပိုင်းတွေမှာ သိသိသာသာကြီး ကောင်းမွန်တယ်လို့ သိရပါတယ်။ Still Image တွေ ရိုက်ကူးရာမှာ iPhone X Camera က Exposure, HDR, Color Rendering စတာတွေမှာလည်း သူမတူအောင် ကောင်းမွန်သလို၊ Portrait Mode က Bokeh Effect ကလည်း တခြား Mobile Camera တွေနဲ့ ယှဉ်မယ်ဆိုရင် ပိုပြီးသဘာဝဆန်ပြီး Noise သိပ်မထတဲ့ အချိန်တွေမှာဆိုရင် Image Detail ပိုင်းမှာလည်း  ကောင်းမွန်တယ်လို့ သိရပါတယ်။

                ဗီဒီယို ရိုက်ကူးတဲ့ နေရာမှာတော့ iPhone X က Still Image မှာ ရရှိထားတဲ့ အမှတ်မျိုး မရရှိခဲ့ပါဘူး။ iPhone 8 Plus နဲ့အတူတူပဲ ၈၉ မှတ်ပဲ ရရှိခဲ့ပါတယ်။ Low Light မှာ iPhone X Camera နဲ့ ဗီဒီယို ရိုက်ကူးတဲ့အခါမှာ Autofocus နဲ့ Tracking ပိုင်းမှာ ကြောင်သွားတဲ့အတွက် ပြတ်သားမှုမရှိတော့တာမျိုး တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အလင်းကောင်းတဲ့ အခါမျိုး ဆိုရင်တော့ Autofocus နဲ့ Tracking ပိုင်းက ကောင်းကောင်းမွန်မွန် အလုပ်လုပ်မှာ ဖြစ်ပြီး Video Stabilization ကလည်း ကောင်းမွန်တယ်လို့ သိရပါတယ်။

                ဒီတော့ DxOMark ရဲ့ အဆုံးသတ် အမှတ်ပေးဇယားနဲ့ iPhone X Camera ရဲ့ ကောင်းတဲ့အချက်တွေနဲ့ မကောင်းတဲ့အချက်တွေကို ကြည့်လိုက်ရအောင် …


Still Image

Pros

  • HDR Scenes တွေမှာ Exposure, Shadow, Highlight စတာတွေ ကောင်းမွန်မယ်
  • ဘယ်လို Lighting မျိုးမှာပဲဖြစ်ဖြစ် Color Rendering နဲ့ White Balance တွေ မှန်ကန်မယ်
  • Lighting ကောင်းရင် ကောင်းသလို Noise ထတာ နည်းမယ်၊ Detail ကောင်းမယ်
  • ဘယ်လို Lighting မျိုးမှာပဲဖြစ်ဖြစ် Zoom ဆွဲပြီးရိုက်တာတောင် Detail ကောင်းမယ်
  • Bokeh Effect က သဘာဝဆန်မယ်

Cons

  • Autofocus က တစ်ခါတစ်လေ အလုပ်လုပ်တာ နှေးမယ်
  • Flash ဖွင့်ပြီး ရိုက်ရတဲ့အခါမျိုးမှာ Underexposed ဖြစ်မယ်၊ Red-Eye တွေ ပေါ်လာမယ်
  • လှုပ်ရှားနေတဲ့ အရာတွေကို ရိုက်ကူးလို့ အဆင်မပြေဘူး
Video

Pros

  • Lighting ကောင်းရင် ကောင်းသလို Color Rendering နဲ့ White Balance တွေ မှန်ကန်မယ်
  • Lighting ပြောင်းလိုက်တဲ့ အခါမျိုးမှာတောင် Exposure ကောင်းမွန်မယ်
  • Autofocus ကောင်းမွန်မယ်
  • Stabilization ကောင်းမွန်မယ်
  • Detail ကောင်းမွန်မယ်

Cons

  • Low Light ရိုက်ကူးလို့ မကောင်းဘူး
  • လှုပ်လှုပ်ရှားရှား ရိုက်ကူးလို့ သိပ်အဆင်မပြေဘူး
  • Lightning မကောင်းရင် Sharpness နည်းသွားမယ်
References
9to5Mac DxOMark
About Author
Assinged Tags
iPhone Camera iPhone X iPhone 8 Plus Huawei Mate 10 Pro
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed