ဘေးဘောင်ပျောက်ဒီဇိုင်းနဲ့ ဖုန်း ၈ လုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တပြိုင်တည်းမိတ်ဆက်မယ့် Gionee

date_range 07 November 2017

ဘေးဘောင်ပျောက်ဒီဇိုင်းနဲ့ ဖုန်း ၈ လုံးကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တပြိုင်တည်းမိတ်ဆက်မယ့် Gionee

visibility 11940 Views

                Gionee ကတော့ ဖုန်းအသစ်တွေကိုဈေးကွက်ထဲကို မိတ်ဆက်ရာမှာ သူများတွေလို တစ်လုံးနှစ်လုံးပဲ မိတ်ဆက်မှာမဟုတ်ပဲ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖုန်း ရှစ်လုံးကို တခါတည်း မိတ်ဆက်မှာဖြစ်ပါတယ်။ ဒီမိတ်ဆက်ပွဲကိုတော့ တရုတ်ပြည်၊ Shenzhen မှာ ပြုလုပ်မှာဖြစ်ပြီး ဖိတ်စာကို Weibo မှာ တင်ပေးခဲ့ပါတယ်။


                ဒီဖိတ်စာမှာတော့ ဒီဇိုင်းမျိုးစုံနဲ့ ဖုန်းရှစ်လုံးကိုဖော်ပြထားပြီး အားလုံးဟာ screen အပြည့် ဘေးဘောင်ပျောက် Bezel-less Displays တွေနဲ့ဖြစ်ပါတယ်။ ဒီပွဲကို Shenzhen Satellite TV ကနေ တရုတ်ပြည်မှာ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့လဲ Gionee က အတည်ပြုပြောကြားထားပါသေးတယ်။

                ဖိတ်စာထဲမှာ ဘာမှမဖော်ပြထားပေမယ့် Andriod Headline website ကတော့ Bezel-less ဖုန်းတွေအနေနဲ့ Gionee F6, Gionee M2018, Gionee S11 and S11 Plus, နဲ့ Gionee M7 Plus တွေပါဝင်မှာဖြစ်တယ် လို့ဖော်ပြသွားပါတယ်။ ထွက်ရှိလာမယ့် ဖုန်းရှစ်လုံးထဲမှာတော့ Gionee M7 Plus နဲ့ M2018 တွေဟာ ဖုန်းနောက်ကျောဘက်မှာ သားရေနဲ့ ဖုံးအုပ်ပေးထားပြီး RAM 6 GB l Internal Memory 64 GB တို့နဲ့ အဆင့်အမြင့်ဆုံး Models တွေအနေနဲ့ ထွက်ရှိလာဖွယ်ရှိပါတယ်။

                Gionee S11 ကတော့ ၆ လက်မ Full-HD+ Display၊ Octa-core MediaTek MT6763 Chipset (Helio P23) ၊ 5 MP Selfie Camera ၊ 16 MP နောက်ဖက် Camera တွေနဲ့အတူ ထွက်ပေါ်လာဖွယ်ရှိပါတယ်။ ကျန်တဲ့ဖုန်းတွေရဲ့ မော်ဒယ်နာမည်ကိုတော့ မသိရသေးပါဘူး။

                လက်တလောသိရှိထားသလောက်ကတော့ ဖုန်းအကုန်လုံးဟာ 18:9 Aspect Ratio Screen၊ ပါးလွှာတဲ့ဘောင်တွေနဲ့ ဖြစ်ပြီး၊ Android Nougat ပေါ်မှာ အခြေခံထားတဲ့ Gionee ရဲ့ Amigo OS Skin နဲ့ ထွက်လာမှာဖြစ်ပါတယ်။ ဒီအတောအတွင်းမှာလည်း အခုဖုန်းအသစ်တွေရဲ့ အသေးစိတ်အချက်အလက်တွေလည်း ဆက်လက် ထွက်ပေါ်လာနိုင်သေးတာကြောင့် ဘယ်လိုထူးခြားမှုတွေ ပါလာမလဲ ဆက်လက်စောင့်ကြည့်ရမှာပါ။ ဒီဖုန်းအသစ်တွေထဲက အချို့ကို အိန္ဒိယနိုင်ငံ မှာလည်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့လည်း ကြားရပါသေးတယ်။

                အခုအချိန်မှာ 18:9 Aspect Ratio Bezel-less Display တွေ  တော်တော်ခေတ်စားလာတာကို တွေ့ရပြီး၊ Apps တော်တော်များများကလည်း Support လုပ်နေပြီဆိုတော့  18:9 Aspect Ratio နဲ့ ဖုန်းတွေကို စျေးကွက်ထဲမှာ ပိုမိုမြင်တွေ့လာရဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

                Gionee ဟာ Bezel-less ဖုန်းဈေးကွက်ထဲကို FullView AMOLED Display Panels တွေပါဝင်တဲ့ M7 နဲ့ M7 Power တွေနဲ့ အတူစက်တင်ဘာလအတွင်းက စတင်ဝင်ရောက်လာခဲ့တာပါ။ ဒီဖုန်းတွေမှာတော့ Android Nougat ပေါ်မှာအခြေခံထားတဲ့ Amigo OS 5.0 ကိုအသုံးပြုထားခဲ့ပါတယ်။ 

This Article is Contributed by YLin
References
Gadgets 360
About Author
Assinged Tags
Gionee Bezel-Less Smartphones Bezel-Less Display Gionee S11 Gionee S11 Plus Gionee F6 Gionee M2018 Gionee M7 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed