HTC Vive အတွက် VR Keyboard Kit တစ်ခုကို Logitech ထုတ်လုပ်

date_range 07 November 2017

HTC Vive အတွက် VR Keyboard Kit တစ်ခုကို Logitech ထုတ်လုပ်

visibility 580 Views

                လက်ရှိမှာ Keyboard ၊ Mouse နဲ့ Headset အစရှိတဲ့ Computer Accessories တွေကို ထုတ်လုပ်နေတဲ့ Logitech ကုမ္ပဏီကနေ အခုအချိန်မှာ VR Headset ဖြစ်တဲ့ HTC Vive ကို အသုံးပြုနေတဲ့အချိန်မှာ Keyboard ကို အသုံးပြုနိုင်အောင် VR Keyboard Kit ကို ထုတ်လုပ်လိုက်ပါတယ်။ 

                အဆိုပါ VR Keyboard Kit ကို Logitech Bridge လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး လောလောဆယ် HTC Vive VR Headset နဲ့ပဲ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ Bridge System ကဘယ်လိုအလုပ်လုပ်သလဲဆိုရင် သာမန် Logitech Keyboard တစ်ခုမှာ Vive Tracking Disk လို့ခေါ်တဲ့ Motion Tracker တစ်ခုကို တပ်ဆင်လိုက်ပြီး Logitech Bridge Software ကနေ 3D Virtual Keyboard Model တစ်ခုအနေနဲ့ ပြောင်းလဲပေးသွားမှာဖြစ်ကာ၊ အပြင်မှာ လက်ထားထားတဲ့ပုံစံအတိုင်းကို VR Headset ထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ 

                    VR ဟာ လက်ရှိအချိန်မှာ Motion Control နဲ့ Gaming Controller တွေနဲ့ပဲ အသုံးပြုမှုများပြားသေးတာဖြစ်ပြီးတော့ Keyboard တွေအတွက်ကတော့ Application နည်းနေပါသေးတယ်။ အဲ့ဒီအတွက် ယခု Logitech ရဲ့ Concept က အောင်မြင်နိုင်တယ်လို့ ပြောလို့ရပြီး Logitech ကတော့ Developers တွေကနေ VR Headset ထဲမှာ မြင်နေရတဲ့ Keyboard Layout ကို ပြောင်းပစ်တာ၊ Hotkeys, Shortcut Keysတွေကို ကိုယ်နှစ်သက်သလိုအသုံးပြုတာ၊ ဆော့ကစားနေတဲ့ ဂိမ်းနဲ့ လိုက်ဖက်ညီတဲ့ Theme ကိုပြောင်းတာ စတဲ့ Customization တွေအမြောက်အများပြုလုပ်သွားဦးမှာဖြစ်တယ်လို့သိရပါတယ်။ ယခုအချိန်မှာတော့ HTC Vive Steam VR Software မှာရှိတဲ့ ဂိမ်းတွေနဲ့ Applications တွေအကုန်လုံးနဲ့ တွဲဖက်အလုပ်လုပ်နိုင်မှာပါ။ 

                    အဆိုပါ VR Keyboard Kit ကို Developer အယောက် ၅၀ ဆီကို စမ်းသပ်ပြီး Develop ပြုလုပ်နိုင်အောင် Logitech ကပေးပို့ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ တစ်ခုအခက်အခဲရှိနေတာကတော့ ဈေးနှုန်းပဲဖြစ်ပြီး ယခု Prototype System က ဒေါ်လာ ၁၅၀ ကျသင့်မှာဖြစ်တဲ့အပြင်၊ အဆိုပါ ဈေးနှုန်းမှာ ၉၉ ဒေါ်လာတန် Tracker Disk မပါဝင်သလို ၅၉၉ ဒေါ်လာတန် HTC Vive VR Headset ကလည်း လိုဦးမှာဖြစ်တဲ့အတွက် ဈေးနှုန်းအနေနဲ့ မြင့်မားနေပါသေးတယ်။



References
The Verge
About Author
Assinged Tags
Virtual Reality Virtual Reality Logitech VR Keyboard Logitech Bridge
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed