Anime series တွေဖြစ်တဲ့ Accel World နဲ့ Sword Art Online တို့ရဲ့ crossover Game တစ်ခု ထွက်ရှိလာမည်

date_range 09 March 2017

Anime series တွေဖြစ်တဲ့ Accel World နဲ့ Sword Art Online တို့ရဲ့ crossover Game တစ်ခု ထွက်ရှိလာမည်

visibility Views

                သိပ်မကြာသေးခင်က Bandai Namco ဟာ Reki Kawahara ရဲ့ anime series ၂ခုဖြစ်တဲ့ Accel World vs Sword Art Online cross-over rpg game တစ်ခုဟာ Playstation 4 နဲ့ Playstation Vita အတွက်လာမယ့်နွေရာသီမှာထွက်ရှိလာမယ်လို့ကြေငြာခဲ့ပါတယ်။

                Accel World vs Sword Art Online(S.A.O) ရဲ့  Story ဟာဆိုရင် Accel World နဲ့ S.A.O ရဲ့ Virtual reality gaming world တို့ဟာပေါင်းစည်းသွားပြီး S.A.O season 2 ထဲက game တစ်ခုဖြစ်တဲ့ Alfheim online game ထဲက character တွေဖြစ်တဲ့ Online Player တွေနဲ့ Accel World ထဲက Bust Linker  တို့နဲ့ပေါင်းစည်းပြီး Seven Kings Of True Colour လို့ခေါ်တဲ့ Villain အဖွဲ့ ကိုရင်ဆိုင်ရမှာပါ။

                ကစားသူအနေနဲ့ကတော့ anime series  ၂ခုလုံးထဲကကိုယ်နှစ်သက်တဲ့ character ကိုရွေးခြယ်ပြီး Character ၃ယောက်ပါရှိမယ့် Party တစ်ခုနဲ့ကစားရမှာပါ။သူငယ်ချင်း ၃ ယောက်အတူကစားနိုင်မယ့် Multiplayer Online Mode လဲပါဝင်မှာဖြစ်ပါတယ်။

                Anime Series ၂ခုဖြစ်တဲ့ S.A.O နဲ့ Accel World ကိုပေါင်းစည်းပေးမယ့် Accel World vs Sword Art Online ကို ဒီလ ၁၆ ရက်နေ့မှာပဲထွက်ရှိလာမယ်လို့ကြေငြာထားပါတယ်။

References
TechX Gaming
About Author
Assinged Tags
Xbox 360 PlayStation Playstation 4 Xbox One Vita Virtual Reality
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed