Selfie အသားပေး Redmi Y စီးရီးမော်ဒယ်အသစ်ဖြစ်တဲ့ Redmi Y1 နဲ့ Y1 Lite တို့ကို Xiaomi မိတ်ဆက်

date_range 04 November 2017

Selfie အသားပေး Redmi Y စီးရီးမော်ဒယ်အသစ်ဖြစ်တဲ့ Redmi Y1 နဲ့ Y1 Lite တို့ကို Xiaomi မိတ်ဆက်

visibility 22460 Views

                Social Media နဲ့အတူ Selfie ရိုက်ကူးမှုတွေ တွင်ကျယ်လာတာနဲ့အညီ စမတ်ဖုန်းတွေလည်း Selfie အတွက် Front Cameara ကို အသားပေးထုတ်လုပ်ထားတဲ့ စမတ်ဖုန်းမော်ဒယ်တွေကို အပြိုင်မိတ်ဆက်လာကြတာ တွေ့ရပါတယ်။ အခုဆို ဒီကုမ္ပဏီတွေထဲမှာ Xiaomi လည်း ပါဝင်လာပြီလို့ ဆိုရမှာပါ။

                တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ နိုဝင်ဘာ (၂) ရက်နေ့က နယူးဒေလီမှာ ပြုလုပ်သွားတဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ Redmi Y စီးရီးအသစ်ဖြစ်တဲ့ Redmi Y1 နဲ့ Y1 Lite တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါကြောင့် Xiaomi ရဲ့ Budget Line-up တစ်ခုဖြစ်တဲ့ Redmi စီးရီးမှာ  Redmi 3,4, Redmi Note 3,4 စတဲ့ မော်ဒယ်အပြင် Y နဲ့ စတဲ့ မော်ဒယ်တွေကိုလည်း ရွေးချယ်ဝယ်ယူလာနိုင်တော့မှာ ဖြစ်ပါတယ်။

                Redmi Y စီးရီးရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Redmi Y1 ဟာ 16-megapixel Front Camera, LED Selfie Flash တို့နဲ့ Seflie အသားပေးထုတ်လုပ်ထားတဲ့ တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရတော့ LED Selfie-light ဟာ သဘာဝအလင်းရောင် Effects တွေကို တုပထုတ်ပေးနိုင်ပြီး၊ ပိုမိုကြည်လင်တောက်ပတဲ့ Selfie ပုံတွေ ရိုက်နိုင်မယ်လို့ ဆိုပါတယ်။ ဘယ်လောက်ထူးခြားသွားလဲဆိုတာကတော့ လက်ထဲရောက်မှပဲ သိရမှာပါ။


                Redmi Y1 မှာ MIUI 9 ကို Beta ဗားရှင်း တပါတည်းပါရှိလာမှာဖြစ်ပြီး၊ ဒီနိုဝင်ဘာလ အလယ်လောက်မှာ Stable Update ရမယ်လို့တော့ ကုမ္ပဏီက ပြောထားပါတယ်။ Redmi Y1 ရဲ့ Specifications အကျဉ်းချုပ်ကတော့ 5.5-inch HD Display ၊ Corning Gorilla Glass ( version နံပါတ်မပြောထား၊) Snapdragon 435 SoC တို့ ပါဝင်မှာဖြစ်ပြီး၊ 3GB (or) 4GB RAM, 32GB or 64GB Internal Storage ဆိုပြီး Options ရွေးချယ်နိုင်မှာပါ။ SIM Slot က microSD ကတ်ကော SIM ကတ်နှစ်ကတ်ပါ တပြိုင်တည်းသုံးနိုင်တဲ့ Triple SIM Slot ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ 3GB မော်ဒယ်ကို ရူပီး ၈၉၉၉ ( မြန်မာငွေ ၁ သိန်း ၉ သောင်းခန့်) ကျသင့်မှာဖြစ်ပြီး၊ 4GB မော်ဒယ်ကတော့ ရူပီး ၁၀,၉၉၉ ( မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) ကျသင့်မှာပါ။


                Redmi Y1 နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Redmi Y1 Lite ကတော့ Snapdragon 425 SoC ၊ 2GB RAM နဲ့ 16 GB Internal Storage တို့နဲ့ လာမှာဖြစ်ပြီး၊ စျေးနှုန်းကတော့ ရူပီ ၆.၉၉၉ ဆိုတော့ မြန်မာငွေ တစ်သိန်းခွဲလောက် ရှိပါလိမ့်မယ်။ Y1 Lite မှာတော့ Front Camera က 5-megapixel Sensor ပဲ ဖြစ်သွားပါတယ်။ Y1 မှာ Fingerprint Sensor ပါဝင်ပေမယ့် Redmi Y1 Lite ကတော့ Fingerprint Sensor ပါဝင်မှာ မဟုတ်ပါဘူး။


                Redmi Y1 ရဲ့ Specifications ကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။ Y1 Lite ရဲ့ Specifications ကိုတော့ ဒီမှာ ကြည့်ရှုပေးပါ။

                Redmi Y1 နဲ့ Y1 Lite တို့ ဘာတွေကွာသွားသလဲဆိုတာကိုတော့ ယခုနေရာကနေ Compare လုပ်နိုင်ပါတယ်။
 

References
Android Authority Gadgets NDTV
About Author
Assinged Tags
Xiaomi Smartphones Redmi Y1 Redmi Y1 Lite
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed