အမေရိကန်သမ္မတ Donald Trump ရဲ့ အကောင့်ကို ဖျက်ပစ်ခဲ့တဲ့ Twitter က ဝန်ထမ်း

date_range 03 November 2017

အမေရိကန်သမ္မတ Donald Trump ရဲ့ အကောင့်ကို ဖျက်ပစ်ခဲ့တဲ့ Twitter က ဝန်ထမ်း

visibility 3140 Views

                မြန်မာစံတော်ချိန် ဒီနေ့မနက် ၅ နာခွဲ (7PM ET) မတိုင်ခင် အမေရိကန်သမ္မတ Donald Trump ကိုယ်တိုင် အသုံးပြုနေတဲ့ Twitter အကောင့်ကို Twitter က အမည်မသိ ဝန်ထမ်းတစ်ယောက်က ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။


                အကောင့်ကို ဖျက်ပစ်ခဲ့တဲ့ ဆိုပေမယ့် ၁၁ မိနစ်လောက်ပဲ ပျက်သွားတာလို့ သိရပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ Twitter က တာဝန်ရှိသူတွေက ထုတ်ဖော်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ Twitter ရဲ့ Government and Elections Team က ထုတ်ပြန်ထားတဲ့ Tweets တွေအရတော့ ဝန်ထမ်းတစ်ယောက်ရဲ့ မတော်တဆအမှားလို့ သိရပါတယ်။

                ပြုလုပ်ခဲ့သူ အလုပ်သမားရဲ့ နာမည်ကိုတော့ အတိအကျ မသိရပါဘူး။ အတိအကျ သိရတာတစ်ခုကတော့ အခုလိုလုပ်ခဲ့တဲ့ အလုပ်သမားက Twitter ရဲ့ အလုပ်ထွက်ခါနီး Customer Support ဝန်ထမ်း တစ်ယောက်ပါတဲ့။ နောက်ပြီး အခုလိုပြုလုပ်ခဲ့တာကလည်း နောက်ဆုံး အလုပ်လုပ်ရမယ့် နေ့မှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

                ဒီဝန်ထမ်းအနေနဲ့ Twitter ကိုတင်းလို့ပဲ ဆေးထိုးတာလား၊ သမ္မတကိုပဲ မကျေနပ်လို့ ၁၁ မိနစ်စာလောက် နားအေးလည်း ပြီးတာပဲဆိုပြီး လုပ်ခဲ့တာလားတော့ မသိပါဘူး။ ဒါပေမယ့် The Verge ကတော့

                “ဒီအချိန်လေး အတွင်းမှာတော့ သမ္မတအနေနဲ့ တစ်ဖက်လူကို စော်ကားတာတွေ၊ အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အမှားတွေ၊ ကြွားဝါထားတဲ့ Tweet တွေတော့ တင်လို့မရတော့ဘူးပေါ့”

လို့ သရော်ထားပါတယ်။

                တစ်ဖက်မှာလည်း Cyber Security ကျွမ်းကျင်သူတွေ အနေနဲ့ Trump ဟာ သာမာန် Android ဖုန်းလေးတစ်လုံးနဲ့ Twitter သုံးနေတာ ဖြစ်တဲ့အတွက် အခုကိစ္စက Hack အလုပ်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ တစ်ချို့ကတော့ Hack အလုပ်ခံရတာ မဟုတ်ပဲ Twitter ရဲ့ အားနည်းချက်ကြောင့်လို့ ဆိုကြပါတယ်။

                တွေးကြည့်မယ်ဆိုရင် Twitter အနေနဲ့ Customer Support ဝန်ထမ်းတစ်ယောက်ကိုတောင် ဒီလိုမျိုး အကောင့်တစ်ခုလုံးကို ဖျက်ပစ်နိုင်တဲ့ Permission ပေးထားတာလားလို့ ထင်ချင်စရာပါ။ Customer Support ဝန်ထမ်းကတောင် ဒီလိုမျိုးလုပ်နိုင်တယ်ဆိုတာ ဘာလို့လဲလို့ Twitter ကို မေးခွန်း ထုတ်ချင်စရာပါ။ Twitter အနေနဲ့ ဝန်ထမ်းတိုင်းကို အခုလိုမျိုး Permission မပေးထားသင့်ဘူးလို့တော့ ထင်ပါတယ်။

                ဒါပေမယ့်လည်း Twitter က တာဝန်ရှိသူတွေ အနေနဲ့ အခုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။

                သမ္မတ ဖြစ်လာတဲ့ အချိန်ကစပြီး Donald Trump ရဲ့ Tweet တွေဟာ မသင့်လျော်ဘူး၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေတာကြောင့် သူ့ရဲ့ Tweet တွေကို Ban ပေးဖို့အတွက် Twitter က တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် Twitter က တာဝန်ရှိသူတွေကတော့ “Trump ရဲ့ Twitter အကောင့်ကို အဲ့လိုမျိုး လုပ်မယ်ဆိုရင် တခြားသူတွေရဲ့ အကောင့်ကိုလည်း အဲ့လိုလုပ်မှ ရမယ်” လို့ ငြင်းဆန်ခဲ့ဖူးပါတယ်။

                တောင်းဆိုတဲ့သူတွေရဲ့ ဆန္ဒတွေ ၁၁ မိနစ်စာလောက် ပြည့်ဝသွားတယ်လို့ ဆိုရမလား မသိပါဘူး။ သရော်ထားတဲ့ Tweet တွေ တစ်ပုံကြီး တက်လာခဲ့ပါတယ်။

References
The Verge
About Author
Assinged Tags
Cyber Security Twiitter
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed